အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်သူ၊ ဒလံများ ရှင်းပစ်မည် ဟု သီပေါလူငယ်များ စာထုတ်

သျှမ်းပြည် မြောက်ပိုင်းသီပေါမြို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး၊ ဘက်တော်သား လက်ပါးစေ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ရပ်တန့်ကြရန် သီပေါလူငယ်များက သတိပေးလိုက်ကြောင်း စုံစမ်းသိရသည်။

ထို့ကြောင့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏ ဘက်တော်သား ဒလံ များကို သီပေါမြို့ထဲတွင် မနေနိုင်အောင် အမြန်ဆုံးရှင်းလင်းသွားမည်ဟုလည်း သီပေါလူငယ်များက စာထုတ်ပြန်လိုက်သည်။

သီပေါမြို့ နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ ၏ ဒလံများက သတင်းပေးခြင်း၊ ၎င်းတို့ကိုယ်တိုင်းက ရဲစခန်းတွင် အမှုဖွင့်တိုင်းကြားထားခြင်းများ ပြုလုပ်နေလျက်ရှိ သောကြောင့် သီပေါမြို့ လူငယ်များက ယမန့်နေ ဧပြီ ၂၆ ရက်နေ့ည က သတိပေးစာထုတ်ပြန်ခဲ့သည်။

“ ကျနော်တို့ စာထုတ်ထားတာဟုတ်ပါတယ်။ ခုက ဒလံတစ်ယောက်ကျတော်တို့ ဆန္ဒပြတဲ့သူကို တရားလိုနဲ့ အမှုဖွင့်ထားတယ်ဗျ။ ကျနော်တို့ အခုက ဒလံတွေကို ကျည်ဆံ နဲ့ စာအိတ်တွေ အရင်ဆုံးပေးပို့ သတိပေးထားပါတယ်” ဟု ဒလံရှင်းမည့် အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့ရှိ ဒလံများကို ၎င်းတို့ စာထုတ်ပြန်ထားသည့် အတိုင်းတစ်ဆင့်ပြီး တစ်ဆင့်လုပ်ဆောင်သွားမည်ဟုသိရသည်။
ဒလံများကို ကျည်ဆံ နှင့် စာအိတ်များဖြင့် သတိပေးခြင်း၊ ထိုနောက် ၎င်းတို့ အိမ်တွင် အသံဗုံးခွဲခြင်း ၊ ပြည်သူများကို ဆက်လက်ပြီး အန္တရာယ် ပြုလာပါက ၎င်းတို့ အိမ်နှင့် ပတ်ဝန်းကျင်တို့ ကို ထိခိုက်လာနိုင်ကြောင်းသိရသည်။


ဒလံများအနေဖြင့် စာရသည့်အချိန်မှ စပြီး မိမိ၏ လုပ်ရပ်အမှားများကို ရပ်တန့်က ရပ်ပြီး ရှောင်ပြေးရန်၊ မိမိ၏ မိသားစုဝင်များကို တပါးတည်း ခေါ်ဆောင်သွားရန်၊ မလိုက်နာပါက မိမိ၏ မိသားစုဝင်မျးအတွင်း ကလေး၊ လူကြီး၊ကျား၊မ မရွေး၊ ကိုယ်ဝန်သည်နှင့် အိမ်နီးနားချင်းများပါ မကျန် အသက်အန္တရာယ်ကျရောက်မည်ဟု သီပေါလူငယ်များ၏ ထုတ်ပြန်စာတွင်ရေးသားထားသည်

“ ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ သူတို့က ဆက်ပြီး ပြည်သူလူထုကို အန္တရာယ်ပေးနေမယ်ဆို ကျနော်တို့လည်း သူတို့ကို အကြမ်းဖက် လက်နက်တွေနဲ့ သုံးမယ်ဗျ။ “ ဟု ဒလံရှင်းအဖွဲ့ဝင်တစ်ဦးကပြောသည်။

သီပေါမြို့တွင် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ နေ့၊ည လမ်းပေါ်တွင် စောင့်ဆိုင်း စစ်ဆေးနေသော်လည်း သီပေါလူထုသည် စစ်အာဏာရှင် အလိုမရှိကြောင့် နေ့စဉ်နည်းမျိုးစုံဖြင့် ဆန္ဒပြနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...