လွိုင်တိုင်းလျန်းဒေသ လျှပ်စစ်ထုတ်မည့်အရေး တိုင်းစီယမ်ကုမ္ပဏီ မှ စစ်ကောင်စီ နှင့် တွေ့ဆုံမှု RCSS မသိရှိသေး

RCSS ၏ ဗဟိုဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းဒေသအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကိစ္စ တိုင်းစီယမ် ကုမ္ပဏီက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ (၂၃) ရက်တွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သျှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဝက်ဆိုက်မှာ ဖော်ပြထားသည်။

လွိုင်တိုင်းလျန်းဒေသ အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အတွင် တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အရ ဒေသဖွံ့ဖြိုးရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် သဘောတူထားသည့် လုပ်ငန်းတရပ်ဖြစ်ကြောင်း၊ လက်ရှိ တိုင်းစီယမ်း ကုမ္ပဏီ နှင့် စစ်ကောင်စီ တွေ့ဆုံမှု ကို မသိရှိရသေးကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က ပြောပြသည်။

“ ဒီ Project က NLD အစိုးရလက်ထက်ကတည်းက ကမ်းလှမ်းထားတာပါ။NCA စာချုပ်မှာက ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုတာ ပါတဲ့အတွက်ကြောင့်မလို့ပါ။ စစ်တပ်က အာဏာသိမ်းပြီးတော့ သူတို့ ကုမ္ပဏီကို ခေါ်ပြီးတွေ့ဆုံ ဆွေးနွေး တဲ့သဘောပါ။ ခေါ်ဆွေးနွေးတာ RCSS အနေနဲ့ မသိရဘူး။ စစ်တပ်အာဏာသိမ်းမှ ဒီ project လုပ်တာ မဟုတ်ဘူး ” ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လွိုင်တိုင်းလျန်းဒေသတွင် လျှပ်စစ်ဓာတ်အား ရရှိပါက ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လွိုင်တိုင်းလျန်းဒေသသည် ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည်များရှိပါက အမြန်ဆုံးတင်ပြရန် သျှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဝပ်ဆိုက် မှာ ဖော်ပြထားသည်။

RCSS/SSA အနေဖြင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးတွင် သျှမ်းပြည်စီမံအုပ်ချုပ်ရေး ကောင်စီ နှင့် ပူးပေါင်းပြီး လာရောက်ဆွေးနွေးပေးရန် လည်း ထည့်သွင်းပြောကြားခဲ့သည်။

လွိုင်တိုင်းလျန်းဒေသသည် ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည်များရှိပါက အမြန်ဆုံးတင်ပြရန် နှင့် မိမိတို့အနေဖြင့် အမြန်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရှမ်းပြည် စီမံအုပ်ချုပ်ရေးကောင်စီ က ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော်လည်း တပ်မတော်မှ တိုင်းပြည်အာဏာ လုယူမှုအား ရှုပ်ချကြောင်း ထို့အပြင် ဆန္ဒပြလူထုနှင့်အတူ ရပ်တည်ကြောင်း နှစ်ကြိမ်ထက်မနည်း သဘောထားထုတ်ပြန်ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...