အောင်ပန်းမြို့ ဒေသခံများကို စစ်ကောင်စီမှ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြု

သျှမ်းပြည်တောင်ပိုင်းအောင်ပန်းမြို့တွင် စစ်ကောင်စီတို့သည် အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုမှုရှိနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

အောင်ပန်းမြို့ နောင်ရဲကျေးရွာ တွင် အောင်ပန်း ပြည်သူ့ကာကွယ်ရေးတပ် ( ASDF) နှင့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်းတို့၏ လက်အောက်ခံ တပ်ဖွဲ့ဖြစ်သည့် အသွင်းပြောင်း ပအိုဝ်းပြည်သူ့စစ်(PNO)တို့ ယနေ့ (စက်တင်ဘာ ၁၈)ရက် မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားကာ အရပ်သား(၂)ဦးကို ဒိုင်းကာအဖြစ် အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ လယ်တောထဲတွင် နွားကျောင်းနေသည့် (၅)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ မနက်ကတော့ သေနတ်သံတွေ အကျယ်ကြီးပဲကြားရတယ်။ နောက်စေတီကုန်းဖက်မှာ လူ(၂)ဦးကို ဒိုင်းကာအဖြစ် စကစ က ခေါ်သွားတယ်။နောက် နောင်ရဲရွာ က နွားကျောင်းနေတဲ့ လူငယ် (၅)ဦးကိုလည်း ဖမ်းခေါ်သွားတယ်” ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (စက်တင်ဘာလ ၁၈ ရက်နေ့) နံနက်ပိုင်း အချိန် နောင်ရဲရွာ အနောက်ဘက်ရှိ တောင်ကြားများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သံများကြားနေရပြီး နောင်ရဲရွာ နားစပ်အထိ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသဖြင့် ဒေသံများ တချို့ ထွက်ပြေးနေရကြောင်းလည်း သိရသည်။

“ကြားရသလောက်တော့ အောင်ပန်း PDF (အောင်ပန်းပြည်သူ့ကာကွယ်ရေးတပ်) တွေနဲ့ တိုက်ခိုက်တာတဲ့၊ PNO စစ်သားတွေကလည်း ဝင်ကူတာပေါ့၊ လက်နက်ကြီးတွေနဲ့သေနတ်သံတွေကတော့ တစ်နာရီကျော် ကြားရတယ်၊ နောင်ရဲရွာရဲ့ အစပ်နားကိုလည်း လက်နက်ကြီးက သုံးလုံးကျလို့ တချို့ရွာသားတွေက ထွက် ပြေးနေကြရတယ်” ဟုအောင်ပန်းဒေသခံ အမျိုးသား က ဆိုသည်။

ထို့အပြင် ကျေးရွာ အတွင်းလှည့်ပြီး ဈေးရောင်းနေသည့် အမျိုးသမီး တစ်ဦးလည်း စစ်ကောင်စီ ပစ်ခတ်ခဲ့သည့် ကျည်ထိမှန်ခဲ့ကြောင်း ကြားသိရသော်လည်း လက်ရှိမှာ အတည်မပြုနိုင်သေးပေ။

ယမန်နေ့ (စက်တင်ဘာ ၁၇) ရက် ညပိုင်းတွင်လည်း သရဲကျေးရွာနဲ့ နောင်ရဲရွာ နှစ်ရွာကြားမှ ‘ရတောင်’ ‘တောင်နီ’ နဲ့ ဟောင်းတပ်ခြေရေထွက် ဂနိုင်အထိလမ်းပြပေးနိုင်ရန် ဟုဆိုကာ ရွာသားနှစ်ဦးအား စစ်ကောင် စီတပ်ဖွဲ့ဝင်များမှ အတင်း အဓမ္မ ဖမ်းခေါ်သွားကြောင်းလည်း သတင်းသိရသည်။
လက်ရှိတွင် အောင်ပန်းမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအထိ စစ်ကောင်စီအင်အား ၂၀၀ ထက်မနည်း လုံခြုံရေး ချထားသည့် အပြင် ၎င်းတို့၏ ကင်းလှည့်ကားများလည်း ၅ စီးခန့် ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...