Friday, May 17, 2024

စစ်ကောင်စီ ဦးဆောင်ကျင်းပပြုလုပ်သည့် တောင်ကြီးသင်္ကြန် တိတ်ဆိတ်ခြောက်ကပ်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အတွင်း စစ်ကောင်စီမှ ဦးဆောင်ကျင်းပပြုလုပ်မည့် သင်္ကြန်ပွဲတွင် တက်ရောက်သူ မရှိကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးသင်္ကြန်

တောင်ကြီးမြို့ပေါ်ရှိ ဒေသခံ ပြည်သူများသည် အပြင်ထွက်လည်ခြင်း၊ ရေဆော့ကစားခြင်းများ ပြုလုပ်သည်ကို မတွေ့ရှိရကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

တောင်ကြီးသင်္ကြန်

“သင်္ကြန်မရှိဘူး။ ရေလည်းမပက်ဘူး။ အခုတောင် လမ်းတွေ တော်တော်တိတ်ဆိတ်နေတယ်။ ကိုယ့်အလုပ် သူ့အလုပ်သူလုပ်နေကြတယ်။ နေ့လည်ဆိုခြောက်ကပ်နေတာပဲ။ စီနေမယ်ထင်နေတာ မစီဘူး။ တစ်မြို့လုံး လမ်းတိုင်းမှာ စစ်သားတွေ ရဲတွေ တော့ ပုံမှန်စောင့်နေကြတယ်။ အရပ်ဝတ်တွေနဲ့ စောင့်တာလည်းရှိတယ် လူတွေတော့ မရှိဘူး။ ညနေလောက်ဆို အစားအသောက်စားဖို့ ထွက်ကြတာပဲရှိတယ်။ နေ့လည်ဆို တိတ်ဆိတ်နေတာပဲ” ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

တောင်ကြီးသင်္ကြန်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြုလုပ်သော ဗဟိုမဏ္ဍပ်အခမ်းအနားအတွက် မြို့ပေါ် ရပ်ကွက်များအလိုက် နယ်မြေတစ်ခုလျှင် (၂၅) ဦးတက်ရောက်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article