Sunday, February 1, 2026

နိုင်ငံရေး အကျပ်အတည်းကြား တပ်အာဏာသိမ်းယူသည့်အပေါ်အပစ်ရပ် PPST မှ ဆန့်ကျင်ကန့်ကွက်

လက်ရှိ နိုင်ငံရေး အကျပ်အတည်းကြား တပ်မတော်မှ အာဏာသိမ်းယူသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ဆန့်ကျင်ကန့်ကွက်လိုက်ကြောင်း ကြေညာချက်ထုတ်လိုက်သည်။

ဖေဖော်ဝါရီ ၁ ရက် ယမန်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ နိုင်ငံတော်၏ အာဏာ သိမ်း ပြီးနောက် PPST မှ ယနေ့ ဖေဖော်ဝါရီ ၂ ရက် အထူးအစည်းအဝေး တရပ်ကျင်းပကာ အဆိုပါ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ယမန်နေ့ နေ့တွင်းချင်းတွင်ပင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

တနိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည် ဆိုသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်သည် စဉ်းစားစရာ အချက်ဖြစ်နေကြောင်းလည်း PPST အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာဒိုမူး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့ ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တချက် သတိထားမိတာက နံပတ်(၅)မှာ NCAပါအချက် ဖြစ်နိုင်သမျှ ဆိုတာတဲ့အချက်ကို ဖြစ်နိုင်သမျှကို နားလည်ချင်တယ်။နားလည်နိုင်အောင် ကြိုးစားမယ်” ဟု ပဒိုစောတာဒိုမူး က ဆိုသည်။

PPST အဖွဲ့ အနေဖြင့် နိုင်ငံရေး ပြဿနာများကို အင်အား သုံး ဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်းသောနည်း ဖြင့်တွေ့ဆုံဆွေးနွေးအဖြေရှာရန် နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NCAလမ်းကြောင်းအတိုင်း ရပ်တည်ပြီး NCA-S- EAO မှ ဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အခုကျနော်တို့ အခြေအနေ ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်သင့်လဲဆိုတာကို ပထမအနေနဲ့ အဖြေရှာသင့်တာပေါ့။ လောဆယ်က ကျနော်တို့က ဖြစ်ပေါ်လာတဲ့အခြေအနေတခုအောက်မှာ ကျနော်တို့ ဘယ်လို ပုံစံမျိုး နဲ့ ဆက်လက်ပြီး ကိုင်တွယ်သွားမလဲဆိုတဲ့ အဆင့်ပဲရှိတယ်။ ငြိမ်းချမ်းရေး ကိစ္စကတော့ ကျနော်တို့ မျှော်မှန်းပါတယ်” ဟု ပဒိုစောတာဒိုမူး က ပြောသည်။

ဆက်လက်ပြီး ပဒိုစောတာဒိုမူး က “ ကျနော်တို့ အားလုံးဖက်ဒရယ်နိုင်ငံကို တည်ဆောက်ဖို့ သွားတဲ့နေရာမှာ တဖက်ကလည်း ဒီမိုကရေစီ အခြေခံကနေသွားကြမယ်ဆိုတဲ့ လုပ်ကြတာ။ အခုကျတော့ စစ်အာဏာသိမ်းလိုက်တယ်ဆိုတာ ကိုတော့ ကျနော်တို့ လုံးဝကန့်ကွက်တယ်” ဟု ဆက်လက်ပြောသည်။

လက်ရှိ တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသော ခေါင်းဆောင်များအားလုံး ခြွင်းချက်မရှိအမြန်ဆုံး လွှတ်ပေးရန် လည်း PPSTအဖွဲ့ကတောင်းဆိုလိုက်သည်။

ယခုဖြစ်ပေါ်နေသည့် ပြဿနာများဖြေရှင်းရန် အတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင်ဖြေရှင်းပေးရန် လည်း PPST အဖွဲ့က တိုက်တွန်း ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NCA ကို ဆက်လက်ကိုင်စွဲမည်ဟု RCSS ပြော

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ (၆) လပတ် အဖွဲ့အစည်းမှ ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) စာချုပ်ကို ဆက်လက် စွဲကိုင်ထားကြောင်း သတင်းရရှိသည်။ . အဆိုပါ အစည်းအဝေးကို သြဂုတ် (၁၈- ၂၀) ရက်ထိ ဗဟိုဌာနချုပ်ရှိရာ...

PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း...

PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်

0
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ...

PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့...

စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းရဟု PPST ပြော

0
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး နိုင်ငံတော် အာဏာသိမ်းယူလိုက်သည့် စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ရပ်ဆိုင်းရသည့်အကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ (PPST) က ပြောသည်။ NCA စာချုပ်ကို အခြေခံပြီး လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များသည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့်...