Sunday, May 5, 2024

တောင်လေးလုံးထောင် ဖမ်းဆီးခံရသူများ လာမည့် စက်တင်ဘာ ၂၂ ရက် စတင်စစ်ဆေးမည်

Must read

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် ညောင်ရွှေမြို့ရှိ ထောင်လေးလုံး အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသူများကို လာမည့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေး မည် ဖြစ်ကြောင်း သတင်းသိရသည်။

“လာမယ့် ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ အောက်(တောင်လေးလုံး)ဆင်းစစ်ရမယ်လို့တော့ သိရပါတယ်၊ အခုမှာ ထောင်တွင်း ကိုဗစ် – ၁၉ ကူးစက်မှုက ငြိမ်သွားပြီလို့တော့ ပြောတယ်၊ အဲ့ကြောင့် ထောင် တွင်းတရားရုံး မှာ အမှုတွေကို စတင်စစ်ဆေးတော့မယ်” ဟု မတရားဖမ်းဆီးခံနေရသူများကို ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေအကျဉ်းထောင် အတွင်း၌ COVID-19 ကူးစက် ပျံ့နှံမှုသည် ယခုမှ တည်ငြိမ်စ အခြေအနေသာ ရှိနေသော်လည်း ယခုလို ရုံးချိန်းမှုများရှိခြင်းများ အပေါ်က နားမလည်နိုင်ကြောင်းနှင့် လက်ရှိ တောင်လေး လုံး ထောင်အတွင်းမှာလည်း ကိုဗစ် – ၁၉ ကြောင့် သေဆုံးခဲ့ရသူ၊ အနံ့ပျောက်သူ၊ ဖျားနာသူများလည်း ဆက်လက်ရှိနေကြောင်း ၎င်းထံမှ သိရသည်။

“အောက်ထောင် (တောင်လေးလုံး) က အမှုစစ်ဆေးတာတွေက ပြီးတဲ့ဇွန်လ တတိယပတ်ကတည်းက ရုံးထုတ်စစ်ဆေးမှုတွေကို ကိုဗစ်ကြောင့် သူတို့ပိတ်သွားခဲ့ပါတယ်၊ အခုဆိုတော့ သုံးလလောက်ရှိပြီပေါ့၊ ပြန်ဖွင့်တယ်ဆိုတာလည်း ရောဂါပိုးတွေ မရှိတော့ဘူးလို့ပြောတယ်၊ ဖျားနာတဲ့သူတွေ အနံပျောက်တဲ့ သူတွေရှိနေတယ်လို့လည်း ကြားတယ်၊ ဘယ်လို ထိန်းချုပ်မလဲတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ သျှမ်းပြည် တောင်ပိုင်းရှိ မြို့နယ် အသီးသီးမှ အာဏာရှင်တော်လှန်ရေးလှုပ်ရှားသူ ၂၀၀ ကျော်ကို ထိန်းသိမ်းချုပ်‌နှောင်ထား‌ခြင်း ဖြစ်ပြီး တောင်ကြီးမြို့ နယ်မှ အများဆုံး ဖမ်းဆီးခံထားရ‌ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article