Tuesday, January 27, 2026

စစ်အာဏာရှင် ကို ဆန့်ကျင်သည့် ဖဲကြိုးနီ လှုပ်ရှားမှု ပိုများလာ

စစ်အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းရှိ အစိုးရဝန်ထမ်းများ ဖဲကြိုးနီ Red Ribbon Campaign ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြမှုများ တရက်ထက် တရက် ပိုမိုများလာသည်။

တပ်မတော်သည် ဖေဖော်ဝါရီ ၁ရက် မနက်မှ စတင်ကာ နိုင်ငံတော် မှ အာဏာကို သိမ်းယူခဲ့ပြီး၊ သက်ဆိုင်ရာ အစိုးရ ဌာနအတွက် ဝန်ကြီးများကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အသစ်ခန့်အပ်လိုက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးဌာနချုပ်ရုံး စစ်တပ်လက်အောက်တွင် အလုပ်မလုပ်လိုသည့်အတွက် အစိုးရ ဝန်ထမ်းများ က ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်လာသကဲ့သို့ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပြည်သူလူထုက စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း နည်းမျိုးစုံ ဆန္ဒထုတ်ဖော်နေကြသည်။

ယနေ့ ထူးခြားသည့်မှာ အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ်(၂) တပ်ရင်း မှ တပ်ခွဲမှူး၊ တပ်စိတ်မှူး၊ ဗျူဟာမှူး၊ တပ်သားနှင့် တပ်မိသားစုဝင်များလည်း စစ်အာဏာသိမ်းသည့် ကိစ္စနှင့် ပတ်သက်ပြီး အပြင်းအထန်ရှုံ့ချကြောင်း ကြေညာချက် ထုတ်လာသည်။

“ ကျနော်တို့ကတော့ နည်းမျိုးစုံနဲ့ စစ်အာဏာရှင်ကို ကန့်ကွက်သွားပါမယ်။ စစ်အာဏာရှင်လက်အောက်မှာလည်း အလုပ်မလုပ်လိုဘူး။ ကျနော်တို့ တင်မြှောက်ထားတဲ့ အစိုးရရှိပါတယ်” ဟု အမည်မဖော်လိုသည့် သျှမ်း/တောင် မှ ကျောင်းဆရာ တဦး က ပြောသည်။

အစိုးရဝန်ထမ်းများသည် စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုတော့သဖြင့် အလုပ်များ ရပ်နားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ ကျမတို့ ကတော့ အလုပ်ဆက်မလုပ်တော့ဘူး။ စစ်အာဏာရှင် အောက်မှာကို မလုပ်တာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ဆက်ပြီး ဆန့်ကျင်သွားမယ်” ဟု ကျောင်းဆရာမ တဦးကလည်း ပြောသည်။

သျှမ်းပြည်နယ် တောင်ကြီး လားရှိုး တာချီလိတ်မြို့များအပါအဝင် မြန်မာပြည်အနှံ့ မြို့ကြီးများတွင် ည ၈ နာရီအချိန် မိမိနေအိမ်အတွင်းနေပြီး အိုး စလောင်းများတီးထုသည့်အသံဖြင့် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်လာကြသည်။

ထိုသို့ နေအိမ်အတွင်းမှနေ ၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေမှုကိုလည်း ယမန်နေ့ည ဖေဖော်ဝါရီ ၄ ရက်က တချို့မြို့ကြီးများတွင် ရဲနှင့်စစ်တပ်ကဝင်ရောက်ဖမ်းဆီးနေသည်များလည်း လူမှုကွန်ရက်တွင် တွေ့ရသည်။

လူမှုကွန်ရက်ပေါ်တွင် စစ်အာဏာသိမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းမျိုးစုံ ပြုလုပ်ခြင်းကြောင်း လူမှုကွန်ရက်ကို ယာယီပိတ်ဆိုင်းထားရန် အာဏာသိမ်း စစ်အစိုးရ က ညွှန်ကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...

တောင်ကြီးမြို့လယ် စစ်အာဏာရှင် “အလိုမရှိ” သီချင်းကြောင့် စစ်ကောင်စီများ လိုက်လံစစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့လယ်ခေါင်တွင် ချိတ်ဆွဲထားသည့် လော်စပီကာ တစ်လုံးမှ စစ်အာဏာရှင် “အလိုမရှိ” သီချင်းသံကြောင့် စစ်ကောင်စီများက လာရောက်ဖွင့်သည့်သူကို လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီ ၁၉)ရက် နေ့လယ်ပိုင်း ၁ နာရီခွဲဝန်းကျင်တွင် တောင်ကြီး မြို့လယ်ခေါင် မြို့မစျေးနှင့် Asia Light သို့...

ပညာရေးအလင်းတန်းပျောက်နေဆဲ လက်ရှိသျှမ်းပြည်

0
ကိုဗစ်ရောဂါ နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်နီးပါးကြာအောင်ပိတ်ထားတဲ့ အစိုးရစာသင်ကျောင်း ဟာ နို၀င်ဘာလ ၁ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ် မှာ ၂၆ မြို့နယ်က ကျောင်းဖွင့်ခွင့်မရသေးပါဘူး။ ဒီအခြေအနေအပေါ် ကျောင်းသားမိဘတွေ၊ ကျောင်းသူ ကျောင်းသားတွေ ဆရာ ဆရာမ...