CATEGORY

နိုင်ငံရေး

ဖယ်ခုံမြို့ ဒေသခံ (၂၀)ကို စစ်ကောင်စီက လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုနိုင်သည့် အရပ်သား (၂၀) ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၂၉)ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေပြည်အေးကျေးရွာအတွင်းသို့ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနှင်းပြီး ကျေးရွာထဲ၌ ကျန်ရှိနေသည့် သက်ကြီးရွယ်အိုနှင့် ပြုစုစောင့်ရှောက်...

စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည် စည်ပင်ညွှန်မှူးနေအိမ် ပေါက်ကွဲမှုဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် သပြေလမ်း၊ နယ်မြေ(၂)ရှိ စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည် စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၏ နေအိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ (၂၈)ရက် နေ့လယ် (၁၂)နာရီကျော်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိကိုတော့ မသိရသေးကြောင်း ဒေသခံတစ်ဦးက...

မိုင်းယော် ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ရဲစခန်းတွင် ယနေ့ (အောက်တိုဘာ ၂၈) နေ့လည် ၁၂ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “အခုလေးတင်ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ တစ်လုံးပဲ ပေါက်ကွဲတာ။ ရဲစခန်းအထဲကနေ ပေါက်ကွဲတာ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူရှိလားတော့မသိဘူး။ ကျနော်တို့လည်း အထဲသွားမကြည့်ရဲဘူး။ ထပ်ပေါက်ကွဲမှာကြောက်ရတယ်” ဟု...

နိုင်ငံရေးအခက် စီးပွားရေးအကြပ် ဆင်းရဲနွံနက်လာတဲ့ ဆီဆိုင် တောင်သူ

"ဒီလ တစ်လစာချေးငွေ ဆပ်ပြီးရင် ကျမ ဆန်ဝယ်ဖို့တောင် မရှိတော့ဘူး၊ အာလူးတွေကလည်း ရောင်းလို့မရသေးတော့ ဘာလုပ်လို့လုပ်ရမှန်းတောင် မသိတော့ဘူး" - လို့ နန်းခမ်း က တိုးတိတ်စွာ ပြောပြပါတယ်။ နန်းခမ်း ဟာ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာအုပ်စုထဲရှိ ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့...

မိုင်းယု (၁၀၅)မိုင် ဂိမ်းရုံအတွင်း ပစ်ခတ်မှုဖြစ် ပြည်သူ့စစ် အပါအဝင် (၂)ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅)မိုင် မန့်မော်ကျေးရွာသွားလမ်းပေါ်တွင် တည်ရှိသည့် ဂိမ်းဆိုင်တခု၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်တဦးနှင့် ဒေသခံ တဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၂၆)ရက် မနက် ၁၁ နာရီဝန်းကျင်က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့သောကြောင့် (၂)ဦး သေဆုံးသွားပြီး (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း...

မိုင်းယော် စစ်ကောင်စီမှ လက်နက်ကြီးပစ်၊ ဒေသခံများ စိုးရိမ်ထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ယနေ့ (အောက်တိုဘာ ၂၇ ရက်) မနက် ၁၁ နာရီတွင် တစ်ဘက်သတ် လက်နက်ကြီးပစ်ခတ်ရာ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ (၂၇)ရက် မနက် ၁၁ နာရီချိန်မှစပြီး လက်ရှိသတင်းရေးသားချိန်ထိ စစ်ကောင်စီဘက်မှ ဟွေ့ဟုတ်...

ကျောက်မဲ တိုက်ပွဲဆက်ဖြစ်နေ နားမွန်းစစ်ရှောင်စခန်း ပြောင်းရွှေ့ရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ ဆက်ဖြစ်နေပြီး လက်နက်ကြီးကျမှာ စိုးရိမ်သည့်အတွက် နားမွန်းစစ်ရှောင်များ စခန်းပြောင်းရွှေ့နေထိုင်ရကြောင်း သတင်းရရှိသည်။ နားမွန်းစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည် တစ်ဦး အပါအဝင် စစ်ရှောင် (၃၀)ကျော် ရှိနေပြီး ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေသည့်အတွက် ရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ရတာဖြစ်ကြောင်း သိရသည်။ “အရင်က စာသင်ကျောင်းမှာနေတာ၊ ချိုင့်ဝှမ်းနေရာဖြစ်တော့ ကြောက်ရတယ်၊ ပြီးခဲ့တဲ့...

တိုက်ပွဲဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး တရုတ် နယ်မြေကျူးကျော် ခြံစည်းရိုး ဆက်တိုက်ခတ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားနေမှုကို အခွင့်ကောင်းယူပြီး တရုတ်တို့က နယ်မြေကျူးကျော် ခြံစည်းရိုးခတ်ယူမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပန်ဆိုင်းမြို့နယ်အတွင်းသို့ တရုတ်ဘက်မှ အောက်တိုဘာ (၂၀)ရက်နေ့ကစပြီး နယ်မြေကျူးကျော်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နမ့်ယန်းချောင်းတစ်လျှောက် ခြံစည်းရိုးခတ်ယူမှု ပြီးစီးသလောက်ဖြစ်နေကြောင်း ပန်ဆိုင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့စပြီး လာခတ်ကတည်းက...

ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပြီး ထပ်မံပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေး ကျေးရွာတွင် ယနေ့ အောက်တိုဘာ (၂၇)ရက် မနက် ၃ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့မနက်တွင် စစ်ကောင်စီတပ် တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာတွင်း အုတ်တံတိုင်များ၊ နေအိမ်များ...

ဟိုပုံးမြို့ရှိ ကျေးရွာများ တစ်အိမ်တစ်ယောက် အမိန့်ဖြင့် စစ်ထောက်ခံပွဲလုပ်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် လူစုလူဝေးဖြင့် စစ်တပ် ထောက်ခံပွဲပြုလုပ်ပြီး ကျေးရွာရှိ ဒေသခံများ တစ်အိမ်တစ်ယောက် မလာမနေရ ဆိုသည့်အမိန့်ဖြင့် အတင်းအဓမ္မ ခေါ်လာခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ (၂၇)ရက် မနက် (၈)နာရီတွင် ဟိုပုံးမြို့ပေါ် ဘုရားရှေ့ရှိ ကျောက်တိုင်ကွင်းသို့ အရောက်လာရန် ခေါ်ထားပြီး တစ်ရွာလျှင် အနည်းဆုံး...

Latest news