Tuesday, January 27, 2026

ပညာရေးပိုင်းကိုမြှင့်တင်ချင်တဲ့ မိုင်းရယ်လူငယ်လွှတ်တော်ကိုယ်စားလှယ်

သျှမ်းပြည်လွှတ်တော်ထဲကို ပထမဆုံးအနေဖြင့် ဝင်ရောက်ပြီး လူငယ်အရေး နှင့် ပညာရေးကို မြှင့်တင်ချင်တဲ့ သျှမ်းလူငယ်တဦး ပေါ်ထွက်လာခဲ့ပါတယ်။

ထိုသူကတော့ ၂၀၂အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ မိုင်းရယ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ်(၁ ) တွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည့် စိုင်းဆေအွမ်မိန်း ဖြစ်ပါတယ်။

ဟာ ပထမဆုံးအကြိမ် လွှတ်တော်ထဲဝင်မယ့် လူငယ်တစ်ဦးဖြစ်ပြီး လူငယ်ဖြစ်တဲ့ အလျောက် လူငယ်အရေး ကဏ္ဍာနဲ့ ပညာရေး ကိစ္စတွေကို ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လှိုင်းက ဆက်သွယ်မေးမြန်ထားပါတယ်။

မေး။ ။ လူငယ်တယောက် အနေနဲ့ လွှတ်တော် အခင်းအကျင်းထဲကို ပထမဆုံး ဝင်ပြီးဆောင်ရွက် ရတော့မယ်ဆိုတော့ စိုင်းဆေအွမ်မိန်း ရဲ့ စိတ်ခံစားချက်လေး ပြောပြပေးပါဦး။

ဖြေ။ ။ လူငယ်တစ်ယောက်အနေနဲ့ ဒီလွှတ်တော်ထဲမှာ ပထမဆုံးအကြိမ်အနေနဲ့ ဝင်ရောက်ရမယ် ဆိုကတည်းက အတိုင်းမသိတော့ဝမ်းသာပါတယ်။

ပြီးတော့ ပြည်သူလူထုကလည်း ကျနော်ကို ထောက်ခံ မဲအပြတ်သတ်ပေး၊ ထောက်ခံပြီးတော့ အောင်နိုင်ခဲ့တဲ့အတွက် ကျနော် အနေနဲ့ ရှေ့ဆက်ဖို့ အင်အားအများကြီးအထောက်ကူဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ လွှတ်တော် သက်တမ်းကလည်း ၂ဆက် (၁၀)နှစ်ရှိလာပြီဆိုတော့ အရင်လွှတ်တော် အခင်းအကျင်းကို ဘယ်လို မြင်လဲ။ အားရကျေနပ်မှုရှိလား။

ဖြေ။ ။ ဒုတိယလွှတ်တော်သက်တမ်း ကိုပြန်သုံးသပ်ကြည်မယ်ဆိုရင်တော့ အားရကျေနပ်မှုမရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြောင်းလဲမှု တွေ ကသိသိသာသာ သိပ်မတွေ့ရဘူး။

ပြီးတော့ အထူးသဖြင့်တော့ ငြိမ်းချမ်းရေကိစ္စရပ်တွေကော၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့နေရာမှာရော အရမ်းအားနည်းနေသေးတယ်။ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စ ဆိုရင်လည်း လွှတ်တော်တွင်းမှာက တွန်းတွန်းတိုက်တိုက်ကြီးလုပ်တဲ့ဟာ အနေထားမျိုးလဲမတွေ့ရဘူး။

လွှတ်တော်ပြင်ပမှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးနေတာဆိုရင်လည်း အခုချိန်ထိ တချို့ဟာတွေ သဘောတူညီချက်ရှိပေ့မယ့်လည်း အကောင်ထည်မှု ပိုင်းကတော့ အားနည်းနေတာတွေ့ရတယ်။ အဲကြောင့် ဒုတိယလွှတ်တော် သက်တမ်းလွှတ်တော်တွင်းက ငြိမ်းချမ်းရေးဖြစ်စဉ် မှာရော ၂၀၀၈ ဥပဒေပြင်ဆင်ပိုင်းမှာကော သိပ်အားရကျေနပ်မှုတော့ မရှိဘူး။

မေး။ ။ စိုင်းဆေအွမ်မိန်း က လွှတ်တော် ထဲဝင်ရတော့မယ်ဆိုတော့ လွှတ်တော်ထဲက အခင်းအကျင်း ကို ဘယ်လို ပုံစံမျိုးဖြစ်တာမြင်ချင်လဲ။ ဘယ်လို ပုံစံပြောင်းလဲချင်လဲ။
ဖြေ။ ။ ကျနော်ကတော့ ဒီလွှတ်တော်ထဲမှာ တိုင်းရင်းသားတွေပိုပြီးတော့ အားကောင်းတဲ့အနေထားကို မြင်တွေ့ချင်တယ်။ အားလုံးစုံစုံလင်လင် ကွဲကွဲပြားပြားနဲ့ အားလုံးစုပေါင်းခေါင်းဆောင်တယ်။ စုပေါင်းလုပ်ဆောင်တယ်ဆိုတဲ့ အခင်းကျင်းမျိုးတော့ ကျနော်ဖြစ်ချင်တယ်။

ဒါပေမယ့်လည်း ဒီလက်ရှိအခုရွေးကောက်ပွဲ ရလဒ်အရဆိုတော့ ပြည်ထောင်စုအဆင့် မှာဆိုရင်တော့ NLD ကတော့ အပြတ်သတ်နိုင်ထားတယ်။ ဒါကြောင့် သျှမ်းပြည်နယ်လွှတ်တော်တော့ အရင်တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အနိုင်ရရှိတဲ့ ပါတီကလည်း သူပါတီတစ်ခုတည်းနဲ့ လွှမ်းမိုး ချုပ်ကိုင်နိုင်မယ့် အနေထားမရှိဘူး။ အားလုံးကို ညှိနှိုင်းတိုင်ပင်ပြီးတော့ ပူးပေါင်းလုပ်ဆောင်ရမဲ့ အနေထား တွေ့ရတော့ဘယ်လိုလာမလဲဆိုတာတော့ စိတ်ဝင်တစားဖြစ်တာပေါ့။

မေး။ ။ စိုင်းဆေအွမ်မိန်း အနေနဲ့ပထမဆုံး အနေနဲ့ဘာတွေကို ပြုပြင်ပြောင်းလဲပြီး ၊ဘယ်အရာကို ဦးစားပေး ဆောင်ရွက်ချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့အောင်နိုင်ခဲ့တယ်ဆိုတာလဲ ပါတီရဲ့ အလံအောက်ကနေပြီးတော့ နိုင်ခဲ့တယ်။ SNLD ပါတီ ကနေ အနိင်ရရှိခဲ့တဲ့ အတွက် ပါတီကချမှတ်ထားတဲ့ နိုင်ငံရေး၊ ရည်မှန်းချက်တွေနဲ့ နိုင်ငံရေးမူဝါဒတွေကို အကောင်ထည်ဖော်ဖို့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ကတော့ အဓိကတာဝန်ဖြစ်တာပေါ့။ နောက်ပြီးတော့ ကျနော် လွှတ်တော်ထဲရောက်သွားရင် ပထမဆုံးလုပ်ဆောင်ချင်တဲ့ အရာကတော့ လူငယ်တစ်ယောက်ဖြစ်တဲ့ အတွက် လူငယ်ရေးရာ ကိစ္စရပ်တွေကို အလုပ်လုပ်ပေးချင်တယ်။

ကျနော်တို့လူငယ်တွေ အထူးသဖြင့် ကျနော်တို့ဒေသမှာဆိုရင် တချို့ လူငယ်တွေက လမ်းကြောင်းလွှဲပြီးတော့ မူးယစ်ဆေးဝါးစွဲတာတို့ တွေဖြစ်နေတယ်။ အဲဒါကြောင့် လူငယ်စွမ်းဆောင်ရေး၊ မြှင့်တင့်ရေး သင်တန်းတို့ လုပ်ချင်တယ်။ လူငယ်တွေနိင်ငံရေးမှာရော ပါဝင်လာအောင် ပြီးတော့ လူအသိုင်းအဝိုင်းထဲကို အကျိုးပြုအောင် အဲဒီလူငယ်တွေကို ပံ့ပိုးပေးချင်တယ်။

မေး။ ။ လွှတ်တော်ထဲမှာဆိုရင် နိုင်ငံရေး လုပ်သက်ကြီးတဲ့သူ၊ အသက်အရွယ်ကြီးတဲ့သူတော့ လူငယ်တယောက်အနေနဲ့ ဘယ်လိုညှိနှိုင်းပြီးဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ လူငယ်အနေနဲ့ ပထမဆုံး လုပ်ဆောင်ရမယ်ဆိုတော့ လူကြီးတွေနဲ့တွဲလုပ်ရမယ်ဆိုတော့ လုပ်ဆောင်တဲ့နေရာမှာတော့ ကျနော်မျှော်လင့်တာတော့ အားလုံးတဦးနဲ့ တဦး ပူးပေါင်းပါဝင်လုပ်ဆောင် နိုင်ပြီး၊ အပြန်အလှန်လေးစားမှု၊ အပြန်လှန်ယုံကြည်မှုတွေ ပုံစံမျိုးနဲ့ ဖြစ်စေချင်တယ်။

ဒါပေမယ့် စိန်ခေါ်မှုတော့အများကြီးရှိမှာပေါ့။ ဘာဖြစ်လို့လဲဆို ကျနော်တို့ လူငယ်တို့တွေ ဘာလုပ်နိုင်တယ် ဆိုတော့ ကိုယ့်အရည်အချင်းကိုသူတို့ သိအောင်တော့ လုပ်ရမှာပါ။ တကယ်လို့ ကျနော်တို့လုပ်နိုင်၊ ပြောနိုင်တယ် ဆိုကတည်းက သူတို့တွေကလက်ခံရမှာ။ အသိအမှတ်တော့ ပြုရမှာပေါ့။

မေး။ ။ စိုင်းဆေအွမ်မိန်း အနိုင်ရတဲ့ နယ်မြေ မှာ ပြည်သူ့စစ်တွေ၊ လက်နက်ကိုင် အာဏာရတဲ့ သူတွေလွှမ်းမိုးမှုများနေတဲ့နေရာဆိုတော့ စိုင်းဆေးအွမ်မိန်း အနေနဲ့ ပြည်သူတွေ ကို ဘယ်လို ကာကွယ်ပြီး ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့နယ်မှာတော့ ပြည်သူ့စစ်တွေဆို ၂ ဖွဲ့ရှိပါတယ်။ တဖွဲ့ကတော့ မိုင်းဟ ပြည်သူစစ်အဖွဲ့၊ နောက်တစ်ခုကတော့ မန်ပန် ပြည်သူ့စစ်အဖွဲ့ဆိုတာရှိပါတယ်။ ပြည်သူ့စစ ်အတွင်းမှာရှိတဲ့ ပြည်သူလူထုတွေက ကျနော်တို့ကို မကြာခဏ ဆက်သွယ်မှုတွေရှိပါတယ်။ ကျနော်တို့ အရင်ကသူတို့ကို ကူညီဆောင်ရွက်ပေးတဲ့ ဟာလဲရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျနော်မဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူလူထုတွေ ကျတော်တို့ မြို့နယ်မှာ ဘယ်သူမဆိုမတရားမှုတွေရှိလာရင်တော့ ကျနော်တို့က အတတ်နိုင်ဆုံးတော့ ကာကွယ်သွားဖို့တော့ရှိ ပါတယ်။

မေး။ ။ ဒီလို လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ လျော့ကျအောင်ရော လွှတ်တော်မှာ ဘယ်လိုတွေ ဆောင်ရွက်သွားဖို့ရှိလဲ။

ဖြေ။ ။ မတရားမှုတွေ၊ လူအခွင့်ရေးချိုးဖောက်မှုတွေ ရှိခဲ့မယ်ဆိုရင်တော့ ကျနော်အနေနဲ့ ဒီလွှတ်တော်ထဲက သက်ဆိုင်တဲ့အဖွဲ့ကို တိုင်ပင်ပြီးတော့ လုပ်ဆောင်သွားဖို့တော့ ရှိပါတယ်။ အထူးသဖြင့် မန့်ပန် ပြည်သူ့စစ်က အနိုင်ရတဲ့ကိုယ်စားလှယ်တဦး ကလည်း လွှတ်တော်ထဲဝင်လာတော့မယ်။

ကျနော်မဲ ဆန္ဒနယ်နဲ့ သူ မဲဆန္ဒနယ် က ထိစပ်နေတော့ ကျနော်မဲဆန္ဒနယ်မှာ ရှိတဲ့ လူအခွင့်ရေးချိုးဖောက်မှုတွေ ရှိခဲ့မယ်ဆိုရင် သက်ဆိုင်ရာပုဂ္ဂိုလ်တို့ကို ညှိနှိုင်းပြီးတော့ ပြောပြဖို့တော့ရှိပါတယ်။

မေး။ ။ မိုင်းရယ်က ပြည်သူတွေ လူငယ်တွေ အတွက်ရော ဘာတွေဆောင်ရွက်သွားဖို့ရှိလဲ။

ဖြေ။ ။ ပညာရေးပိုင်းကော၊ ပညာရေးကလည်း အရမ်းအရေးကြီးပါတယ်လို့မြင်ပါတယ်။ ပညာဆိုတာ လူတိုင်းအတွက် အရေးကြီးတယ်။ နိုင်ငံတစ်နိုင်ငံအတွက်လည်းအရေးကြီးတယ်။ နောက်အနာဂါတ်မှာ ကျနော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အခုလက်ရှိပညာရေး ပေါ်မူတည်နေတဲ့ အတွက်ကြောင့် ပညာရေးပိုင်းမှာလည်း လုပ်ဆောင်သွားချင်ပါတယ်။ ပြီးတော့ လူငယ်ရေးရာ ကိစ္စရပ်တွေလဲ လုပ်ဆောင်သွားချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ကျနော်မမေးလိုက်ရတဲ့ ဘာများထက်ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော် ပထမဆုံးအနိုင်ရရှိပြီးတော့ လူငယ်လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့အပေါ် ကျနော်ကို ယုံယုံကြည်ကြည်တာဝန်ပေးအပ်တဲ့ မဲဆန္ဒရှင် တွေကို ကော မဲမပေးခဲ့တဲ့ ပြည်သူတွေကိုကော ကျေးဇူးတင်ပါတယ်လို့ပဲပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...