Asean နှင့် ဗမာ့အာဏာသိမ်းပွဲ

ဒီမနက် Thai PBS ကနေ ဗမာ့အရေးကျွမ်းကျင်သူ နာမည်ကြီးသတင်းစာဆရာ ကဝိ ကျုံးကစ်ထာဝွန်း (Kavi Chongkijthavorn) နဲ့ ဗမာ့အာဏာသိမ်းပွဲ (သို့မဟုတ်အာဏာလွှဲပွဲ) ကိစ္စကိုဆွေးနွေးပါတယ်။

ဗမာ့အရေးကျွမ်းကျင်သူ နာမည်ကြီးသတင်းစာဆရာ ကဝိ ကျုံးကစ်ထာဝွန်း (Kavi Chongkijthavorn)

ကဝိမြင်ဒါက ဒီကိစ္စ ဖြစ်လာဒါဟာ ဘယ်လိုဘဲမဲကိစ္စအကြောင်းပြောပြော တစ်ဖက်ကတော့ မာနကိစ္စ ဖြစ်ပါတယ်။ “ခင်ဗျားက  ကျနော့ကို အလေးမထားယင် ကျနော်လဲ ခင်ဗျားကို ဘာအရေးထားစရာရှိလဲ” ဆိုတဲ့ကိစ္စဖြစ်တယ်။ အခြေခံဉပဒေမှာ “ကာ/လုံ”  ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကျင်းပဘို့ ပြဌာန်းထားတယ်။ ဒါကို ကျင်းပဘို့ တပ်မတော်က အကြိမ်ကြိမ် တောင်းဆိုပေမဲ့ မဖြစ်လာ ခဲ့ဘူး။ ဒီတော့ နှစ်ဖက်ရင်းနှီးမှုနဲ့ ယုံကြည်မှုကို မတည်ဆောက်နိုင်ခဲ့ဘူး။ ဒီကနေစပြီးဖြစ် လာဒါဖြစ်တယ်။

အခုပြဿနာကြီးမှာ ထိုင်းကအိမ်နီးချင်းအနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ။ Asean ကရော ဘယ်လိုချဉ်း ကပ်မလဲဆိုတဲ့ကိစ္စဖြစ်တယ်။ ထိုင်းချည်းချည်းပဲလဲ အားမရှိဘူး။ Asean နောက်ခံရှိရမယ်။  Asean ကလည်း အင်အားကြီးနိုင်ငံတွေ ၀င်လာမှာစိုးရိမ်တယ်။ သူတို့၀င်လာယင် ဒီနိုင်ငံတွေရဲ့ လုံခြုံရေးကို လဲထိခိုက်မယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Nargis မုန်တိုင်းဖြစ်တဲ့ ၂၀၀၈ ခုနှစ်မှာလဲ ထိုင်းနိုင်ငံရေး၀န်ကြီး ကွယ်လွန်သူ ဆုရင်းဖစ်ဆု၀မ်း (Surin Pitsuwan)  က ထိုစဉ်က အုပ်ချုပ်နေတဲ့ဗမာ စစ်အစိုးရကို ကူညီဖို့ သွားကမ်း လှမ်းတယ်။ စစ်အစိုးရက ကနဉီးကလက်မခံဘူး။ ဒီတော့ ဆုရင်းကပြောတယ်။ “ ကျနော်တို့မကူညီယင် နိုင်ငံကြီးတွေက ၀င်လာမယ်။ အဲဒီအခါ ခင်ဗျားတို့နိုင်ငံလဲ ပြိုမှာပဲ” လို့ ပြောတော့မှ ကူညီခွင့်ပေး လာတယ်။

အခုလဲအတူတူပါပဲ။ ထိုင်းတို့ Asean တို့ကူညီခွင့်မရှိယင် နိုင်ငံကြီးတွေ၀င်လာမယ်။ အဲဒီအခါ ဗမာ တွင်မက Asean တစ်ခုလုံးလဲ လုံခြုံမှု ရှိတော့မှာမဟုတ်ဖူး။ ဒါကို ဗမာသိဘို့ လိုတယ်။

Photo Credit to Arkar Maung Maung- ယနေ့တောင်ကြီးမြို့တွင်ပြုလုပ်သော စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သည့်ဆန္ဒထုတ်ဖော်မှု

တစ်ဖက်မှာလဲ ဗမာဘက်က ဒီကိစ္စမှာ လက်ဉီးမှုယူသင့်တယ်။ ၂၀၁၄ ထိုင်းအာဏာသိမ်းမှုဖြစ်တော့ ထိုင်းကနေ Asean ဉက္ကဌ ဖြစ်တဲ့ ဗမာကို သတင်းပို့တယ် ။ အကူအညီတောင်းခံတယ်။  တခြား Asean အဖွဲ့၀င်တွေဆီလဲသွားတယ်။ ဒီတော့ Asean က ၀င်ပြီး တာ၀န်ယူတော့ ထိုင်းအခြေအနေကလဲ ရုပ်ပျက်ဆင်းပျက်မဖြစ်ပဲ ရပ်တည်နိုင်ခဲ့တယ်။ ဒါကို ဗမာဘက်က သိဘို့လိုတယ်ဟုပြောသွားပါတယ်။

ထို့အပြင်အာဏာသိမ်းခေါင်းဆောင်တွေ ဒေါ်စုနဲ့ သဘောတူညီချက်ရယူဘို့လဲ အကြံပြုတယ်။ ဘာပဲဖြစ် ဖြစ် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေဗမာရဲ့ဒီမိုကရေစီ သင်္ကေတဟာ ဒေါ်စုပဲ။ ဒါကို ဖျက်ခြေဖို့ မလွယ်ရေးချမလွယ် ဖြစ်တယ်လို့ ထောက်ပြပါတယ်။

ဒါဟာ မစ္စတာ ကဝိရဲ့ ပြောကြားချက်ကို အတိုချုံးပြီး အားလုံးနားလည်အောင် ပြန်လည်တင်ပြခြင်းဖြစ် ပါတယ်။ ကြိုက်ယင်ယူ မကြိုက်ယင်မယူနဲ့ (Take it on leave it) ပေါ့။ သို့သော် ကြိုက်မယ်လို့မျှော်လင့်ပါ တယ်။

ခွန်းဆေ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...