Tuesday, January 27, 2026

Asean နှင့် ဗမာ့အာဏာသိမ်းပွဲ

ဒီမနက် Thai PBS ကနေ ဗမာ့အရေးကျွမ်းကျင်သူ နာမည်ကြီးသတင်းစာဆရာ ကဝိ ကျုံးကစ်ထာဝွန်း (Kavi Chongkijthavorn) နဲ့ ဗမာ့အာဏာသိမ်းပွဲ (သို့မဟုတ်အာဏာလွှဲပွဲ) ကိစ္စကိုဆွေးနွေးပါတယ်။

ဗမာ့အရေးကျွမ်းကျင်သူ နာမည်ကြီးသတင်းစာဆရာ ကဝိ ကျုံးကစ်ထာဝွန်း (Kavi Chongkijthavorn)

ကဝိမြင်ဒါက ဒီကိစ္စ ဖြစ်လာဒါဟာ ဘယ်လိုဘဲမဲကိစ္စအကြောင်းပြောပြော တစ်ဖက်ကတော့ မာနကိစ္စ ဖြစ်ပါတယ်။ “ခင်ဗျားက  ကျနော့ကို အလေးမထားယင် ကျနော်လဲ ခင်ဗျားကို ဘာအရေးထားစရာရှိလဲ” ဆိုတဲ့ကိစ္စဖြစ်တယ်။ အခြေခံဉပဒေမှာ “ကာ/လုံ”  ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကျင်းပဘို့ ပြဌာန်းထားတယ်။ ဒါကို ကျင်းပဘို့ တပ်မတော်က အကြိမ်ကြိမ် တောင်းဆိုပေမဲ့ မဖြစ်လာ ခဲ့ဘူး။ ဒီတော့ နှစ်ဖက်ရင်းနှီးမှုနဲ့ ယုံကြည်မှုကို မတည်ဆောက်နိုင်ခဲ့ဘူး။ ဒီကနေစပြီးဖြစ် လာဒါဖြစ်တယ်။

အခုပြဿနာကြီးမှာ ထိုင်းကအိမ်နီးချင်းအနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ။ Asean ကရော ဘယ်လိုချဉ်း ကပ်မလဲဆိုတဲ့ကိစ္စဖြစ်တယ်။ ထိုင်းချည်းချည်းပဲလဲ အားမရှိဘူး။ Asean နောက်ခံရှိရမယ်။  Asean ကလည်း အင်အားကြီးနိုင်ငံတွေ ၀င်လာမှာစိုးရိမ်တယ်။ သူတို့၀င်လာယင် ဒီနိုင်ငံတွေရဲ့ လုံခြုံရေးကို လဲထိခိုက်မယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ Nargis မုန်တိုင်းဖြစ်တဲ့ ၂၀၀၈ ခုနှစ်မှာလဲ ထိုင်းနိုင်ငံရေး၀န်ကြီး ကွယ်လွန်သူ ဆုရင်းဖစ်ဆု၀မ်း (Surin Pitsuwan)  က ထိုစဉ်က အုပ်ချုပ်နေတဲ့ဗမာ စစ်အစိုးရကို ကူညီဖို့ သွားကမ်း လှမ်းတယ်။ စစ်အစိုးရက ကနဉီးကလက်မခံဘူး။ ဒီတော့ ဆုရင်းကပြောတယ်။ “ ကျနော်တို့မကူညီယင် နိုင်ငံကြီးတွေက ၀င်လာမယ်။ အဲဒီအခါ ခင်ဗျားတို့နိုင်ငံလဲ ပြိုမှာပဲ” လို့ ပြောတော့မှ ကူညီခွင့်ပေး လာတယ်။

အခုလဲအတူတူပါပဲ။ ထိုင်းတို့ Asean တို့ကူညီခွင့်မရှိယင် နိုင်ငံကြီးတွေ၀င်လာမယ်။ အဲဒီအခါ ဗမာ တွင်မက Asean တစ်ခုလုံးလဲ လုံခြုံမှု ရှိတော့မှာမဟုတ်ဖူး။ ဒါကို ဗမာသိဘို့ လိုတယ်။

Photo Credit to Arkar Maung Maung- ယနေ့တောင်ကြီးမြို့တွင်ပြုလုပ်သော စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သည့်ဆန္ဒထုတ်ဖော်မှု

တစ်ဖက်မှာလဲ ဗမာဘက်က ဒီကိစ္စမှာ လက်ဉီးမှုယူသင့်တယ်။ ၂၀၁၄ ထိုင်းအာဏာသိမ်းမှုဖြစ်တော့ ထိုင်းကနေ Asean ဉက္ကဌ ဖြစ်တဲ့ ဗမာကို သတင်းပို့တယ် ။ အကူအညီတောင်းခံတယ်။  တခြား Asean အဖွဲ့၀င်တွေဆီလဲသွားတယ်။ ဒီတော့ Asean က ၀င်ပြီး တာ၀န်ယူတော့ ထိုင်းအခြေအနေကလဲ ရုပ်ပျက်ဆင်းပျက်မဖြစ်ပဲ ရပ်တည်နိုင်ခဲ့တယ်။ ဒါကို ဗမာဘက်က သိဘို့လိုတယ်ဟုပြောသွားပါတယ်။

ထို့အပြင်အာဏာသိမ်းခေါင်းဆောင်တွေ ဒေါ်စုနဲ့ သဘောတူညီချက်ရယူဘို့လဲ အကြံပြုတယ်။ ဘာပဲဖြစ် ဖြစ် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေဗမာရဲ့ဒီမိုကရေစီ သင်္ကေတဟာ ဒေါ်စုပဲ။ ဒါကို ဖျက်ခြေဖို့ မလွယ်ရေးချမလွယ် ဖြစ်တယ်လို့ ထောက်ပြပါတယ်။

ဒါဟာ မစ္စတာ ကဝိရဲ့ ပြောကြားချက်ကို အတိုချုံးပြီး အားလုံးနားလည်အောင် ပြန်လည်တင်ပြခြင်းဖြစ် ပါတယ်။ ကြိုက်ယင်ယူ မကြိုက်ယင်မယူနဲ့ (Take it on leave it) ပေါ့။ သို့သော် ကြိုက်မယ်လို့မျှော်လင့်ပါ တယ်။

ခွန်းဆေ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...