သျှမ်းပြည်အတွင်းမှ စက်သုံးဆီအရောင်းဆိုင်တချို့ ဆီပြတ်နေ

သျှမ်းပြည်အတွင်းရှိ တောင်ကြီး၊ လားရှိုး နှင့် တခြားသော မြို့ကြီးများမှ စက်သုံးဆီ အရောင်းဆိုင်များ တချို့တွင် ဆီများ ပြတ်လပ်နေကြကြောင်း သတင်းသိရသည်။

စက်သုံးဆီ ပြတ်လပ်

ယနေ့ (ဧပြီလ ၁၉) ရက်တွင် သျှမ်းပြည်အပါအဝင် နိုင်ငံတဝှမ်းလုံး ဆီ ပြတ်လပ်တော့မည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဆီဆိုင်များတွင် တန်းဆီစောင့်ဆိုင်းနေကြသူများ များပြားလာပြီး တချို့ဆိုင်များတွင် ရောင်းချရန် ဆီမကျန်သည့် အတွက်ပိတ်ထားရကြောင်း သိရသည်။

“မနက်တုန်းကတော့ ကားတွေယာဥ်တွေကို အပြည့်ဖြည့်ပေးလို့ရသေးတယ်၊ ဒါပေမဲ့ ဒီနေ့လည်ပိုင်း ရောက်တော့ ဘယ်ယာဥ်မျိုးမဆို ငွေတန်ဖိုးကျပ် ငါးသောင်းထက် ပိုပြီးမထည့်ပေးနိုင်ဘူး၊ ဆီတွေ လည်း ပြတ်ခါ နီးပြီလေ၊ တချို့ဆိုင်တွေ ပိတ်ကုန်ပြီ” ဟု လားရှိုးမြို့မှ အမည်မဖော်လိုသူ ပန့်ဆီဆိုင်မှ အမျိုးသမီးဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းတွင် ဆီထည့်ရန်အတွက် တန်းဆီစောင့်ဆိုင်းနေကြသည့် ယာဥ်တန်းများကို တစ်စီးလျှင် တန်ဖိုးကျပ်ငွေ (၅၀၀၀၀) ကျပ် အထိသာ ရောင်းချပေးနိုင်ပြီး ပုံးဖြင့် လာဝယ်သူများကို ရောင်းချမှု မပေးနိုင်တော့ကြောင်းလည်း သိရသည်။

ဆီပြတ်လပ်

ယခုလို ဖြစ်ပေါ်နေသည့် ဆီဈေးကွက်များနှင့် ပက်သက်ပြီး ဧပြီလ ၄ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေ ကန့်သတ်ထိန်းချုပ်ထားမှု ကြောင့် စက်သုံးဆီဈေးကွက် ပြဿနာဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ဆီရောင်းဝယ်ရေးလုပ်ကိုင်နေသူ သျှမ်းလူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“စကစက တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နှုန်းနဲ့ ၂၄ နာရီအတွင်း လဲရမယ်လို့ ထုတ်ပြန်ခဲ့တယ်လေ၊ အဲ့ဒါကြောင့် နိုင်ငံခြားက တင်သွင်းမှုတွေ ထိခိုက်တာပေါ့၊ မြန်မာဘက်ကအရှုံးပေါ်မှာကိုး၊စက်သုံး ဆီတင်သွင်းဖို့ နိုင်ငံခြားငွေကို အဲ့လိုကန့်သတ်ထိန်းချုပ်မှုတွ မဖြေလျော့ပေးရင်တော့ ကျနော်တို့ သျှမ်းပြည်မှ မဟုတ်ဘူး မြန်မာတစ်ပြည်လုံးလည်း စက်သုံးဆီပြတ်ရမှာပဲ” ဟု သျှမ်းမြောက်မှ ဆီရောင်းဝယ်ရေးလုပ်ငန်း ကို လုပ်ကိုင်နေသည့် သျှမ်းလူငယ် စိုင်းစန္ဒာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ သျှမ်းပြည်မှ စက်သုံးဆီဈေးကွက်များသည် အောက်တိန်း ၉၂ တစ်လီတာ လျှင် ၂၃၀၀ ကျပ်ဝန်းကျင်၊ ဓာတ်ဆီ ၉၅ တစ်လီတာလျှင် ၂၃၃၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၃၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၆၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေပြီး မှောင်ခိုဈေးကွက်၌မူ တစ်လီတာလျှင် ၃၀၀ ကျပ်ကျော် ပိုမို၍ ပေါက်ဈေးရှိနေကြောင်း သိရသည်။

လက်ရှိတွင်လည်း သျှမ်းပြည်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတချို့တွင် ဆီများပြတ်လပ်နေကြပြီး အရံဆီအဖြစ်ထားရှိသည့် ပန့်အတွင်းမှဆီများကို အရှုံးခံရောင်းချပေးရန် စစ်ကောင်စီတို့က ညွှန်ကြားပြောဆိုနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...