နမ့်စန်မြို့နယ် အတွင်း RCSS/SSAနှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲ ဆက်တိုက်ဖြစ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် RCSS/SSA တို့ ယမန်နေ့(ဧပြီ ၂၃)ရက် ညနေပိုင်းတွင် တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်တော် (RCSS/SSA)နှင့် အာဏာသိမ်း စစ်တပ် တို့သည် ယမန်နေ့ ညနေ ၃နာရီခန်းတွင် နမ့်စန်မြို့နယ် ဟိုင်းဖက်ကျေးရွာအုပ်စု လွယ်ငင်းကျေးရွာတွင် တကြိမ်၊ ညနေ (၅)နာရီတွင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲလွယ်လ ကျေးရွာအုပ်စု ပါဆွမ့် ကျေးရွာအနီးတွင် တကြိမ်ဖြစ်ပွားခဲ့ကြောင်း RCSS/SSA ၏ သတင်းဌာန တခုဖြစ်သည့် Tai Freedom တွင်ရေးသားထားသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က “ မနေ့က လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် မှာတိုက်ပွဲဖြစ်ပွားတယ်ဆိုတာ အတည်ပြုလို့ရပါတယ်။ အသေးစိတ်ကတော့ ကျနော်ဆီ မရောက်သေးဘူး။ထိတွေ့မှုတိုက်ပွဲပါပဲ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့နယ် ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်း စစ်တပ် မှ တပ်သားများ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း လည်း Tai Freedom တွင်ရေးသားထားသည်။

ထို့အပြင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲလွယ်လ ကျေးရွာအုပ်စု ပါဆွမ့် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပါဆွမ့်ေကျေးရွား သွားလမ်းကို အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ကန့်သတ်ခဲ့ပြီး ရွာသား (၆)ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း သိရသည်။

ယနေ့ (ဧပြီ၂၄ ရက်)အထိ အာဏာသိမ်း စစ်တပ် နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့သည် တိုက်ပွဲဖြစ်ပွားရာဒေသဘက်သို့ စစ်အင်အား ဖြည့်နေကြောင်းလည်း နမ့်စန်မြို့ ဒေသခံ တဦး က ပြောပြသည်။

ဧပြီလ ၂၂ ရက် နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းတွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ အတွင်းတို့တွင် (RCSS/SSA)နှင့် အာဏာသိမ်း စစ်တပ် တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုသိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော်လည်း တပ်မတော်မှ တိုင်းပြည်အာဏာ လုယူမှုအား ရှုပ်ချကြောင်း ဒါ့အပြင် ဆန္ဒပြလူထုနှင့်အတူ ရပ်တည်ကြောင်း နှစ်ကြိမ်ထက်မနည်း သဘောထားထုတ်ပြန်ကြေငြာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...