သီပေါမြို့နယ် အတွင်း သျှမ်းတပ်(၂)တပ် ထိတွေ့မှု တိုက်ပွဲဖြစ်
သျှမ်းမြောက် သီပေါမြို့နယ် အတွင်း ယနေ့(ဒီဇင်ဘာ ၅)ရက် မနက်ပိုင်း သျှမ်းတပ် ၂တပ် ထိတွေ့မှု တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သီပေါမြို့နယ် အတွင်း ယနေ့ မနက်ပိုင်း ၇နာရီခွဲမှ ၈နာရီအထိ သျှမ်းပြည်တပ်မတော် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ...
သျှမ်းပြည်သား ရပိုင်ခွင့်ကို အလေးနက်ထားသည့် အစိုးရမျိုးဖြစ်သင့် ဟု SNLD ပြော
SHAN -
သျှမ်းပြည် အစိုးရအဖွဲ့သစ်အနေဖြင့် သျှမ်းပြည်သားများ၏ ရပိုင်ခွင့်ကို အလေးအနက်ထားသည့် အစိုးရမျိုးဖြစ်သင့်ကြောင်း ရှမ်းတိုင်းရင်းသာများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ အထွေထွေ အတွေင်းရေးမှူးက ပြောဆိုလိုက်သည်။ နောင်တက်လာမည့် သျှမ်းပြည်အစိုးရသည် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ရှိသည့် အစိုးရမျိုးဖြစ်စေချင်ကြောင်း၊ သျှမ်းပြည် လူထုကို အဓိက အာရုံထားသည့် အစိုးရမျိုးဖြစ်သင့်ကြောင်း...
SHAN -
သီပေါမြို့နယ် မှာ ကြီးမားတဲ့ပြဿနာ ဖြစ်တဲ့ အထက်ရဲရွာစီမံကိန်း ရှိပြီး၊ ထိုရေကာတာ စတင်လည်ပတ်ပါက သီပေါမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းများစွာ ရေအောက်ရောက်သွားနိုင်ပါတယ်။ ထိုကိစ္စရပ်တွေကို သျှမ်းပြည် ဒုတိယအကြိမ်မြောက် လွှတ်တော် သက်တမ်းကာလ အတွင်း အဆိုမကြာခဏ တင်သွင်းခဲ့ပေမယ့် ပြည်နယ်လွှတ်တော်တွင် အရေးတယူမလုပ်ဆောင်ခဲ့ဘဲ နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်တဲ့အတွက် ပြည်ထောင်စု အဆင့်...
တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်သဖြင့် မိုးကုတ်မြို့ပေါ် စစ်ရှောင် (၁၀၀၀)ကျော်ရောက်ရှိ
မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်(၁၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင် လာကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့်နိုဝင်ဘာ(၂၄)ရက်တွင် မိုးကုတ်မြို့နယ် အတွင်း တအာင်း(ပလောင်)တပ်မတော် TNLA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စတင်ပြီး၊ ထိုတိုက်ပွဲဖြစ်ပွားသည့်ဒေသအနီးရှိ ဒေသခံ(၁၀၀၀)ကျော် မိုးကုတ်မြို့ပေါ်သို့ထွက်ပြး လာကြခြင်းဖြစ်ကြောင်း မန္တလေးတိုင်း လီဆူ စာပေနှင့် ယဉ်ကျေးမှု...
NLD က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အနိုင်ရသော်လည်း ဥက္ကဌနေရာရရန် မသေချာ
ရွေးကောက်ပွဲတွင် သျှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ NLD က ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားသော်လည်း အမြင့်ဆုံးအာဏာပိုင်ဖြစ်သည့် ဥက္ကဌနေရာရရန် မသေချာကြောင်း ၎င်းပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးကပြောသည်။ အဆိုပါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဥက္ကဌနှင့် ဒေသဦးစီးအဖွဲ့ကို ရွေးချယ်ရာတွင် ပြည်သူ့မှရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအပြင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်နေသည့်အတွက် ထိုသို့ခက်ခဲနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရွေးကောက်ခံ...
မိုးကုတ်တွင် TNLA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်၊ ဒေသခံတချို့စစ်ရှောင်နေရ
မိုးကုတ်မြို့နယ် အတွင်း တအာင်း(ပလောင်) တပ်မတော် TNLA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတချို့ မြို့ပေါ်သို့ ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာ ၂၄ ရက် ယမန်နေ့ည ၈နာရီဝန်းကျင်က မိုးကုတ်မြို့ ကျောက်ဝါကျေးရွာအနီးတွင် TNLA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံတချို့ မိုးကုတ်မြို့ပေါ်ရှိနီးစပ်ရာ...
၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့
SHAN -
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။ နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ...
ပညာရေးပိုင်းကိုမြှင့်တင်ချင်တဲ့ မိုင်းရယ်လူငယ်လွှတ်တော်ကိုယ်စားလှယ်
SHAN -
သျှမ်းပြည်လွှတ်တော်ထဲကို ပထမဆုံးအနေဖြင့် ဝင်ရောက်ပြီး လူငယ်အရေး နှင့် ပညာရေးကို မြှင့်တင်ချင်တဲ့ သျှမ်းလူငယ်တဦး ပေါ်ထွက်လာခဲ့ပါတယ်။ ထိုသူကတော့ ၂၀၂အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ မိုင်းရယ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ်(၁ ) တွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည့် စိုင်းဆေအွမ်မိန်း ဖြစ်ပါတယ်။ ဟာ ပထမဆုံးအကြိမ် လွှတ်တော်ထဲဝင်မယ့်...
ကျောက်မဲခရိုင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ပစ်သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ယနေ့ နိုဝင်ဘာ ၂၁ ရက် ည ၆နာရီဝန်းကျင် တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ က လာရောက်ပစ်သတ်သွားကြောင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင်က ဦးထိုက်ဇော်သည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု၊...
တိုင်းရင်းသားပါတီတစ်ခုအနေဖြင့် တောက်ချခံရမည်ကိုစိုးရိမ်ဟု အင်းအမျိုးသားအဖွဲ့ချုပ်ပါတီပြော
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ဒေသတွင်း လက်တွဲပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားပါတီတစ်ခုအနေနှင့် စိုးရိမ်မှုများရှိနေကြောင်း အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ အင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်တင်တင်ရီ ကပြောသည်။ “တကယ်တမ်းပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့က ကြောက်တော့ကြောက်တယ်။ ဘာကိုကြောက်လဲဆိုရင် အတောက်ချခံရမှာကို ကြောက်တယ်။ ဒါပေမဲ့ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်မတို့ပါတီကသေချာ အစည်းဝေးထိုင်ပြီးတော့မှပဲ...






