Wednesday, January 28, 2026

နမ့်စန်မြို့နယ် အတွင်း RCSS/SSAနှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲ ဆက်တိုက်ဖြစ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် RCSS/SSA တို့ ယမန်နေ့(ဧပြီ ၂၃)ရက် ညနေပိုင်းတွင် တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်တော် (RCSS/SSA)နှင့် အာဏာသိမ်း စစ်တပ် တို့သည် ယမန်နေ့ ညနေ ၃နာရီခန်းတွင် နမ့်စန်မြို့နယ် ဟိုင်းဖက်ကျေးရွာအုပ်စု လွယ်ငင်းကျေးရွာတွင် တကြိမ်၊ ညနေ (၅)နာရီတွင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲလွယ်လ ကျေးရွာအုပ်စု ပါဆွမ့် ကျေးရွာအနီးတွင် တကြိမ်ဖြစ်ပွားခဲ့ကြောင်း RCSS/SSA ၏ သတင်းဌာန တခုဖြစ်သည့် Tai Freedom တွင်ရေးသားထားသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က “ မနေ့က လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် မှာတိုက်ပွဲဖြစ်ပွားတယ်ဆိုတာ အတည်ပြုလို့ရပါတယ်။ အသေးစိတ်ကတော့ ကျနော်ဆီ မရောက်သေးဘူး။ထိတွေ့မှုတိုက်ပွဲပါပဲ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့နယ် ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်း စစ်တပ် မှ တပ်သားများ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း လည်း Tai Freedom တွင်ရေးသားထားသည်။

ထို့အပြင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲလွယ်လ ကျေးရွာအုပ်စု ပါဆွမ့် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ပါဆွမ့်ေကျေးရွား သွားလမ်းကို အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ကန့်သတ်ခဲ့ပြီး ရွာသား (၆)ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း သိရသည်။

ယနေ့ (ဧပြီ၂၄ ရက်)အထိ အာဏာသိမ်း စစ်တပ် နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့သည် တိုက်ပွဲဖြစ်ပွားရာဒေသဘက်သို့ စစ်အင်အား ဖြည့်နေကြောင်းလည်း နမ့်စန်မြို့ ဒေသခံ တဦး က ပြောပြသည်။

ဧပြီလ ၂၂ ရက် နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းတွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ အတွင်းတို့တွင် (RCSS/SSA)နှင့် အာဏာသိမ်း စစ်တပ် တို့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုသိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော်လည်း တပ်မတော်မှ တိုင်းပြည်အာဏာ လုယူမှုအား ရှုပ်ချကြောင်း ဒါ့အပြင် ဆန္ဒပြလူထုနှင့်အတူ ရပ်တည်ကြောင်း နှစ်ကြိမ်ထက်မနည်း သဘောထားထုတ်ပြန်ကြေငြာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...