Tuesday, January 27, 2026

စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်လိုဟု ကျန်းမာရေးဝန်ထမ်းများ ဆန္ဒထုတ်ဖော်

စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ ယနေ့ (ဖေဖော်ဝါရီ ၄)ရက်တွင် ဆန့်ကျင် ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။

စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း အယောက် (၅၀)ကျော်သည့် ယနေ့မနက် (၈နာရီကျော် မှ ၉ နာရီ)ထိ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် ကန့်ကွက် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

“ ကျမတို့ စစ်အာဏာလက်အောက်မှာ အလုပ်မလုပ်ချင်ဘူး။ ဒီနေ့ ကစပြီး ကျမတို့ အလုပ်မလုပ်ဘူး။ အဆောင်ပြန်နေမယ်။ အိမ်ပြန်နေတော့မယ်” ဟု တောင်ကြီး စဝ်စံထွန်းဆေးရုံ တွင် တာဝန်ထမ်းဆောင်သည့် ဆရာဝန်တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဆန့်ကျင်ရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ(၃)ရပ်အား ဒီမိုကရေစီ နည်းလမ်း တကျ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရ ထံမှ အာဏာရှင်စစ်အုပ်စု သည် ဖေဖော်ဝါရီ ၁ရက် တွင် တရားနည်းလမ်းမကျ အတင်းအဓမ္မသိမ်းယူခဲ့ကြောင်း၊ အာဏာရှင် စစ်ယန္တရားလည်ပတ်ရန် အတွက် ပြည်ထောင်စု အစိုးရအဖွဲ့တခုကိုလည်း ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ဖွဲ့စည်းထားသဖြင့် ဆန့်ကျင်ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တောင်ကြီးမြိုု့ ကုတင် ၅၀၀ ဆံ့ စဝ်စံထွန်းဆေးရုံမှ လက်ထောက်ဆရာဝန်များသည် အာဏာရှင်စနစ် လက်အောက်တွင် အလုပ် တာဝန် များကို ဆက်လက် ထမ်းဆောင်ခြင်း လုံးဝ မပြုလုပ်လိုသဖဖြင့် မိမိဆန္ဒသဘောထားကို ငြိမ်းချမ်းစွာ ဖော်ထုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများသည် လည်း စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း၊ စစ်တပ်မှ အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း မြန်မာပြည်အနှံ့ ကန့်ကွက် ဆန္ဒပြမှု ထွက်ပေါ်သည်။

မြန်မာပြည်သူပြည်သားများအနေဖြင့် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုကို နည်းမျိုးစုံ အသုံးပြုက ငြိမ်းအေးစွာ ဖြင့် ပြုလုပ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...