လဲချားမြို့နယ်ရောက် စစ်ရှောင်(၁၀၀၀)ကျော် စားနပ်ရိက္ခာနှင့်ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်
SHAN -
သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ အတွင်းရောက်ရှိနေသည့် စစ်ရှောင် (၁၀၀၀) ကျော် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင် (၁၀၀၀) ကျော်တို့သည် မိုင်းကိုင်မြို့နယ်ရှိ မိုင်းခွန်ကျေးရွာအုပ်စုက ဒေသခံ ရွာသားများဖြစ်ကြပြီး ထို နေရာသည် တိုက်ပွဲကြောင့်...
မိုင်းကိုင်မြို့ တိုက်ပွဲငြိမ်သဖြင့် စစ်ရှောင် (၂၀၀)ကျော်နေရပ်ပြန်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် တိုက်ပွဲငြိမ်သွားသဖြင့် စစ်ရှောင်ထဲတွင်နေရာထိုင်ခင်း ခက်ခဲမှုများစွာရှိသဖြင့် စစ်ရှောင် (၂၀၀)ကျော ်နေရပ်ပြန်သွားကြောင်း စုံစမ်းသိရသည်။ မိုင်းကိုင်မြို့နယ် မိုင်ခွန်ကျေးရွာအုပ်စုတွင် သျှမ်းတပ် ၂ တပ်တိုက်ပွဲကြောင့် ပြည်သူများ ထောင်ချီထွက်ပြေးတိမ်းရှောင် ခဲ့ရပြီး စစ်ရှောင်များသည် ထော်လဂျီပေါ် သို့မဟုတ် ယာယီတဲဆောက်ပြီး မိုးကာဖြင့် ကာရံကာ နေထိုင်ရန်အတွက် အခက်ခဲများစွာရှိသောကြောင့်...
တောင်ကြီးမြို့ ဒေသခံ အမျိုးသမီး(၄)ဦး နှင့်အမျိုးသား(၂)ဦး စစ်ကောင်စီမှ ဖမ်းဆီးသွား
SHAN -
သျှမ်းပြည် မြို့တော် တောင်ကြီးမြို့တွင် ညကြီးအချိန်မတော် အမျိုးသမီးများကို စစ်ကောင်စီများက လိုက်လံ ဖမ်းဆီးကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ည ဇူလိုင်လ ၁၁ နာရီ အချိန်ဝန်းကျင်မှ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၄ နာရီအထိ တောင်ကြီး မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက...
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်ဘက် တွင် ယမန်နေ့ (ဇူလိုင် ၁၅)ရက်၌ စစ်ကောင်စီတပ် နှင့် South Shan Youths Group PDF တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် PDF တပ်ဖွဲ့များမှ ကွဲထွက်မှုများ ရှိလာကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့...
မိုင်းငေါ့စစ်ရှောင်များ ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလိုအပ်
SHAN -
သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များ ကိုဗစ်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ အခက်ခဲဖြစ်နေကြောင်း သိရသည်။ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်း၊ အလှူငွေနည်းပါးခြင်းတွေကြောင့် စစ်ဘေးရှောင်များအား လုံလောက်စွာထောက်ပံ့ပေးနိုင်ခြင်းမရှိသေးသည့်အတွက် စိတ်ပူနေရကြောင်း စစ်ဘေးရှောင်များကို သွားရောက်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။ “မိုင်းငေါ့မှာရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေက နည်းနေတယ်၊ Mask ၊ Hand...
မိုင်းယော် ကာစီနို ဖွင့်ရန် သတင်းထွက်ပေါ်နေ
သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ် မိုင်းယော်ဒေသတွင် ကာစီနို (လောင်းကစားရုံ) များဖွင့်ရန်အတွက် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဌာနေ ဒေသခံများ ပြောပြချက် အရသိရသည်။ ထိုကာစီနို ကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်တွင် ရှိသည့် ၁၀၀ ပေပတ်လည်ခြံဝန်းထဲ အဆောက်အအုံများ ဆောက်ပြီးကြောင်း နှင့် လောင်းကစားခုံများရှိနေပြီးဟု မိုင်းယော်ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့်...
ကျေးသီးမြို့နယ် တိုက်ပွဲထပ်ဖြစ်မှာကြောက် စစ်ရှောင် ၄၀၀ ကျော် နေရပ်မပြန်နိုင်သေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် သျှမ်းတပ် (၂) တပ်တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင် (၄၀၀) ကျော် နေရပ်ကို မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ထိုကျန်ရှိနေသည့် စစ်ဘေးရှောင်း (၄၀၀) ကျော်သည် အသက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များဖြစ်ပြီး၊ သျှမ်းတပ်(၂)တပ် တိုက်ပွဲ ထပ်မံဖြစ်မည်ကို စိုးရိမ်းသောကြောင့် မပြန်နိုင်သေးကြောင်းသိရသည်။ “ တစ်ချို့သူတွေတော့ အကုန်ပြန်ကုန်ပါပြီ။...
စစ်ကောင်စီ နှင့် ကိုဗစ် -၁၉ ဒဏ်ကြား ပြည်သူများစားဝတ်နေရေး ပိုကြပ်တည်းလာ
SHAN -
စစ်ကောင်စီ နှင့် ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်ကြား ပြည်သူများ ယခင်ထက် စားဝတ်နေရေးအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲလာကြောင်း စုံစမ်းသိရသည်။ ယခင် အရပ်သားအစိုးရ NLD လက်ထက်တွင် ကိုဗစ် ၁၉ ပြန့်ပွားခဲ့သော်လည်း စားဝတ်နေရေးအတွက် ဖြေရှင်းရန်အတွက် နည်းလမ်းများရှိနေသေးကြောင်း လဲချားမြို့ ဈေးသည်တစ်ဦးက ပြောသည်။ “ အရင်က...
မိုင်ကိုင်မြို့နယ် စစ်ရှောင်(၃၀၀၀) ကျော် နေရာထိုင်ခင်း အခက်ခဲများစွာရှိနေ
SHAN -
သျှမ်းတောင် မိုင်းကိုင်မြို့နယ် အတွင်း ရောက်ရှိနေသည့် စစ်ရှောင် (၃၀၀၀)ကျော် အတွက် နေရာထိုင်ခင်း အခက်အခဲများရှိနေသည် ဟု စုံစမ်းသိရသည်။ သျှမ်းတပ်(၂)တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ(၃၀၀၀) ကျော်သည် မိုင်းကိုင်မြို့ သို့ စစ်ဘေးရှောင်လာကြပြီး၊ မိုးကာဖြင် ဘေးပတ်လည် ကာရံကာ နေထိုင်နေရသဖြင့် မိုးရွာသွန်းပါက အခက်အခဲများစွာဖြစ်နိုင်ကြောင်း...
တောင်ကြီးမြို့နယ် လူငယ် ၂၀ နီးပါး ကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ က ဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် အေးသာယာမြို့ အနီးပတ်ဝန်းကျင်ရှိ ကျောင်းသားလူငယ်များနှင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်သည့် လူငယ်များကို PDF များဟု ပြောဆို စွပ်စွဲကာ စစ်ကောင်စီများက လိုက်လံ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ အတွင်းတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် အေးသာယာမြို့ အနီးပတ်ဝန်းကျင်ရှိ လူငယ် များ အယောက်...






