Wednesday, January 28, 2026

လွတ်လပ်ပြီး တရားမျှတမှုရှိ၊မရှိ ဖော်ပြနေတဲ့ ၂၀၂၀ ရွေးကောက်ပွဲ

နိုဝင်ဘာ ၈ရက်မှာကျင်းပမယ့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတိုင်း အဓိက တိုင်းရင်းသား နယ်မြေတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာတော့မယ် ဆိုတဲ့ မျှော်လင့်ချက် ကိုယ်စီရှိကြပါတယ်။

Editorial

ဒါပေမယ့် ရွေးကောက်ပွဲကျင်းပခါနီး လပိုင်းအလိုမှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ ထိုးတက်လာ သလို သျှမ်းပြည်နဲ့ ရခိုင်ပြည် တွေမှာ စစ်မီးတွေ တရှိန်ထိုး ဖြစ်ပွားလာပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်တဲ့ ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ပြီး Lockdownတွေချကာ မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးခွင့်မရခဲ့ပါဘူး။

သျှမ်းပြည်တဝှမ်းမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမမြင့်တက်မှုသော်လည်း အောက်တိုဘာ ၂ရက်မှ စတင်ပြီး အောက်တိုဘာ ၁၃ ရက် ထိ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်းမှာ အစိုးရတပ်မတော်နဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) တို့ကြားတိုက်ပွဲကြောင့် စစ်ရှောင် ၃၅၀၀ ကျော် ထွက်ပေါ်လာခဲ့ပါတယ်။

သျှမ်းပြည်ကျောက်မဲမြို့နယ် မှ အပ တခြားမြို့နယ် မှာတော့ စစ်ရေးပြဿနာ မရှိသကဲ့သို့ တခြား ပြဿနာ တစုံတရာမရှိပဲ ရွေးကောက်ပွဲ ကျင်းပခွင့်မရကြောင်းကို အောက်တိုဘာ ၁၆ရက် မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရုတ်တရက်ကြေညာခဲ့ပါတယ်။

တိုက်ပွဲမရှိဘဲ တိုင်းရင်းသား ပါတီ အထူးသဖြင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အားကောင်းပြီး အောင်နိုင်ချေများတဲ့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တမြို့နယ်လုံး ရွေးကောက်ပွဲကျင်းပခွင့်မရမှုဟာ အံ့သြစရာကောင်းတဲ့ဖြစ်ရပ်တခုဖြစ်လာပါတယ်။

ဒါ့အပြင် လက်ရှိ တိုက်ပွဲတင်းမာမှုဖြစ်ပွား စစ်ရှောင် ၃၅၀၀ကျော် ရှိတဲ့ ကျောက်မဲမြို့နယ် မှာတော့ ကျေးရွာအုပ်စု ၁၂အုပ်စု ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့ပါဘူး။

သျှမ်းပြည်တွင် ကျောက်မဲမြို့နယ်မှ လွှဲပြီး စစ်ရေး ပြဿနာနဲ့ တခြား ပြဿနာမရှိဘဲ တိုင်းရင်းသားတွေ အောင်နိုင်ရန်သေချာတဲ့ နေရာတွေ ရွေးကောက်ပွဲမကျင်းပနိုင်တာ စဉ်းစားစရာဖြစ်လာပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် နိုဝင်ဘာ ၈ရက်၂၀၂၀မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ လွတ်လပ်ပြီးတရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ သာဖြစ်လာပါလိမ့်မယ် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

0
လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။ ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် "ဝ" အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀...

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့

0
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။ နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ...

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို အမြန်ကျင်းပရန် တပ်မှ ညှိနှိုင်းနေဟုဆို

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကို ညှိနှိုင်း နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၂ ရက် ယမန်နေ့က ထုတ်ပြန်သောအဆိုပါကြေငြာချက်တွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်ရန် ပယ်ဖျက်ခံထားရသည့်နေရာများတွင်...

၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ နိုင်ငံရေးအသိုင်းအဝိုင်းပြော

0
နိုဝင်ဘာ (၈)ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊တရားမျှတမှု မရှိကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။ သျှမ်းပြည်တဝှမ်း နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး စစ်ရေး နှင့် ကိုဗစ်စိန်ခေါ်မှုများကြားမှ ကျင်းပပြီးစီးခဲ့သော်လည်း လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ...