တိုင်းရင်းသားပါတီတစ်ခုအနေဖြင့် တောက်ချခံရမည်ကိုစိုးရိမ်ဟု အင်းအမျိုးသားအဖွဲ့ချုပ်ပါတီပြော

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ဒေသတွင်း လက်တွဲပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားပါတီတစ်ခုအနေနှင့် စိုးရိမ်မှုများရှိနေကြောင်း အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ အင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်တင်တင်ရီ ကပြောသည်။

“တကယ်တမ်းပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့က ကြောက်တော့ကြောက်တယ်။ ဘာကိုကြောက်လဲဆိုရင် အတောက်ချခံရမှာကို ကြောက်တယ်။ ဒါပေမဲ့ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်မတို့ပါတီကသေချာ အစည်းဝေးထိုင်ပြီးတော့မှပဲ သေချာစဉ်းစားပြီးဆုံးဖြတ်ပြီးပဲ လုပ်မှာပါ။ သူတို့ပြောထားတဲ့စကားအရ တောက်ချမယ်လို့ ပြောထားတဲ့အတွက် ကျွန်မတို့ တိုင်းရင်းသားတစ်ယောက်အနေနဲ့ တိုင်းရင်းသားပါတီတစ်ခုအနေနဲ့ တော့ စိုးရိမ်သွားတာအမှန်ပဲ။ ကျွန်မတို့ပါတီ ရပ်တည်နေတာက အစိမ်းဖက်ကိုလည်း မပါပါဘူး။ အနီဘက်ကိုလည်း မပါပါဘူး” ဟု ဒေါ်တင်တင်ရီ ကပြောသည်။

အာဏာရပါတီနှင့် တိုင်းရင်းသားပါတီများပူးပေါင်း၍ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဆိုသည်မှာ အဆိုပါပါတီမှ မည်သို့ ကမ်းလှမ်းချက်မျိုးနှင့် မည်သို့သော စည်းဘောင်များ သတ်မှတ်လာမည်ကို မသိသဖြင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေနှင့် အစည်းအဝေးပြီးမှ ဆုံးဖြတ်နိုင်မည်ဟု ၎င်းကပြောသည်။

တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရန် NLD ၏ ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် လက်တွဲရန်ဝေခွဲမရဖြစ်နေပြီး စည်းဘောင်များ သတ်မှတ်လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ပါတီအဖြစ်ရပ်တည်ခဲ့သည်မှာ ၁၀ လခန့်သာရှိပြီး ယခုနှစ်ရွေးကောက်ပွဲတွင် အင်းလေးဒေသအတွင်း ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် အင်းတိုင်းရင်းသားရေးရာ လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရှုံးနှိမ့်ခဲ့ခြင်း ဖြစ်သည်။  

ယခုနှစ်ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသည့် ကိစ္စနှင့်ပတ်သက်၍ အင်းလေးဒေသ၊ မြေနီကုန်းရွာတွင် အငြင်းပွားစရာကိစ္စများရှိနေကြောင်း၊ အဆိုပါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားမျှတမှုရှိခြင်း/မရှိခြင်းနင့်ပတ်သက်၍ လက်ရှိအချိန်အထိ သေချာပြောနိုင်ခြင်းမရှိသဖြင့် UEC ၏ ထုတ်ပြန်ကြေငြာချက်အပေါ် အချိန်တစ်ခုထိစောင့်ကြည့်မည်ဖြစ်ကြောင်း ဒေါ်တင်တင်ရီက ဆက်လက်ပြောသည်။

အင်းလေးဒေသတွင် လူဦးရေ ၁၈၀၀၀၀ ကျော်ရှိပြီး အင်းတိုင်းရင်းသား လူမျိုး ၁၂၀၀၀၀ ကျော်နှင့် ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး အစရှိသည့် တိုင်းရင်းသားများ ခြောက်သောင်းကျော် နေထိုင်လျက်ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အင်းလေးဒေသတွင် အဓိကအားဖြင့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ အင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် NLD ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...