ကွတ်ခိုင် လွယ်ကန်ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကူစစ်ရှောင်ပြည်သူများသည် မိမိနေရပ် လွယ်ကန်ကျေးရွာသို့ ပြန်ကြသော်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း စုံးစမ်းသိရသည်။ ကွတ်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာ အတွင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ကိုးကန့်တပ်မတော် (MNDAA)တို့ ပူးပေါင်းကာ စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဇွန် ၁၅ရက် မှ...
မိုင်းယော် မန်ပန်ပြည်သူ့စစ် ကိုKIA တပ်မှ (၂ )ရက်အတွင်း တပ်ဆုတ်ခိုင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းရှိ လှုပ်ရှားနေသည့် မန်ပန်ပြည်သူ့စစ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က (၂) ရက်အတွင်း တပ်ဆုတ်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယော်တိုက်နယ် ဆေးရုံအနီး ဂုံထိပ်တွင် တပ်စွဲထားသည့် မန်ပန်ပြည်သူ့စစ် ကို KIA က ယမန်နေ့ (ဇွန်...
ကျေးသီးမြို့ နောင်ဆွမ်းဘုန်းကြီးကျောင်း စစ်ရှောင်အတွက် အိပ်ယာခင်း၊စောင်များလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ နောင်ဆွမ်းဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၄၈၀) ကျော် အတွက် အိပ်ယာခင်း၊ စောင်များ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် နောင်ဆွမ်းစစ်ရှောင် (၄၈၇) ဦးသည် စစ်ရှောင်နေရပြီး အိပ်ယာခင်း၊ စောင်များ လိုအပ်ကြောင်း စစ်ဘေးရှောင်ကော်တီဝင်...
ကျောက်မဲမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပရိဟိတ အဖွဲ့ဝင်တစ်ဦးကို ဇွန် (၁၉) ည (၁၁)ဝန်းကျင် တွင် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇွန် ၁၉ ရက် ည (၁၁)နာရီ တွင် ဓမ္မရဏိတ ပရဟိတ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် (၅၀)နှစ် အရွယ်ရှိ ဦးကျော်သိန်းကို...
သိန္နီမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီးနောက် ပြည်သူများစိုရိမ်ထိတ်လန့်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီးနောက် ပြည်သူ များက စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန် (၁၉ )ရက် မနက် (၈ )နာရီဝန်းကျင်တွင် နမ့်စလပ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေပ သည် ၎င်း၏ ကလေးများကို ကျောင်းပို့ပြီး၊ အိမ်ပြန်လာချိန်သည့် လမ်းတွင်...
တောင်ကြီးမြို့ စစ်ကောင်စီများ အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေ
SHAN -
သျှမ်းပြည် တောင်ကြီးမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီ အုပ်စုသည် အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန် ၂၀)ရက် မနက် (၈)နာရီခွဲဝန်းကျင်တွင် တောင်ကြီးတက္ကသိုလ်ရပ်ဝန်း နေထိုင်သူ အမျိုးသား တစ်ဦး နှင့် ဝါးပြားမြောက် နတ်စင်ကုန်းအနီးတွင်နေထိုင်သည့် အသက် (၁၆)နှစ် အရွယ် အမျိုးသား...
သျှမ်းမြောက်အတွင်း တပ်သားသစ်ကောက်ပြီး၊ တိုင်းရင်းသားချင်းတိုက်ပွဲမဖြစ်စေလို
SHAN -
သျှမ်းပြည် မြောက်ပိုင်း အတွင်း တိုင်းရင်းသားလက်နက်ကိုင် တချို့ တပ်သားသစ် စုဆောင်းနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ ကို ပြည်သူများက ရရာလက်နက်ကိုင်စွဲကာ တော်လှန်တိုက်ခိုက်နေချိန် သျှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများက နေရပ်စွန့်ခွာနေရသည့် ဘဝရောက်ရှိနေသည်။ ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ရမည်ကို မလိုလားသည့်အတွက်...
မူဆယ်မြို့နယ် တာလုံကျေးရွာအနီး ကုန်တင်ကားတစ်စီး မီးရှို့ခံရ
SHAN -
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တာလုံကျေးရွာအနီးတွင် ယနေ့ (ဇွန် ၁၉)ရက် မနက်ပိုင်း (၇) နာရီဝန်းကျင်၌ ကုန်တင်ယာဉ်တစ်စီး မီးရှို့ခံရကြောင်းစုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း မူဆယ်-မန္တလေး ကားလမ်းပေါ်တွင် ကုန်တင်ယာဉ်ကား များ (၂)ရက်ဆက်တိုက်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့တွင်လည်း ကွတ်ခိုင်-နမ့်ဖက်ကာ ကြားတွင် တွဲကားတစ်စီး မီးရှို့ခံရပြီး၊ ကားကြီး (၂)စီး...
နမ့်ခမ်းအမျိုးသမီးတစ်ဦးကို TNLA မှ လူမှားဖမ်းမိသည့်ဟုဆိုကာ ပြန်လွှတ်ပေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က မှားဖမ်းမိသဖြင့် ယမန်နေ့ (ဇွန် ၁၇)ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက်တွင် နေထိုင်သည့် နန်းခမ်းအီ ကို ဇွန်(၁၅)ရက် ည ၈နာရီဝန်းကျင်တွင်...
သီပေါမြို့နယ် လူငယ်တစ်ဦး သေနတ်ပစ်သတ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာ နေထိုင်ပြီး ပရဟိတ လူငယ် တစ်ဦးသည် ယနေ့ (ဇွန် ၁၈)ရက် မနက် ၂နာရီတွင် သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက် (၂)နာရီတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တခုက ပရဟိတ လုပ်ဆောင်သေနတ်ပစ်သတ်ခံရသည့် အသက် (၃၀)အရွယ်ရှိ စိုင်းလောဝ်...





