မိုးမောက်မြို့နယ် လက်နက်ကြီးသံတွေကြောင့် စစ်ဘေးရှောင် နေရပ်ပြန်ရမှာကို စိုးရိမ်နေ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိပဲ လက်နက်ကြီးသံတွေ ဆက်တိုက် ပြန်ကြားလာရသည့် အတွက်ကြောင့် စစ်ဘေးရှောင်များ နေရပ်သို့ ပြန်ရမည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။

မိုးမောက်မြို့နယ် စစ်ရှောင်

ယမန်နေ့ (ဒီဇင်ဘာ ၁၂) ရက် ည ၁၀ နာရီဝန်းကျင် နှင့် ယနေ့ မနက်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်သံများကို မိုးမောက်မြို့ အနီးတစ်ဝိုက်တွင် ကြားနေရပြီး မည်သူက ပစ်ခတ်သည်ကို မသိရှိရကြောင်း သိရသည်။

အဆိုပါ မိုးမောက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိ၊ ပစ်ခတ်မှုမရှိတာ ရက် ၂၀ နီးပါးရှိနေပြီး ဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်တာ၊ အသံတွေ ငြိမ်နေတာက ရက် ၂၀ လောက်ရှိနေပြီ။ မနေ့ည နဲ့ ဒီနေ့မနက်က အသံတွေပြန်ကြားနေရတာ။ အသံက လက်နက်ကြီးအသံပဲ။ ဘယ်နားပစ်သွားလဲတော့ မသိဘူး” ဟု မိုးမောက်မြို့ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်များသည် ၂၀၂၃ ခုနှစ်တွင် နေရပ်ကို ပြန်ရန်ပြင်ဆင်ထားပေမယ့် လက်နက်ကြီးသံကြောင့် နေရပ်ကိုပြန်ရန် စိုးရိမ်နေကြောင်း သိရသည်။

သို့သော် လက်ရှိတွင်လည်း လူငယ် နှင့် အမျိုးသားတစ်ချို့က ကျေးရွာတွင်း ပြန်ရောက် နေထိုင်လျက်ရှိကြောင်း သိရသည်။

” သူတို့ ၂၀၂၃ ကျရင် ပြန်ဖို့ ပြင်ဆင်ထားတာ။ အခုတော့ လူငယ်တွေ၊ အမျိုးသားတွေ တစ်ချို့တော့ ရွာမှာပြန်နေတာရှိတယ်။ မနေရင်လည်း မရဘူးလေ။ မူးယစ်ဆေးဝါးသုံးတဲ့သူတွေက အိမ်ကိုဝင်ခိုး တာရှိတယ်လေ။ အဲ့ကြောင့်တစ်ချို့က ရွာမှာပြန်စောင့်ပြီး နေကြတာ” ဟု စစ်ဘေးရှောင်ကို ကူညီပေးနေသူက ပြောသည်။

မိုးမောက်မြို့နယ် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲကြောင့် လုံဂျာ နှင့် နောင်ပေါင်းကျေးရွာ ဒေသခံ စစ်ဘေးရှောင်များသည် ၅၀၀ ကျော် ကျန်ရှိနေပြီး ရှမ်းမေ့ရောင်ခြည် ဘုန်းကြီးကျောင်း နှင့် လောကမာရစိန် ဘုန်းကြီးကျောင်းသို့ အောက်တိုဘာ (၂၁) ရက်က စစ်ဘေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...