CATEGORY

နိုင်ငံရေး

တောင်ကြီးခရိုင် တပ်သားနှင့်အတူနေ မိသားစုဝင်ကြိုတင်မဲ (၃၄၀၀) ကျော်ရှိ

တောင်ကြီးခရိုင်တွင် တပ်မတော်သား နှင့် အတူနေမိသားစုဝင်များ၏ ကြိုတင်မဲပေးမည့်စာရင်း (၃၄၀၀) ကျော် ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံ စုံစမ်းသိရှိရသည်။ တောင်ကြီးခရိုင်တွင် မြို့နယ် (၅) မြို့နယ်ရှိပြီး တပ်မတော်သား နှင့် အတူနေ မိသားစုဝင်များ ကြိုတင်မဲ ပေးမည် ဦးရေ ( ၃၄၄၀) ဦး...

သယံဇာတ တူးဖော်မှုကို ဖြေလျှော့ပေးမယ့် အစိုးရကို သျှမ်း/အရှေ့ လူထုလိုအပ်

“ တောင်တန်းတွေမှာ သစ်ပင်တွေမရှိတော့ဘူး။ တောင်ကတုံးတွေ ဖြစ်နေပြီ။ လယ်ယာတွေလည်း လုပ်လို့မရတော့ဘူး” ဆိုတဲ့အသံတွေကတော့ သျှမ်းအရှေ့ ဒေသခံ တွေရဲ့ ငြီးငြူသံတွေ ပါပဲ။ သျှမ်းအရှေ့ ရဲ့ တောင်တန်းတွေ ဟာ တချိန်တခါက သစ်ပင်တွေနဲ့ အုံ့ဆိုင်း စိမ်းလန်းစိုပြည်ပြီး အေးချမ်းသာယာခဲ့ပေမယ့် ယခုမှာတော့ သယံဇာတတူးဖော်မှုကြောင့် တောင်တန်းတွေပေါ်က...

ဖက်ဒရယ်စနစ်ဖြစ်ဖို့ လွတ်လပ်စွာ မဲပေးစို့

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် အတွက် ၁ရက်သာကျန်ရှိပါတော့တယ်။ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မဲဆွယ်စည်းရုံးမှုတွေဟာအပြိုင်အဆိုင်ရှိပြီး၊ ထိလွယ်ရှလွယ်မှုကလည်း ရှိလာနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အရောင်စုံ တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် လမ်းကြောင်း သွားရန် အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြတာကိုတွေ့ရပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်...

မိုင်းဆတ် “ဝ” နယ်မြေအတွင်း အစိုးရတပ် နှင့်ဆက်နွယ်သည့် USDPပါတီ မဲပေးရန် တိုက်တွန်းနေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် “ဝ” တပ်ဖွဲ့လှုပ်ရှားနယ်မြေ နေထိုင်သူများအားလုံး ကြံ့ခိုင်ရေးပါတီ ကို မဲထည့်ပေးရန် “ဝ”တပ်ဖွဲ့ ကညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ မိုင်းဆတ်မြို့နယ်အတွင်းရှိ “ဝ” တပ်ဖွဲ့ လှုပ်ရှားသည့်နယ်မြေအတွင်း နိုင်ငံရေးပါတီများအား ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး အတွက် ဟုအကြောင်းပြကာ ဝင်ထွက်သွားလာခွင့်မပေးသဖြင့် နိုင်ငံရေးပါတီများ ထိုနေရာသို...

နမ့်ခမ်းမြို့ UP အဖွဲ့ခေါင်းဆောင် ကို သေနတ်ပစ်ခဲ့သည့်တရားခံ လွှတ်မြောက်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်စန့်ရပ်နေ လူမှုညီညွတ်ရေး အဖွဲ့ (UP) အဖွဲ့ခေါင်းဆောင် ဦးစိုင်းအောင်ဝင်း နှင့် ၎င်း၏သား တို့ သေနတ်ပစ်ခံရပြီး ယခုချိန်အထိ တရားခံ လွှတ်မြောက်နေဆဲဟု စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ရက် ည ၆နာရီ ဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် တစ်ဦးက...

မသမာမှုများတဲ့ ကြိုတင်မဲကိစ္စ စိုးရိမ်နေရဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက်ရှိလာပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ကြိုတင်မဲနှင့် ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြသေးတာကိုတွေ့ရပါတယ်။ အောက်တိုဘာ ၂၉ ရက် မှစတင်ကာ နိုဝင်ဘာ ၅ရက်ထိ အသက် (၆၀)အထက် ရှိသူ မဲဆန္ဒရှင်တွေဟာ ကြိုတင်မဲသွားရောက်ပေးကြပေမယ့် အဆင်မပြေမှုတွေ၊ မဲပေးမှုသဘောတရားတွေ၊ မဲစာရွက်ကို စာအိတ်ထဲထည့်ကာ...

ဖျက်သိမ်းထားသည့် နှင်းဆီပါတီ တံဆိပ် မဲစာရွက်တွင် ပါရှိနေသဖြင့် မဲပေးမိမှာကို ပြည်သူများစိုးရိမ်နေ

၂၀၂၀ ပါတီစုံရွေးကောက်ပွဲအတွက် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) လူသိများသည့် နှင်းဆီပါတီ သည် ရွေးကောက်ပွဲကော်မရှင်မှ ဖျက်သိမ်းကြောင်း တရားဝင် ကြေငြာထားသော်လည်း လက်ရှိသက်ကြီးရွယ်အို နှင့်အစိုးရဝန်ထမ်းများကြိုတင်မဲပေးနေသော မဲစာရွက်များတွင် အဆိုပါ နှင်းဆီပါတီအမှတ်တံဆိပ်ပါနေသေးကြောင်း သိရသည်။ အောက်တိုဘာ ၁၇ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က...

မဲဆွယ်ခွင့်မရသည့် မိုင်းဆတ် “UWSA” နယ်မြေ ရွေးကောက်ပွဲ ဖျက်သိမ်းပေးရန် ပါတီ ၄ ခု တောင်းဆို

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ UWSA ထိန်းချုပ်လှုပ်ရှားသည့် နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိနိုင်သဖြင့် အချိန်မှီ ပိတ်သိမ်းသင့်ကြောင်း နိုင်ငံရေး ပါတီ (၄) ပါတီ မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။ လက်ရှိ အချိန်ထိ “ဝ”ထိန်းချုပ်နယ်မြေအတွင်းသို့ မဲဆွယ်စည်းရုံးခွင့်မရရှိကြကြောင်း၊...

မူဆယ်မြို့နယ်အတွင်း စစ်အင်အားအပြည့်တင်စစ်ကား အစီးရေ ၂၀ ကျော်ဖြတ်သန်း

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အစိုးရ တပ်မတော်၏ စစ်ကား အစီးရေ ၂၀ ကျော် စစ်အင်အားနှင့် ရိက္ခာ အပြည့်တင်ဆောင်ကာ ဖြတ်သန်းသွားကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာ ၃ ရက် ယနေ့ နေ့လည်ပိုင်းက စစ်အင်အားများနှင့်ရိက္ခာများ တင်ဆောင်သည့် စစ်ကားများသည် မူဆယ်မြို့ကိုဖြတ်ကာ စယ်လန့်ကျေးရွာဘက်သို့ သွားချထားခဲ့ကြောင်း မူဆယ်မျက်မြင်ဒေသခံများက...

ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတောင်ကြီးမြို့ပေါ်တွင် အဖြေရှာ မရသေးသော ပေါက်ကွဲသံ ကြောင့် ပြည်သူများထိတ်လန့်

တောင်ကြီး မြို့ပေါ်တွင် နိုဝင်ဘာ(၂) ရက်နေ့ ညနေ ၆ နာရီ ၃၀ ချိန်ခန့်က ဖြစ်ပွားခဲ့သော ပေါက်ကွဲသံ နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အဖြေအတိအကျမထုတ်ပြန် နိုင်သေးပဲ ပြည်သူများကြားထိတ်လန့် မှုဖြစ်ပွားခဲ့သည် ဟုသိရသည် ။ “ အသံက အရမ်းကျယ်တယ် တစ်မြို့လုံးကို လွှမ်းမိုးသွားတဲ့...

Latest news