မိုးမောက်မြို့နယ် သျှမ်းစစ်ဘေးရှောင် (၅၀၀၀) ကျော် အတွက် စားနပ်ရိက္ခာခက်ခဲနေ

0

ကချင်ပြည် မိုးမာက်မြို့နယ် သျှမ်းတိုင်းရင်းသား စစ်ဘေးရှောင် (၅၀၀၀) ကျော် အတွက် စားနပ်ရိက္ခာခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

မိုးမောက်မြို့နယ်တွင် ကချင်တပ်မတော် (KIA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်းမှုကြောင့် ပြည်သူများ ဗန်းမော်ဘက်သို့ စစ်ဘေးထွက်ပြေးတိမ်ရှောင်လာခဲ့ရကြောင်း၊ အစားသောက်ခက်ခဲမှုရှိနေကြောင်း ဝါရှောင်ဆရာတော်က မိန့်ကြားသည်။

“ စစ်ရှောင်တွေတချို့ က ဗန်းမော်ကို ထွက်ပြေးနေရတယ်။ စားသောက်ကတော့ ခက်ခဲရှိတာပေါ့။ စစ်ရှောင်အားလုံးက ၅ ထောင်လောက်ရှိတယ်။ စစ်ရှောင်စခန်းတွေက ၁၀ ခုလောက်ရှိတယ်လေ။” ဟု ဝါရှောင်ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်း သျှမ်းတိုင်းရင်းသားလူမျိုးများအတွက် ကူညီထောက်ပံ့မှုများ၊ လူမှုပရဟိတများ၊ စသည့်တို့ နည်းပါးလျက်ရှိကြောင်း သိရသည်။

“ ကချင်ပြည်နယ်မှာက သျှမ်းတွေကတော့ လူမှုပရဟိတ အဖွဲ့တွေ၊ ခေါင်းဆောင်ပိုင်တွေ အဲ့ဒါတွေကအားနည်းတော့လေ၊ ဘုန်းကြီးကျောင်းတွေ ဆွေမျိုးအိမ်တွေမှာဘဲလိုက်နေကြတယ်။ စာရင်းကောက်လို့ရတာက ၃ ထောင်ကျော်၊ တကယ်က ၅ ထောင်ကျော်လောက်ရှိတယ်” ဟု ဆရာတော်က ထပ်လောင်းမိန့်သည်။

လက်ရှိအချိန်ထိ KIA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မိုးမောက်မြို့နယ်တွင် စစ်ရေးပြင်းထန်းနေလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ မှ ရဟတ်ယာဉ်သုံးကာ လေကြောင်းလိုင်းဖြင့်ပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် အတွင်း အရပ်သားနေအိမ် များစွာ ပျက်စီးခဲ့ရသည်။

ထို့ပြင် မိုးမောက်မြို့နယ် သျှမ်းလူမျိုးများနေထိုင်သည့်ကျေးရွာ (၅၀)ကျော် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်းလာလျက်ရှိကြောင်းသိရသည်။

Leave a Comments