မူဆယ်တွင် မဲကိုယ်စား လာရောက်ထည့်သူရှိ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် ယနေ့ (နိုဝင်ဘာ၈)ရက် ရွေးကောက်ပွဲနေ့၌ လူစားထိုးပြီး မဲလာပေးမှုများရှိနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မူဆယ်မြို့နယ် တိန်းလုံကျေးရွာရှိ မဲရုံအမှတ်(၁)တွင် အမျိုးသမီးတဦးသည် သူငယ်ချင်းအစား မဲလာပေးပြီး၊ ပြည်သူ့လွှတ်တော် ပုံး တပုံးကိုထည့်ခဲ့ကြောင်း တိန်းလုံ မဲရုံကို စောင့်ကြည့်နေသည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “...
မဲရုံ ပိတ်ရန် တစ်နာရီအလို မဲပေးရမည့် ပြည်သူများထောင်ချီကျန်ရှိနေသေး
တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက် တွင် ဆန္ဒမဲထည့်ရန် လူဦးရေ တစ်ထောင်ကျော် ကျန်ရှိနေသေးသည့် အတွက် ရပ်ကွက်အတွင်း ကားများဖြင့် လည့်လည်ဆော်ဪ နေကြောင်းသိရသည် ။ “ မနက် ၅ နာရီကတည်းက ပြည်သူလူထုတွေက စိတ်ဝင်တစားနဲ့ မဲပေးဖို့ မဲရုံမှာ လာ စောင့် နေကြပါတယ်။...
သျှမ်းရှေ့ မိုင်းယောင်း တွင် တံဆိပ်တုံးအတု ယူလာသည့်အမျိုးသားတစ်ဦး ထိန်းသိမ်းခံရ
သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဟောင်ကြန့် ကျေးရွာ မဲရုံတွင် တံဆိပ်တုံးအတု ယူဆောင်လာသူ ရှိကြောင်း စုံစမ်းသိရသည်။ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာ အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း မဲရုံ (၃)တွင် မဲဆန်ဒရှင် အမျိုးသားတဦးသည် UEC တံဆိပ်မပါသည့် တံဆိပ်တုံးတခုယူဆောင်လာသည်ကို တွေ့ရှိသဖြင့် ၎င်းအမျိုးသားကို ထိန်းသိမ်းစစ်ဆေးနေကြောင်း...
သီပေါကျေးလက်တချို့တွင် မဲဆန္ဒရှင်များ Social Distancing မလုပ်နိုင်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးလက်တချို့ ရှိ မဲရုံများ ၌ မဲဆန္ဒရှင်ကျေးလက်လူထု ပြည့်ကျပ်တို၀ှေ့ကာ ၃ ပေ ၆ပေအကွာ မခြားနိုင်ခဲ့ကြကြောင်းသိရသည်။ သီပေါမြို့နယ် နားမခေါ်အုပ်စုရှိ နားမခေါ်ရွာ မဲရုံ ၁၀၁၊ ၁၀၂ နှင့် နမ့်လန် ကောင်းလန်းရွာ မဲရုံအမှတ် ၇ တို့တွင် မဲဆန္ဒရှင်များ...
မန္တလေးတိုင်းအတွင်းနေထိုင်သည့် သျှမ်းလူမျိုးများ တိုင်းရင်းသားရေးရာမဲပေးခွင့် ဆုံးရှုံးနေရ
SHAN -
မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သည့် သျှမ်းလူမျိုးများသည် ယနေ့ ( နိုဝင်ဘာ ၈) ရက် တွင်ကျင်းပသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ သျှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း မဲ မပေးခဲ့ရသူ အများအပြားရှိနေသည်ဟု စုံစမ်းသိရှိရသည်။ မန္တလေးမြို့တွင် နေထိုင်ပြီး မိဘ နှစ်ပါးစလုံး သျှမ်းလူမျိုး စစ်စစ်များဖြစ်ကာ မှတ်ပုံတင်တွင်လည်း...
ကွတ်ခိုင်မြို့တွင် အစ်ကိုအစား အသက်မပြည့်သေးသည့် ညီဖြစ်သူမှ မဲသွားပေး
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အစ်ကိုဖြစ်သူ ခရီးလွန်သဖြင့် အသက်မပြည့်သည့် ညီဖြစ်သူက အကို ဖြစ်သူကိုယ်စား မဲသွားပေးခဲ့သည်ဟု ဒေသအတွင်းသတင်းရပ်ကွက်မှ သိရသည်။ ကွတ်ခိုင်မြို့ အမှတ် ၇ ရပ်ကွက် မဲရုံ ၂ တွင် မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ တရုတ် အမျိုးသားတဉီးက ခရီးလွန်သဖြင့် အသက် ၁၅...
တောင်ကြီးမြို့တွင် တိုင်းရင်းသားရေးရာ မဲမရသဖြင့် အငြင်းပွားမှုဖြစ်ပွား
တောင်ကြီး မြို့ ၊ စဝ်စံထွန်းရပ် ၊ နယ်မြေ ( ၇ ) ၊ သပြေလမ်းရှိ မဲရုံ အမှတ် (၃) တွင် နိုင်ဝင်ဘာ (၈) ရက်နေ့နံနက် ၆နာရီ ၃၀ ဝန်းကျင်၌ တိုင်းရင်းသားရေးရာ မဲမရရှိသဖြင့် ရပ်ကျေးရွေးကောက်ပွဲကော်မရှင်...
သျှမ်းဝန်ကြီးချုပ် ကြိုတင်မဲလာထည့်ချိန် မဲဆွယ်သည့် စကားပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လားရှိုးမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ လက်ရှိ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် လားရှိုးသို့ ကြိုတင်မဲသွားထည့်စဉ် စည်းရုံးရေးနှင့်ပတ် သက်သည့်စကားပြောဆိုခဲ့သည်ဟု နိုင်ငံရေးပါတီများအသိုင်းအဝိုင်းက ထောက်ပြသည်။ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ...
သျှမ်းပြည်တဝှမ်း ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ (၃၆)သိန်းကျော်ရှိ
SHAN -
မနက်ဖန် (နိုဝင်ဘာ ၈)ရက် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သျှမ်းပြည်တဝှမ်း မဲပေးပိုင်ခွင့်ရှိသူ ( ၃၆) သိန်းကျော် ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ စုံစမ်းသိရှိရသည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့်...
ကျားခေါင်းပါတီနှင့် ကြံ့ခိုင်ရေးပါတီ မဟာမိတ် စာချုပ်ချုပ်ဆိုသည့် သတင်းတုများထွက်ပေါ်လာ
ကျားခေါင်းပါတီနှင့် ကြံ့ခိုင်ရေးပါတီ တို့မဟာမိတ်အဖြစ် ပူးပေါင်းစာချုပ်ချုပ်ဆို ဆိုသည့် သတင်းမှား၊ သတင်းတု သည် ရွေးကောက်ပွဲ မတိုင်ခင် တရက်အလို တွင် လူမှုကွန်ရက်စာမျက်နှာ ပျံ့နှံလာသည်ကိုတွေ့ရသည်။ နိုဝင်ဘာ ၇ ရက် ယနေ့ နံနက်ပိုင်းကစပြီး ပျံ့နှံနေသော အဆိုပါ သတင်းတု၊သတင်းမှားသည် ကျားခေါင်းပါတီ ဟုလူသိများသည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ...






