ရွှေတြိဂံစစ်ဌာနချုပ်မှ ဌာနေပြည်သူ့စစ် တပ်သားများစာရင်းကောက်၊ တပ်သား တောင်းနေ

သျှမ်းပြည် အရှေ့ပိုင်း ရွှေတြိဂံစစ်ဌာနချုပ် မှ အာဏာသိမ်း စစ်ကောင်စီအတွက် လုပ်ဆောင် ပေးနိုင်မည့် ဌာနေပြည်သူ့စစ် တပ်သားများ စာရင်းကောက်ယူပြီး အင်အားတောင်းဆိုနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်အင်အားများကို လိုက်လံ စုဆောင်းကောက်ခံမှုများ ပြုလုပ်ရာ တာချီလိတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အင်အားသည် ရဲတပ်ဖွဲ့ ဝင်များထက် နှစ်ဆခန့် များပြားနေကြောင်း သိရသည်။

ထို့ကြောင့် တာချီလိတ်ခရိုင် စစ်ကောင်စီ လက်အောက်ခံ ရွှေတြိဂံဒေသ တိုင်းစစ် ဌာနချုပ်မှ တာချီလိတ်မြို့ နယ်ရှိ ပြည်သူ့စစ်အင်အား တဖွဲ့လျှင် ၁၀ဦး မှ ၂၀ဦး ကြား ပေးရန်အတွက် တောင်းခံကြောင်း သတင်းရရှိသည်။

“ တာချီလိတ်မှာ ပြည်သူ့စစ်အင်အားတွေက များတယ်။ မနေ့က စစ်တပ်က ပြောလာတယ်။ သူတို့ (စစ်ကောင်စီ)ဘက်က ခေါ်လာရင်ပြည်သူ့ဘက်က ဘယ်သူလိုက်နိုင်မလဲဆိုတာ စာရင်းတောင်းလာတယ်။ ဒါပေမယ့် ကျနော်တို့ အဖွဲ့က လောဆယ်တော့ စာရင်းအတိအကျမတင်ရသေးဘူး” ဟု တာချီလိတ်မြို့ခံ ပြည်သူ့ စစ်ခေါင်း ဆောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းတွင် ဒေသတွင်း အထူးလှုပ်ရှားသည့် ပြည်သူ့စစ်တပ်ဖွဲ့၊ မဲခေါင်မြစ်ကြော တစ် လျှောက် လှုပ်ရှားသည့် ပြည်သူ့စစ်တပ်ဖွဲ့နှင့် ရပ်ကွက်လုံခြုံရေးအတွက်နှင့် လက်နက်ကိုင်ချင်သောကြောင့် ပြည်သူ့စစ်သို့ အဖွဲ့ဝင်လာသည့် အရပ်သားများပြည်သူ့စစ်အဖွဲ့ စသဖြင့်အဖွဲ့များမှ အင်အားပေါင်း ၁၅၀၀ ခန့် ရှိနေကြောင်း သိရသည်။

“ စစ်တပ်က ဘယ်လိုမဆို လည်ပြီးသားပဲလေ။ အခု စစ်တပ်က ပြည်သူ့စစ်တွေကို ရိက္ခာထောက်ပံ့ နေတာတွေရှိတယ်။ စစ်တပ်က အကျိုးရှိမှ လုပ်မှာပဲလေ” ဟု တာချီလိတ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် စစ်ကောင်စီ ၏ လှည့်ကွက်ပေါ် မလိုက်စေချင်ကြောင်း၊ တိုင်းရင်းသားလူမျိုးများအပေါ် ပြန်ကြည့်စေချင်ကြောင်းလည်း ၎င်း ကဆိုသည်။

ယနေ့ စက်တင်ဘာလ(၁၉)ရက်နေ့တွင် တာချီလိတ်တပ်နယ်ခန်းမ၌ တာချီလိတ်မြို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲဝင်များအားလုံးကိုယ်စား လွယ်တော်ခမ်း ပြည်သူ့စစ်အဖွဲမှ ဦးလောတာအား တြိဂံဒေသ တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း စားနပ်ရိက္ခာများထောက်ပံ့ပေးကြောင်း သိရသည်။

တာချီလိတ်မြိုနယ်တစ်ခုလုံးအနေဖြင့် တာချီလိတ် – မိုင်းဆတ် နယ်နိမိတ်အစ တာချီလိတ်မြိုနယ်အတွင်းမှ တာလေမြိုအထိ ပြည်သူ့စစ်တပ်ဖွဲပေါင်း (၃၅)ဖွဲ့ ဝန်းကျင်ခန့်ရှိနေပြီး ၎င်းတို့ အနက် ကျေးရွာအုပ်စုများတွင် အင်အားပိုများကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...