Tuesday, January 27, 2026

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်ထားရ

မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅)မိုင်ရှိ နယ်စပ်ကုန်သွယ်ရေးဇုန် ကို ပိတ်ဆိုင်းထားရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၈)ရက် မနက်ပိုင်းတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုံ တည်ရှိသည့် မူဆယ်မြို့တွင် လူဦးရေ ၂သိန်းနီးပါးသည် စစ်အာဏာဆန့်ကျင်လှုပ်ရှားမှုကို စတင်လှုပ်ရှား လာခဲ့ကြသည်။

ဖေဖော်ဝါရီ ၁ရက်နေ့ တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မသိမ်းယူပြီးနောက် မြန်မာပြည် အနှံ့ ပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒသည့်လှုပ်ရှားမှုများ ပြုလုပ်လာကြသည်။

ထိုပြုလုပ်လာသည့်ထဲတွင် နိုင်ငံဝန်ထမ်းများလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး (Civil Disobedience Movement) ကို ပါဝင်လှုပ်ရှားလာသည်။

“ သွင်းကုန်/ပို့ကုန် အေးဂျင့်က လူတွေ က ဒီနေ့ဆန္ဒထုတ်ဖော်ကြတယ်။ နောက်ပြီး အကောက်ခွန် ဦးစီးဌာန က ဝန်ထမ်းတွေကလည်း CDM လှုပ်ရှားမှုမှာပါတဲ့အတွက် ကုန်သွယ်ရေး ပိတ်လိုက်ရတဲ့ သဘောပါ။ သွင်းကုန်/ ပို့ကုန် အတွက် စာရွက်စာတမ်းတွေ လုပ်မယ့်သူမရှိလို့ပါ” ဟု မူဆယ်မြို့ကုန်သည် တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်အာဏာရှင် ကျရှုံးရေးအတွက် ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ ၊ကျောင်းသားများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကလည်း ပါဝင်လာကြသည်ကို တွေ့မြင်ရသည်။

စစ်အာဏာ သိမ်းယူမှု ကို ဆန့်ကျင်သည့် နေရာတွင် အစိုးရ ဝန်ထမ်းများအနေဖြင့် (CDM)လှုပ်ရှားမှုကို ပါဝင်လာသည့်အတွက် အစိုးရ ဌာနများ၊ အစိုးရရုံးများနှင့် အလုပ်ရုံများပိတ်လိုက်ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...

မူဆယ် (၁၀၅) မိုင် မိုင်းယု ပစ်ခတ်သံများ ကြားနေရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ညလူနေတိတ်ချိန်၌ ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန် ၂၈ ရက်) ည ၁၀ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် (၁၀၅) မိုင် မိုင်းယုဘက်မှ သေနတ်သံများ ထွက်ပေါ်လာ...

တောင်ကြီးမြို့လယ် စစ်အာဏာရှင် “အလိုမရှိ” သီချင်းကြောင့် စစ်ကောင်စီများ လိုက်လံစစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့လယ်ခေါင်တွင် ချိတ်ဆွဲထားသည့် လော်စပီကာ တစ်လုံးမှ စစ်အာဏာရှင် “အလိုမရှိ” သီချင်းသံကြောင့် စစ်ကောင်စီများက လာရောက်ဖွင့်သည့်သူကို လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီ ၁၉)ရက် နေ့လယ်ပိုင်း ၁ နာရီခွဲဝန်းကျင်တွင် တောင်ကြီး မြို့လယ်ခေါင် မြို့မစျေးနှင့် Asia Light သို့...