စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းရဟု PPST ပြော

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး နိုင်ငံတော် အာဏာသိမ်းယူလိုက်သည့် စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ရပ်ဆိုင်းရသည့်အကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ (PPST) က ပြောသည်။

PPST အဖွဲ့ဝင်များ

NCA စာချုပ်ကို အခြေခံပြီး လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များသည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် လုပ်ငန်းစဥ် (Stakeholders) များ စုံစုံလင်လင် မရှိတော့ဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရပ်တန့်ခဲ့ရကြောင်း PPST ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဆိုတာ NCA ကို အခြေခံပြီး လုပ်ထားတာဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ၂၀၁၇ ခုနှစ်မှာ နောက်ထပ် ၂ ဖွဲ့၊ လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ကျနော်တို့က NCA ယန္တရားအတိုင်း ငြိမ်းချမ်းရေး ခရီးစဥ်ကို သွားနေတယ်၊ သို့သော်လည်း ၂၀၂၁ ခုနှစ်ကနေစပြီးတော့ အာဏာထိန်းမှု နောက်ပိုင်းမှာ ဆိုရင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တွေက စုံစုံလင်လင် မရှိတော့ NCA လမ်းကြောင်းအရ သွားနေတဲ့ ငြိမ်းချမ်းရေး ကလည်း အဲ့ချိန်ကတည်းက ရပ်သွားတယ်လို့ ပြောနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့် က ဆိုသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ ကာလ၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေး ယဉ်ကျေးမှု စတင်နေဆဲ ကာလတွင် စစ်တပ်မှ အာဏာသိမ်းလိုက်မှု အကျိုးဆက်ကြောင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုများ အပါအဝင် အထွေထွေ အကြပ်အတည်းများ ဖြစ်ပွားနေကြောင်း PPST က ဆက် ပြောသည်။

ထို့အပြင် လက်ရှိ အချိန်သည် PPST အနေဖြင့် NCA ၏ အနှစ်သာရ ၃ ချက်ဖြစ်သည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရန်၊ သက်ဆိုင်သူ အားလုံး ပါဝင်သော အဓိပ္ပာယ် ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရန်၊ အရပ်သားများကို အကာအကွယ် ပေးရန် တိုင်းပြည် အကြပ်အတည်းကို ဖြေရှင်းရန်အတွက် အားထုတ်သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

“ကျနော်တို့ နိုင်ငံလည်း သိတဲ့အတိုင်းပဲ ပြည်တွင်းစစ် ဖြစ်ခဲ့တာ ရာစုနှစ်ဝက်ကျော်ခဲ့ပြီ၊ NCA လက်မှတ်ရေးထိုး ခဲ့တာလည်း ရာစုနှစ်ဝက်ကျော်နေတဲ့ ပြည်တွင်းစစ်ကို အပြီးသတ် ချုပ်ငြိမ်းပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ သို့သော်လည်းပဲ ၂၀၂၁ ခုနှစ် နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေ အောက်မှာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက်လည်း စိန်ခေါ်မှုတွေ ခက်ခဲမှုတွေ အများကြီး ရှိနေပါတယ်၊ ဒါဟာ နိုင်ငံရေး ပြဿနာဖြစ်တဲ့အတွက် နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းပါမယ်၊ သက်ဆိုင်သူများ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့လည်း ကြိုးပမ်းနေဆဲပဲလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ တိုင်းပြည်သည် ပြည်တွင်းစစ် ပုံသဏ္ဍာန် အသစ်ဆီသို့ ဦးတည်နေသည့်အပြင် အချိန်ရှည်ကြာနိုင်သော နိုင်ငံရေး အကြပ်အတည်း ဝဲဩဃအတွင်းသို့ သက်ဆင်းနေကြောင်း PPST က ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ စုပေါင်းဖွဲ့စည်းထားသည့် PPST အဖွဲ့သည် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး – KNU ၊ ကျောင်းသား တပ်မတော် ABSDF နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့က လုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိတော့ကြောင်း သိရသည်။

“အာဏာသိမ်းမှုဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့မှာ နစက ကနေ ကျနော်တို့ကို တစ်ဖွဲ့ချင်းစီ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တစ်ဖွဲ့ချင်းစီရှိတယ်၊ အဲ့မှာ PPST ထဲက သွားနိုင်တဲ့ အဖွဲ့လည်း သွားတယ်၊ မသွားနိုင်တဲ့ အဖွဲ့လည်း မသွားဘူး။ PPST အနေနဲ့တော့ လက်ရှိ နိုင်ငံရေး အကြပ်အတည်းကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အာသီတ နဲ့ သွားရောက်တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။ PPST ရဲ့ ရည်မှန်းချက်အတိုင်းပဲ သွားနေတယ်” ဟု ဗိုလ်မှူးကြီး စော်ကျော်ညွန့်က ပြောသည်။

ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်သူများ သည် ပင်လုံစာချုပ်၏ အနှစ်သာရများကိုအခြေခံပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဝိုင်းဝန်း အဖြေရှာ ကြရန်လည်း ပြောဆို တိုက်တွန်းထားသည်။

တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဥ်များအတွက် ဆိုပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...