Wednesday, January 28, 2026

NLD က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အနိုင်ရသော်လည်း ဥက္ကဌနေရာရရန် မသေချာ

ရွေးကောက်ပွဲတွင် သျှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ NLD က ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားသော်လည်း အမြင့်ဆုံးအာဏာပိုင်ဖြစ်သည့် ဥက္ကဌနေရာရရန် မသေချာကြောင်း ၎င်းပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးကပြောသည်။

အဆိုပါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဥက္ကဌနှင့် ဒေသဦးစီးအဖွဲ့ကို ရွေးချယ်ရာတွင် ပြည်သူ့မှရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအပြင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်နေသည့်အတွက် ထိုသို့ခက်ခဲနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးဦးရှိတယ်။ ဒေသဦးစီးအဖွဲ့နဲ့ ဒေသဥက္ကဌရွေးချယ်တဲ့နေရာမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားသုံးဦးက မဲဝင်ပေးခွင့်ရှိနေတယ်။ ကျမမတို့ NLD ဘက်က ပြည်နယ်လွှတ်တော်မှာ သုံးဦး အနိုင်ရရှိထားတယ်။ ကျန်တဲ့ ပြည်နယ်လွှတ်တော်တစ်နေရာကို ကြံ့ခိုင်ရေးပါတီက အနိုင်ရထားတယ်။ ကြံ့ခိုင်ရေးနဲ့ တပ်မတော်သားသုံးဦးနဲ့ကမဟာမိတ်တွေဆိုတော့ ကြံ့ခိုင်ရေးပါတီကပဲ ဒေသဥက္ကဌဆက်ဖြစ်မယ်လို့ ကျမထင်တယ်” ဟု ၎င်းကပြောသည်။

ဒေသဦးစီးအဖွဲ့ ဥက္ကဌရွေးချယ်ရာတွင် အဖွဲ့ဝင်အချင်းချင်း ညှိနှိုင်း၍မရပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၇၆၊ ပုဒ်မခွဲ ၁ နှင့် ၂ အရလည်းကောင်း၊ ပုဒ်မခွဲငယ် (ဃ) အရလည်းကောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့ ဥပဒေပါပုဒ်မ ၄ နှင့် အခြားပုဒ်မများအပါအဝင် ပုဒ်မ ၂၁ အရ လျှို့ဝှက်မဲပေးသည့်နည်းလမ်းဖြင့် ကျင့်သုံး၍ ရွေးချယ်ရမည်ဖြစ်သည်။

NLD အနေဖြင့် ယင်းပုဒ်မများအားပြင်ဆင်ရန် ၂၀၁၆ ခုနှစ်က လွှတ်တော်ထဲတွင်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“ဒါတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေအရဖြစ်လာတာ။ အဲ့ဒါတွေကိုကျွန်တော်တို့ ၂၀၁၅ အပြီး ၂၀၁၆ မှာ ပြင်ဖို့ကြိုးစားသေးတယ်။ လွှတ်တော်မှာပြင်နိုင်အောင်ကြိုးစားသေးတယ်။ ရန်ကုန်တိုင်းက ကွယ်လွန်သွားပြီဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့လည်း ကျနော်တို့ဆွေးနွေးဖူးတယ်။ ဒါပေမဲ့ ခုထက်ထိမလုပ်နိုင်သေးဘူး” ဟု ပင်းတယမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်းက ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ဒေသဦးစီးအဖွဲ့နှင့် ဒေသဥက္ကဌရွေးချယ်ရာတွင် ၂၀၀၈ ဥပဒေအရ တပ်မတော်သားများ၏ ဆုံးဖြတ်ပိုင်ခွင့် ၇၅ ရာခိုင်နှုန်းအထိ ရှိနေခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြို့နယ်နှစ်မြို့နယ်သာရှိသည့်အတွက် ပြည်သူများ ရွေးချယ်တင်မြှောက်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှာ လေးဦးရှိပြီး အရွေးချယ်ခံမဟုတ်သည့် တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် အချိုးကျ ၂၅ ရာခိုင်းနှုန်းသာပါဝင်ရမည်ဆိုပါက ပါဝင်သင့်သည့် တပ်မတော်သား ကိုယ်စားလှယ်မှာ တစ်ဦးတည်းသာ ဖြစ်သင့်သော်လည်း လက်ရှိတွင် ဖွဲ့စည်းပုံအရ သုံးဦးပါဝင်သည့်အတွက် ၇၅ ရာခိုင်နှုန်းအထိ ဆုံးဖြတ်ပိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပင်းတယဒေသခံ ကိုပြည့်ပိုင်မှူးအိမ်က သုံးသပ်သည်။

“ကျနော်တို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ခုနစ်နေရာမှာ ခြောက်နေရာအနိုင်ရတဲ့ NLD ကလူကိုပဲ တပ်မတော်က ထောက်ခံပေးမလား။ ဒါမမှဟုတ် တစ်နေရာတည်းနိုင်တဲ့ ပြည်ခိုင်ဖြိုးကို ထောက်ခံပေးပြီးတော့ပဲ ပြည်သူတွေရဲ့ဆန္ဒကို လစ်လျူရှုမလားဆိုတာကိုတော့ စောင့် ကြည့်ရမယ့် အနေအထားဖြစ်နေတယ်” ဟု ၎င်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပင်းတယ၊ ရွာငံမြို့နယ်များ၌ မဲဆန္ဒနယ်မြေခုနစ်နေရာရှိရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ခုနစ်နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်ပြီး ခြောက်နေရာအနိုင်ရရှိကာ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...