တောင်လေးလုံးထောင် ဖမ်းဆီးခံရသူများ လာမည့် စက်တင်ဘာ ၂၂ ရက် စတင်စစ်ဆေးမည်

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် ညောင်ရွှေမြို့ရှိ ထောင်လေးလုံး အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသူများကို လာမည့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေး မည် ဖြစ်ကြောင်း သတင်းသိရသည်။

“လာမယ့် ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ အောက်(တောင်လေးလုံး)ဆင်းစစ်ရမယ်လို့တော့ သိရပါတယ်၊ အခုမှာ ထောင်တွင်း ကိုဗစ် – ၁၉ ကူးစက်မှုက ငြိမ်သွားပြီလို့တော့ ပြောတယ်၊ အဲ့ကြောင့် ထောင် တွင်းတရားရုံး မှာ အမှုတွေကို စတင်စစ်ဆေးတော့မယ်” ဟု မတရားဖမ်းဆီးခံနေရသူများကို ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေအကျဉ်းထောင် အတွင်း၌ COVID-19 ကူးစက် ပျံ့နှံမှုသည် ယခုမှ တည်ငြိမ်စ အခြေအနေသာ ရှိနေသော်လည်း ယခုလို ရုံးချိန်းမှုများရှိခြင်းများ အပေါ်က နားမလည်နိုင်ကြောင်းနှင့် လက်ရှိ တောင်လေး လုံး ထောင်အတွင်းမှာလည်း ကိုဗစ် – ၁၉ ကြောင့် သေဆုံးခဲ့ရသူ၊ အနံ့ပျောက်သူ၊ ဖျားနာသူများလည်း ဆက်လက်ရှိနေကြောင်း ၎င်းထံမှ သိရသည်။

“အောက်ထောင် (တောင်လေးလုံး) က အမှုစစ်ဆေးတာတွေက ပြီးတဲ့ဇွန်လ တတိယပတ်ကတည်းက ရုံးထုတ်စစ်ဆေးမှုတွေကို ကိုဗစ်ကြောင့် သူတို့ပိတ်သွားခဲ့ပါတယ်၊ အခုဆိုတော့ သုံးလလောက်ရှိပြီပေါ့၊ ပြန်ဖွင့်တယ်ဆိုတာလည်း ရောဂါပိုးတွေ မရှိတော့ဘူးလို့ပြောတယ်၊ ဖျားနာတဲ့သူတွေ အနံပျောက်တဲ့ သူတွေရှိနေတယ်လို့လည်း ကြားတယ်၊ ဘယ်လို ထိန်းချုပ်မလဲတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ သျှမ်းပြည် တောင်ပိုင်းရှိ မြို့နယ် အသီးသီးမှ အာဏာရှင်တော်လှန်ရေးလှုပ်ရှားသူ ၂၀၀ ကျော်ကို ထိန်းသိမ်းချုပ်‌နှောင်ထား‌ခြင်း ဖြစ်ပြီး တောင်ကြီးမြို့ နယ်မှ အများဆုံး ဖမ်းဆီးခံထားရ‌ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...