Wednesday, January 28, 2026

နောင်ချိုမြို့ ဖမ်းဆီးခံလူငယ်(၂)ဦး ပြန်လွှတ်ပေး၊ ညှိနှိုင်းပေးသည့် အမျိုးသား တဦး ဖမ်းခေါ်သွား

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့တွင် ယမန်နေ့ (ဧပြီ ၂၅)ရက်တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ လူငယ် (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားပြီး ပြန်လည်လွှတ်ပေးသော်လည်း သွားရောက်ညှိနှိုင်းပေးသည့် အမျိုးသား တဦးကို ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။


နောင်ချိုမြို့တွင် ယမန်နေ့(ဧပြီ ၂၅)ရက် တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်သည့် လူငယ် (၂)ဦး ကို အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးသွားပြီး၊ ထိုလူငယ် (၂)ဦးကို ပြန်လွှတ်ပေးရန် အမျိုးသား တဦးက သွားရောက်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် လူငယ် (၂)ဦးကို ညနေပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ မှ ပြန်လည်လွှတ်ပေးခဲ့ပြီး ၊ သွားရောက်ညှိနှိုင်းပေးသည့် ဦးဇော်မင်းကျော် ကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နောင်ချိုဒေသခံ တဦး က ပြောပြသည်။

“မနေ့ညက ဖမ်းသွားတဲ့ လူငယ် (၂) ဦး ပြန်လွှတ်ဖို့ ဦးလေး တယောက်က သွားညှိနှိုင်းတယ်။ လူငယ (၂)ဦးက ပြန်လွှတ်လာပြီး ဦးလေး(ဦးဇော်မင်းကျော်) ကိုတော့ တပ်ထဲ ခေါ်သွားတယ်။အခုထိ မလွှတ်ပေးသေးဘူး” ဟု နောင်ချို ဒေသခံ အမျိုးသမီး တဦး က ဆိုသည်။

နောင်ချိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ လူထု သပိတ်စစ်ကြောင်းထွက်မရအောင် လူထုကို ဖမ်းဆီးခြင်းး၊ လမ်းမပေါ်တွင် တားဆီးပိတ်ပင်ထားသော်လည်း နောင်ချို ဒေသခံ များက ယနေ့ (ဧပြီ ၂၆)ရက် တွင် လူထု စစ်ကြောင်း ဆက်လက် ချီတက်ဆန္ဒပြနေသေးကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စပြီး အကြမ်းဖက်စစ်ကောင်စီမှ အနုပညာရှင်များ၊ စစ်အာဏာဆန့်ကျင်သူများ၊ နာမည်ကြီးပုဂ္ဂိုလ်များကို ရာဇသတ် ပုဒ်မ ၅၀၅(က) ဖြင့် လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။

ယခုနောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ အရပ်ဝတ်ဖြင့် ပြည်သူများ နေအိမ် အထိ အကြောင်းမဲ့ လိုက်လံဖမ်းဆီးခြင်း၊ ကားတိုက်ပြီး ဖမ်းဆီးခြင်း တို့ကိုပြုလုပ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊၁ ဦးဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင်လ ၁ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၁၁...

နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...

နောင်ချိုမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာများကို စစ်ကောင်စီမှ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၆) ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ ရွှေညောင်ပင်ရွာနှင့် အုမ္မခါးကျေးရွာများကို လေကြောင်းဖြင့်...

နောင်ချိုမြို့နယ် တောင်းခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ တောင်းခမ်းအမြောက်တပ်ရင်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့်...

နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု အပြင်းအထန်ပြုလုပ်နေ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေပြီး ဒေသခံ ၁ဦး ဒဏ်ရာရရှိနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ...