Friday, January 30, 2026

CATEGORY

နိုင်ငံရေး

ကြိုတင်မဲပုံးလုံခြုံရေးရဲချထားသော်လည်း မည်သည့်အရာမှ ရာနှုန်းပြည့်စိတ်ချရသည်မရှိ သျှမ်းရွေး/ကော်ပြော

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးကို ကော်မရှင်အဖွဲ့ခွဲရုံးတွင် လုံခြုံရေးရဲဖြင့် ထားသော်လည်း ရာနှုန်းပြည့် စိတ်မချရမှု မရှိကြောင်း သိရသည်။ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ မနက် ၈နာရီ မှ ညနေ ၆နာရီထိ...

ကိုဗစ်ကာလ ပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများဝေဖန်

ကိုဗစ်ကာလ နိုင်ငံရေးပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများက ဝေဖန်လျက်ရှိသည်။ တောင်ကြီးမြို့ပေါ်တွင် နိုင်ငံရေးပါတီများအင်အားပြမဲဆွယ်ခြင်းကို မကြာခဏပြုလုပ်လျက်ရှိပြီး ယင်းသို့လှည့်လည်မှုကြောင့် ကိုဗစ်ဗိုင်းရပ်ပြန့်ပွားမည်ကို စိုးရိမ်မိကြောင်း တောင်ကြီးမြို့ ကိုဗစ်အထူးအဖွဲ့မှ စေတနာ့ဝန်ထမ်း ဦးဝင်နိုင်စိုးကပြောသည်။ “ပါတီတွေ မဲဆွယ်တဲ့ကာလဖြစ်နေတော့ စည်းရုံးရေးလုပ်တဲ့အခါ စနစ်တကျဖြစ်စေချင်တယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လူစုလူဝေးလိုက် လမ်းပေါ်ထွက်လာကြတယ်။ Mask တွေလဲမတပ်ဘူး။...

“မူးယစ်ဆေးကြောင့် မိဘမဲ့ဖြစ်သွားတဲ့ကလေး” လျော့သွားအောင်စွမ်းဆောင်မယ်ဆိုတဲ့ လားဟူ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း မအေးသီတာမြင့်

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် ဈေးကွက်စီးပွားရေးလည်းမရှိတာကြောင့် မူးယစ်ဆေးဝါး ကို မစိုက်ချင်ဘဲ စိုက်နေရတဲ့ တောင်ပေါ်ဒေသအတွက် မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်ကာ တရားဝင် မူးယစ်ဆေးဝါး ဆေးဖြတ်စခန်းတွေလည်း တည်ထောင်ချင်ကြောင်း လားဟူ အမျိုးသမီး မအေးသီတာမြင့် က ပြောပါတယ်။ မအေးသီတာမြင့်ဟာ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဥက္ကဌ ဖြစ်ပြီး၊...

မိုင်းပန်မြို့နယ် မဲရုံသွားစစ်သည့် အစိုးရ ဝန်ထမ်း ၂ဦးကို RCSS/SSA တပ်သားများပစ်ခတ်ဟုဆို

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စုတွင်း မဲရုံသွားစစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ၂ ဦး အား ပစ်ခတ်မိကြောင်း RCSS/SSA က အတည်ပြုပြောဆိုသည်။ အောက်တိုဘာ ၂၇ ရက် နေ့လည် ၁ နာရီ ဝန်းကျင်က မဲရုံဝန်ထမ်း...

အသက် ၆၀ နှစ်အထက် ကြိုတင်မဲစတင်ပေး

သျှမ်းပြည်အတွင်းရှိ အသက် ၆၀နှစ် အထက် သက်ကြီးရွယ်အိုများအား နိုဝင်ဘာ ၈ရက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲများ စတင်ပေးနေကြောင်း သိရသည်။ အောက်တိုဘာလ ၂၉ ရက် ယနေ့ကစပြီး ကြိုတင်မဲများကို နိုဝင်ဘာ ၅ ရက်နေ့ထိ...

ဟုမ္မလင်းမြို့နယ် ကျားနီပါတီမဲဆွယ်စည်းရုံးရေးမှူး ကို အစိုးရတပ်ကဖမ်းဆီးရိုက်နှက်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းအုပ်စု ပုံနွဲ့ကျေးရွာ ကျားနီ ပါတီ စည်းရုံးရေးမှူး ဦးမောင်သိန်း ကို အရပ်ဝတ်ဖြင့် အစိုးရတပ်သားများ လာရောက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇)ရက် ည ၈နာရီခွဲက ဟုမ္မလင်းမြို့နယ် မိုင်းကိုင်း အုပ်စု ပုံနွဲ့ကျေးရွာ ၌ တိုင်းနီ...

တောင်ပေါ်ဒေသမျိုးဆက်သစ်များအတွက် အမှောင်ခွင်း၍ ပညာအလင်းဆောင်မယ်ဆိုတဲ့ လုံးစိုင်းလုံ

တောင်ပေါ်ဒေသမှာ ပညာရေး အားနည်းမှုကြောင့် စာအရေးအဖတ်မကျွမ်းကျင် မတတ်မြောက်သူတွေအမြောက်အများရှိနေပါတယ် ။ ပညာရေးမပြည့်ဝမှုကြောင့် တောင်ပေါ်လူထုအများစုဟာ နိုင်ငံရေးမှာလည်း စိတ်မဝင်စားကြပါဘူး။ အနာဂတ်မှာ မိမိပြည်နယ်နဲ့လူမျိုး နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ရေးအတွက် ကနေ့ခေတ်မှာ ပညာရေးကို အဓိက ပြုပြင်ပြောင်းလဲမြှင့်တင်ဖို့ အထူးလိုအပ်နေပါပြီ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လုံးစိုင်းလုံ...

မိုင်းပန်မြို့နယ် အတွင်း ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ ဦးသေနတ်ပစ်ခံရ

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု တွင်း ယနေ့ (အောက်တိုဘာ ၂၇)ရက် နေ့လည် ၁နာရီဝန်းကျင်က ခရိုင်ထွေအုပ်မှ ဦးစီးအရာရှိ ၂ ဦး သေနတ်ပစ်ခတ်ခံရကြောင်း ကနဦး သတင်းအရ စုံစမ်းသိရှိရသည်။ ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ်...

ခေတ်နှင့် အညီ (e–office) စနစ်ဖြင့် စတင်ကျင့်သုံးနေကြောင်း (SNLD) ပါတီ ထုတ်ပြန်

ခေတ်မီသော ပါတီတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရန် (e –office) စနစ်ကို ကြိုးစားထူထောင်နေ ဖြစ်ကြောင်း SNLD က ပြောကြားသည်။ ခေတ်နှင့်အညီ ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြေမပြတ်စေဘဲ ပါတီအတွင်း လိုအပ်သလို ပြုပြင် တည်ဆောက်ခဲ့ပြီး ခေတ်မီသည့် ပါတီ တရပ် ဖြစ်ရန် e-office စနစ်ကိုကြိုးစားထူထောင်နေပြီး ပါတီ၏နည်းဗျူဟာအဖြစ်...

အစိုးရတပ် အရာရှိ ၂ဦးကို RCSS/SSA မှ ဖမ်းဆီး၊ ရိုက်နှက် ဟု တပ်မတော်ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တောင်ရှည်ကျေးရွာ အနီးတွင် အစိုးရ တပ်မတော်သား ၂ဦးကို RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည် ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး က ထုတ်ပြန်လိုက်သည်။ အောက်တိုဘာ ၆ ရက် က သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) မှ အစိုးရတပ်မတော်...

Latest news