Thursday, April 25, 2024

လွိုင်တိုင်းလျန်းဒေသ လျှပ်စစ်ထုတ်မည့်အရေး တိုင်းစီယမ်ကုမ္ပဏီ မှ စစ်ကောင်စီ နှင့် တွေ့ဆုံမှု RCSS မသိရှိသေး

Must read

RCSS ၏ ဗဟိုဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းဒေသအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကိစ္စ တိုင်းစီယမ် ကုမ္ပဏီက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ (၂၃) ရက်တွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သျှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဝက်ဆိုက်မှာ ဖော်ပြထားသည်။

လွိုင်တိုင်းလျန်းဒေသ အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အတွင် တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အရ ဒေသဖွံ့ဖြိုးရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် သဘောတူထားသည့် လုပ်ငန်းတရပ်ဖြစ်ကြောင်း၊ လက်ရှိ တိုင်းစီယမ်း ကုမ္ပဏီ နှင့် စစ်ကောင်စီ တွေ့ဆုံမှု ကို မသိရှိရသေးကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က ပြောပြသည်။

“ ဒီ Project က NLD အစိုးရလက်ထက်ကတည်းက ကမ်းလှမ်းထားတာပါ။NCA စာချုပ်မှာက ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုတာ ပါတဲ့အတွက်ကြောင့်မလို့ပါ။ စစ်တပ်က အာဏာသိမ်းပြီးတော့ သူတို့ ကုမ္ပဏီကို ခေါ်ပြီးတွေ့ဆုံ ဆွေးနွေး တဲ့သဘောပါ။ ခေါ်ဆွေးနွေးတာ RCSS အနေနဲ့ မသိရဘူး။ စစ်တပ်အာဏာသိမ်းမှ ဒီ project လုပ်တာ မဟုတ်ဘူး ” ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လွိုင်တိုင်းလျန်းဒေသတွင် လျှပ်စစ်ဓာတ်အား ရရှိပါက ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လွိုင်တိုင်းလျန်းဒေသသည် ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည်များရှိပါက အမြန်ဆုံးတင်ပြရန် သျှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဝပ်ဆိုက် မှာ ဖော်ပြထားသည်။

RCSS/SSA အနေဖြင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးတွင် သျှမ်းပြည်စီမံအုပ်ချုပ်ရေး ကောင်စီ နှင့် ပူးပေါင်းပြီး လာရောက်ဆွေးနွေးပေးရန် လည်း ထည့်သွင်းပြောကြားခဲ့သည်။

လွိုင်တိုင်းလျန်းဒေသသည် ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည်များရှိပါက အမြန်ဆုံးတင်ပြရန် နှင့် မိမိတို့အနေဖြင့် အမြန်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရှမ်းပြည် စီမံအုပ်ချုပ်ရေးကောင်စီ က ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော်လည်း တပ်မတော်မှ တိုင်းပြည်အာဏာ လုယူမှုအား ရှုပ်ချကြောင်း ထို့အပြင် ဆန္ဒပြလူထုနှင့်အတူ ရပ်တည်ကြောင်း နှစ်ကြိမ်ထက်မနည်း သဘောထားထုတ်ပြန်ကြေညာထားသည်။

Leave a Comments

- Advertisement -spot_img

Latest article