ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပြီဆိုသည့် သတင်းတုထွက်

၁၂ နာရီကျော်ကြာ အင်တာနက်ဖြတ်တောက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာပြီဆိုသည့် သတင်းတုများ စတင်ဖြန့်လာသည်။

တပ်မတော်အာဏာသိမ်းမှုကို ယနေ့ (ဖေဖော်ဝါရီ ၆)ရက် တွင် မြန်မာနိုင်ငံတဝှမ်း ပြည်သူများ အရှိန်မြင့် လှုပ်ရှားလာကြပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွှတ်ပေးရန် တောင်းဆိုမှုတွေ ကို ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းသည် မဟုတ်မှန်ကြောင်း NLD ပါတီ အတွင်းစည်းက တခြားသတင်းဌာနများသို့ အတည်ပြုထားသည်။

ထို့နောက် လွန်ခဲ့သည့်အချိန်အနည်းငယ်တွင် မြန်မာပြည်တဝှမ်း တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်လာကြောင်း သတင်းတုများမြန်ဆန်စွာ ပြန့်နှံ့လာခဲ့သည်။

“ ကျနော်တို့ အင်တာနက်မရဘူး။ ဘာသတင်းမှ မသိရဘူး။ သတင်းတွေ လည်း ဘာဆိုတာ မသိတော့ ဒေါ်စုလွှတ်လာတာ တကယ်လား” ဟု သျှမ်းပြည်တောင်ပိုင်း တောင်ကြီး တွင်နေထိုင်သည့် အမျိုးသားတဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ရန်ကုန်၊မန္တလေး၊ တောင်ကြီးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာသည့် သတင်းကြောင့် လမ်းပေါ်ထွက်ပြီး လက်ခုပ်တီး ပျော်ရွှင်နေကြသည်။

“ အိမ်ရှေ့မှာတော့ ဒေါ်စုလွှတ်ပြီးဆိုပြီး လက်ခုပ်တွေတီးနေတယ်။ သူတို့ပြောတာကတော့ RFAသတင်း မှာပါတယ်တဲ့။ သတင်းက အစစ်လား။ အတုလား” ဟု ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီး တဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...