မိုးမောက်မြို့နယ် စစ်ရှောင် သျှမ်းပြည်သူတချို့ နေရပ်ပြန်ရန် ခက်ခဲနေ

မိုးမောက်မြို့နယ်မှ စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများ၏ ကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့တို့၏ စခန်းချ နေထိုင်မှုများကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ခက်ခဲနေကြောင်း သတင်းသိရသည်။

မိုးမောက် သျှမ်းစစ်ရှောင်များ

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက မိုးမောက်မြို့နယ်တွင် KIA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ရေး ပြင်းထန်လာခဲ့ပြီး သျှမ်းလူထုနေထိုင်သည့် ကျေးရွာပေါင်း (၅၀)နီးပါးက ရွာလုံးကျွတ်ထွက်ပြေး လာခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့တို့က ကျေးရွာအတွင်း နေရာယူတပ်စွဲထားခြင်း ဖြစ်ကြောင်း သိရသည်။

“မြို့သစ်၊ စီဟက်၊ ကုန်းလော့ စတဲ့ ရွာဘက်တွေမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တော့ ဒေသခံတွေက ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ရတယ်၊ အခုအဲ့နေရာတွေက frontline of battles (စစ်ရေးတင်းမာသည့်မြေပြင်) လိုဖြစ်နေတာ၊ တချို့ရွာတွေမှာ ဗမာစစ်တပ်နေတယ်၊ တချို့ရွာတွေကျတော့ PDF တွေ KIA တွေ နေနေကြတယ်၊ ဒါကြောင့် မပြန်နိုင်ကြသေးဘူး” ဟု အခြေအနေအများကို သိရှိရသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမောက် သျှမ်းစစ်ရှောင်များ

အဆိုပါ စစ်ကောင်စီတို့ တပ်စွဲစခန်းချထားသည့် ကျေးရွာအများစုသည် သျှမ်းလူထုနေထိုင်ရာ ကျေးရွာများ ဖြစ်ကြပြီး တိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့်လည်း ဝမ်းစာရှာဖွေရေးအတွက် အခက်အခဲရှိနေမှု ကြောင့် နေရပ်ပြန်ချင်နေကြောင်း သိရသည်။

“သူတို့စရောက်တုန်းက အဆင်ပြေတဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ နေကြရတာပေါ့၊ အဲ့နောက်တော့ Camps တွေ လုပ်ပြီး နေကြရတယ်၊ ဒါပေမဲ့သူတို့အရပ်မဟုတ်တော့ ဝမ်းစာအတွက် အလုပ်မရှိ၊ ခက်ခဲနေကြတော့ ပြန်ချင် ကြတာပေါ့၊ ဒါပေမဲ့စစ်သားတွေက ရွာထဲရှိနေတော့ မပြန်ရဲကြဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောပြ သည်။


လက်ရှိတွင် ဒေသအတွင်းပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း တစ်ဖက်နှင့် တစ်ဖက် စစ်ရေးတင်းမာမှုများရှိ နေသည့်အပြင် စစ်ကောင်စီတပ်သားတို့၏ ရမ်းသမ်းပစ်ခတ်မှု၊ ပြည်သူပိုင် ကြက်၊ဝက်၊နွား နှင့် ပစ္စည်းဥစ္စာ အိုး အိမ် စည်းစိမ်များကို ဖျက်ဆီး သတ်ဖြတ်ယူဆောင်စားသောက်မှု စသည့် အကြမ်းဖက်လုပ်ရပ်များရှိနေသည့် အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်းလည်း သိရသည်။

မိုးမောက်မြို့နယ်အတွင်း KIA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မိုးမောက်မြို့နယ်တွင် စစ်ရေးပြင်းထန်နေစဥ် တွင် စစ်ကောင်စီမှ ရဟတ်ယာဉ်သုံးကာ လေကြောင်းလိုင်းဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် များစွာ ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...