နမ္မတူ ဒေသခံများ နှစ်ကျော့ပြန် စစ်ရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နှစ်ကျော့ပြန် စစ်ရှောင်နေရကြောင်း သတင်းရရှိသည်။

ဧပြီ (၂၅) ရက်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တို့သည် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး တိုက်ပွဲပြင်းထန်မှုကြောင့် တာပူကျေးရွာ စစ်ရှောင်များ သည် သီပေါမြို့နယ်အတွင်းသို့ ထပ်မံထွက်ပြေးတိမ်းရှောင်လာရကြောင်း စစ်ရှောင်ကူညီပေးနေသူများ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မနေ့က သီပေါစစ်ရှောင်စခန်းကို ထပ်မံထွက်ပြေးလာတာ (၁၃၀) လောက်ရှိတယ်။ ပန်လုံနားတိုက်ပွဲဖြစ်တော့ ပန်လုံ ကျေးရွာနားက တာပူစစ်ရှောင် ကနေ သီပေါ ထပ်ပြီး ထွက်ပြေးလာရတယ်။ စစ်ရှောင်တွေ ၂ခါ ထွက်ပြေးနေရတဲ့သေဘာပေါ့” ဟု သီပေါ စစ်ရှောင်များကို ကူညီပေးနေသည့် စေတနာ့ဝန်ထမ်း တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက စစ်ရှောင်များအတွက် စားနပ်ရိက္ခာ ပြဿနာ ဖြစ်နိုင်ကြောင်းလည်း ၎င်း က ပြောသည်။

လက်ရှိ သီပေါစစ်ရှောင်စခန်းတွင် စစ်ရှောင် (၁၀၀၀) ကျော်ရှိနေပြီး၊ တိုက်ပွဲငြိမ်သက်ပါက နေရပ်သို့ ပြန်သွားပြီး တိုက်ပွဲဖြစ်ပြင်းထန်လျှင် စခန်းသို့ ပြန်လာသည့်သူများလည်း ရှိကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“စစ်ရှောင်စာရင်းတွေက မငြိမ်ဘူး။ တိုက်ပွဲငြိမ်ရင် ပြန်သွားကြတယ်။ ဖြစ်ရင် ပြန်ပြေးလာကြတယ်”ဟု စေတနာ့ ဝန်ထမ်း အမျိုးသမီး တစ်ဦးကပြောသည်။

ဧပြီ (၆) ရက်မှ စတင်ပြီး သီပေါမြို့ရှိ စစ်ရှောင်များ ရောက်ရှိလာကြောင်း၊ ယနေ့ချိန်ထိ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုကြောင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ဧပြီ (၂၁) ရက်တွင် နမတူမြို့နယ်အတွင်းရှိ ပန်လုံကျေးရွာ၊ ရေအိုးကျေးရွာ နှင့် မန်ဆာကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ နေအိမ်ခန့်မှန်းခြေ (၇) လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...