စစ်အာဏာရှင် အမြစ်ပြတ်ဖို့ တော်လှန်သင်္ကြန်ပါ၀င်စို့

စစ်အာဏာရှင် အမြစ်ဖြုတ်တိုက်ခိုက်ဖို့ တော်လှန်နေတဲ့ ပြည်သူတွေကတော့ ယခုနှစ်ဟာ တော်လှန် သင်္ကြန် လို့ သတ်မှတ်ပြီး စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပါ၀င်ဆင်နွှဲတာတွေမလုပ်ဖို့ တားဆီးနေကြပါတယ်။

GSCB တော်လှန်သကြန်

စစ်ကောင်စီဘက်ကလည်း သင်္ကြန်ပွဲတော် စည်းကားကြောင်းကို နိုင်ငံတာ ပြသချင်တဲ့အနေနဲ့ မြို့တိုင်းမှာ မဏ္ဍပ်တွေကိုတည်ဆောက်ပြီး မြို့နယ်အလိုက် ရပ်ကွက်အလိုက် မလာမနေရ ဆိုပြီး အတင်းအဓမ္မ ခေါ်ဆိုနေပါတယ်။

“တော်လှန် သင်္ကြန်” ရက်တွေမှာ စစ်ကောင်စီပြုလုပ်တဲ့ သင်္ကြန် ထဲမပါအောင် ပြည်သူတွေအနေနဲ့ သတိထားသင့်ကြောင်း တော်လှန်ရေး ပြည်သူတွေကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

“ဒီနှစ် သင်္ကြန်မှာ ပျော်စရာလို့ မမှတ်ဘဲ တော်လှန် သင်္ကြန်အဖြစ် မြင်ပေးဖို့ တောင်းဆို”

“ မဏ္ဍပ်မှာ တစုံတရာထိခိုက်တာမျိုးဆိုရင် PDF တွေလက်ချက်လို့ မထင်စေလို။ ပြည်သူထိခိုက်စေအောင် PDF ဘယ်တော့မှ မလုပ်”

KNDF တပ်ရင်းမှ ရဲဘော်တစ်ဦး

မြို့ပေါ်တွေမှာ စစ်ကောင်စီတွေက မဏ္ဍပ်လုပ်နေတယ်။ ကျနော်တို့ အားလုံးသတိထားရမှာက ဒါဟာ ပျော်စရာသင်္ကြန်မဟုတ်ဘူး တော်လှန်သင်္ကြန်သာ ဖြစ်တယ်။ သူတို့လုပ်တယ်ဆိုတာကလည်း နိုင်ငံတကာကို Attention ယူချင်တာ။ လူစည်ကားနေပြီ ဆိုပြီးတော့ အဲ့တာက တစ်ချက်ပေါ့၊ နောက်တစ်ချက်က ဘာလဲဆိုရင် သင်္ကြန်မှာ လူစည်ကားလာပြီဆိုရင် ဗုံးဖောက်ခွဲတာတွေ ၊ အချင်းချင်း ထိုးကြွေးတာတွေ လုပ်လာတော့မှာ ၊ ပြီးရင် ဒါက အကြမ်းဖက် သမား PDF တွေက လုပ်တာပါ ဆိုပြီးတော့ ကျနော်တို့ကို အပစ်တင်ချမယ်၊ အဲ့ထက်ယုတ်မာ တာတွေလည်း ရှိကောင်းရှိလာနိုင်လိမ့်မယ်။


ဒီသင်္ကြန်ကို စစ်ကောင်စီတွေက ဘာလို့လုပ်လဲဆိုတာ ကျနော်တို့ ပြည်သူတွေနားလည်ဖို့လိုတယ်၊ ဒီလောက်ထိ နိုင်ငံရေး ရှုပ်ထွေးနေတာကို သူတို့က ပွဲလုပ်ပေးတယ်ဆို သူတို့ဘာလိုချင်လို့လဲ၊ ဒါကျနော်မပြောလည်း ပြည်သူတွေသိမှာပါ၊ ပြီးတော့ ပြည်သူများအနေနဲ့ မဏ္ဍပ်ရောက်မှ ရေကစားမှ သင်္ကြန်မြောက်တာ မဟုတ်ဘူး၊ ကိုယ့်အိမ်ဝန်းထဲမှာနေပြီး သင်္ကြန် အကြို၊ အကျ၊ အတက်တွေ လုပ်လို့ရတယ်၊ ဒါဆိုရင်လည်းစကစတွေ ဆင်ထားတဲ့ အကွက်ထဲလည်း ဝင်မှာမဟုတ်သလို ဘေးလည်းကင်းမယ် ၊ ပြီးတော့ ဒီနှစ်သင်္ကြန်မှာ ပျော်စရာလို့ မမှတ်ဘဲ တော်လှန်သင်္ကြန်အဖြစ် မြင်ပေးဖို့ တောင်းဆိုချင်ပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေကြောင့် မဏ္ဍပ်ရောက်သွားရတဲ့ပြည်သူတွေ ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲဆိုတာ လေ့လာပါ၊ အကြောင်း တစုံတရာထိခိုက်တာမျိုးဆိုရင်လည်း PDF တွေလက်ချက်လို့ မထင်စေချင်ဘူး၊ ဘာကြောင့်လဲဆိုရင် PDF ကဘယ်တော့မှ ပြည်သူကိုထိခိုက်အောင်မလုပ်ဘူး၊ စစ်ကောင်စီ ကားကို လုပ်ကြံ ဖို့အတွက် စီစဥ်ထားပေမဲ့ မိဘပြည်သူတွေလည်း သွားလာနေတာရှိလို့ သူတို့ကို မထိခိုက် စေချင်လို့ ပြန်သိမ်း လိုက်ရတဲ့ မစ်ရှင်တွေအများကြီး ရှိခဲ့ဖူးတယ်။ ပြည်သူတွေအနေနဲ့ အသက်ကို ဥာဏ်စောင့်ပါ။ ခိုင်းစေမှုတွေ ရှိလို့ မဏ္ဍပ်တွေရောက်နေရတယ်ဆိုရင်လည်း သတိလွတ်လပ်မပျော်ပါနဲ့၊ အခြေအနေ အချိန်အခါ ပေါ်မူတည်ပြီးတော့ ကိုယ့်ကိုယ်ကိုအမြဲတမ်း ကာဗာယူ ထားပါ။ ပြီးတော့ မီဒီယာတွေကို ချိတ်ဆက်ပါ၊ နာမည်မဖော်လိုသူ ဆိုပြီးတော့ ကျနော်တို့က ဘယ်မြို့နယ်က ဘယ်မဏ္ဍပ်မှာရောက်နေပါတယ်၊ ကျနော်တို့က အတင်းအဓ္မမ လာခိုင်းလို့လာရတယ်ဆိုတာတွေကို မီဒီယာ ကနေ တစ်ဆင့် အသိပေးပါ။

အဲ့လိုဆိုရင် လှုပ်ရှားမယ့် မြို့ပြပျောက်ကျားအဖွဲ့ရှိနေရင်တောင်မှ အခြေအနေကို သူတို့သိရတာပေါ့၊ ပြည်သူတွေ ထိခိုက်မှာဆိုးလို့ စစ်ကောင်စီတွေအတွက် ရည်မှန်းထားတဲ့ မစ်ရှင်တွေကိုလည်း ဖျက်သင့်ရင်ဖျက်မှာပဲ၊ မှန်သမျှ သုံးပြီးတိုက်နေမှတော့ အခုလို လူစည်ကားတဲ့ မဏ္ဍပ်လိုနေရာမျိုးမှာလည်း လုပ်ကြံမှုတွေ အကြမ်း ဖက်တာတွေ မလုပ်ဘူးလို့ မပြောနိုင်ဘူး၊ ဒါကြောင့် တချို့ မြို့ပြပျောက်ကျားတပ်ဖွဲ့တွေက အဲ့ဒီမဏ္ဍပ်တွေဆီကို မသွားဖို့ ထုတ်ပြန်တာ၊ တားမြစ်တာ လို့ ကျနော်မြင်မိပါတယ်။

ပြီးတော့ စစ်ကောင်စီတွေကို လုပ်ကြံဖို့ ချထားတဲ့ မစ်ရှင်တွေကိုပြည်သူတွေကြောင့် ဖျက်လိုက်ရတာမျိုး မဖြစ်စေချင်တာလည်းပါတာပေါ့၊ ပြည်သူရှိနေရင် ပြည်သူတွေကို ထိခိုက်မှာစိုးရိမ်တဲ့စိတ်နဲ့ မစ်ရှင်တွေကို ဖျက်သိမ်းရမှာ အမှန်ပဲ။ ပြီးတော့ ကိုယ့်အိမ်ထဲမှာ နေနေတာတောင်မှ သူတို့ပွဲကို တက်ပေးဖို့ ဖိအားပေးခံနေရတယ်ဆိုတော့ စဥ်းစားကြည့်ပေါ့ဗျာ၊ ဖိနှိပ်တယ်၊ တရားမျှတမှုမရှိဘူး၊ ဒါကို ပြည်သူများနားလည်ပေးဖို့ ပြောချင်ပါတယ်။

သင်္ကြန် မဏ္ဍပ် မသွားခြင်းက တော်လှန်ရေးထဲပါဝင်နေတဲ့သူတွေ၊ လူငယ်တွေအတွက်လည်း အကူအညီ အထောက်အပံ့ဖြစ်တယ်။ သွားလို့ရှိရင် အန္တရာယ်တွေကအစ ဘယ်ချိန်ဘာထဖြစ်မလဲ လုံခြုံရေးအစ ဘာဖြစ်နိုင်မလဲဆိုတာ ကိုယ်တွေမသိနိုင်ဘူး။

စိုင်းဦး (ရှမ်းလူငယ်)


စစ်ကောင်စီ က မြို့တိုင်းမှာ မဏ္ဍပ်ဆောက်ပြီး သင်္ကြန်ပြုလုပ်တဲ့ သဘောက နိုင်ငံရေးက တည်ငြိမ်လာပြီဆိုတာ ကမ္ဘာကို ပြချင်တာပေါ့။ နိုင်ငံရေး တည်ငြိမ်လာပြီး ပွဲလမ်းသဘင်လုပ်နေပြီ ဆိုတာကို ပြချင်တာ။


အမှန်တော့ ဒီသင်္ကြန်က အရမ်းအရေးကြီးတာ မဟုတ်ပေမယ့် သူတို့အတွက်က နိုင်ငံရေးမှာ စတင်ပြီးတော့ ရွေးကောက်ပွဲနီးလာပြီဆိုတော့ ပြည်သူတွေကလည်း တည်ငြိမ်လာပြီ ဆိုတာကို ပြချင်တာပါ။


တစ်ချို့အဖွဲ့တွေက မသွားချင်ပေမယ့် သွားနေရတာရှိတယ်။အဲ့အချက်ကိုတော့ အထွေထူးကြီး မှတ်ချက် ပေးစရာတော့ မရှိဘူး။ အတင်းအဓမ္မသွားခိုင်းနေတယ်ဆိုတာက ပေါ်လွင်နေတာပဲလေ။ သူတို့အတွက်က ကိုယ့်စိတ်ဆန္ဒမပါဘဲ သွားမယ်ဆိုရင် အန္တရာယ်ပိုများနိုင်တယ်။ အခုခေတ်က ရှုပ်ထွေးနေတဲ့အချိန်ဖြစ်တဲ့အတွက် ဘယ်လိုဖြစ်ဖြစ် သွားလို့ရှိရင် ရှောင်တိမ်းနည်းလေ့လာပေါ့။ ဘာလို့ရှောင်သင့်လဲဆိုတော့ ရောဂါအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ၊ ဒီနေရာမှာ ရှောင်သင့်တယ်လို့ပဲ ပြောလိုပါတယ်။


ကျနော်တို့ကတော့ ဒီသင်္ကြန်ကို မအားပေးဖို့ ပြောချင်ပါတယ်။ လုပ်တဲ့အရာတိုင်းကလည်း အခုက ဗန်းပြဖြစ်နေတာလေ။ အဲ့ဒါ ပြည်သူအတွက် အကျိုးရှိစေတာမဟုတ်ဘူးလေ။ ဒီနေရာမှာ ဒီလိုမျိုးခေါ်တဲ့ပွဲတွေ၊ လုပ်နေတာတွေကို တော်တော်များများ ရှောင်သင့်တယ်။ မသွားလည်း ဘာမှမဖြစ်ဘူး။


ကျနော်တို့အချင်းချင်းမကူညီဘူး။ ဓမ္မဘက်က၊ အမှန်တရားဘက်က မကူညီဘူးဆိုရင် ကျနော်တို့ နှစ်ပေါင်းများစွာ ထပ်ပြီးတော့ခံရအုံးမှာ။ သားစဉ်မြေးဆက် ဆက်ပြီးခံရမယ်။ ဒါကို မသွားခြင်းအားဖြင့်လည်း ကျနော်တို့ အတွက် အကျိုးများစွာ မဖြစ်လာသလို သွားနေလည်း အကျိုးမရှိဘူး။


မသွားခြင်းက တော်လှန်ရေးထဲပါဝင်နေတဲ့သူတွေ၊ လူငယ်တွေအတွက်လည်း အကူအညီပေးတယ်။ အထောက်အပံ့ဖြစ်တယ်။ မသွားဖြစ်တာက အကျိုးပိုများပါတယ်။ သွားလို့ရှိရင် အန္တရာယ်တွေကအစ ဘယ်ချိန်ဘာထဖြစ်မလဲ လုံခြုံရေးအစ ဘာဖြစ်နိုင်မလဲဆိုတာ ကိုယ်တွေမသိနိုင်ဘူး။

နေဖို့ထိုင်ဖို့ စားသောက်ဖို့ ဒုက္ခရောက် စစ်ရှောင်တွေခက်ခဲနေချိန် စစ်ကောင်စီ ရဲ့ သင်္ကြန်မဏ္ဍပ်သွား၊ မသွားကိုယ်ပိုင်ဆုံးဖြတ်ပါ။


ဖယ်ခုံ စစ်ရှောင်အမျိုးသမီး


အခုတော့ ကျမတို့နေတာတော့ ဒုက္ခရောက်နေတာ မတရားဘူးပေါ့။ ကျမတို့ကျတော့ ဒုက္ခရောက်နေတယ်။ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့လည်း မပြေဘူး။ အခုလို့ ကိုယ့်အိမ်ကိုယ်တောင် နေခွင့်မရှိတဲ့ချိန်မှာတောင် သူတို့တွေ (စစ်ကောင်စီ) အုပ်စုတွေ သင်္ကြန်မှာပျော်ပါးတယ်။ သူတို့က ပျော်ချင်တိုင်းပျော်တယ်။ နေချင်တိုင်းနေရတယ်။ မတရားဘူးပေါ့။

GSCB

ဘာလို့လဲဆိုတော့ ကျမတို့ကလည်း မြန်မာပြည်ကလူပဲ။ မြန်မာနိုင်ငံသားပဲ။ သူတို့သားသမီးတွေပဲလေ မဟုတ်လား။ မျှမျှတတလေးဖြစ်စေချင်တာပေါ့။ အခုခါကျတော့ မတရားဘူးလို့ခံစားရတာပေါ့နော်။ ကျမတို့ဆို တောထဲမှာခိုးနေရတာ။ တောင်ကြားတွေထဲမှာဆိုရင်လည်း ပုန်းနေရတာ။ သူတို့ကိုပဲ ကြောက်နေရတာလေ။ ထင်ပါတယ်။ ကျမတို့ကိုယ်တိုင်လည်း ကြုံတွေ့နေရတာပဲလေ။ ကျမတို့လည်း ဒုက္ခရောက်နေတော့ ကျမတို့ကလေးငယ်တွေဆိုရင် တောထဲမှာနေရတာ။ မိုးကာအောက်မှာနေရတာ။ ကလေးတွေ ခြင်တွေကိုက်ခံရတယ်။ ခြင်ထောင်မရှိဘူး။ မိုးရွာရင်လည်း စားနေတဲ့ ထမင်းပန်းကန်တွေထဲမှာ မိုးရေတွေ ကျလာတာလည်း ကြုံတွေ့ခဲ့ရတယ်လေ။ ဒါကတော့ သူတို့ရဲ့ မုသာစကားတွေပဲ။ သူတို့ပြောချင်တာပြောတာပေါ့နော်။ အခုကျမတို့ကြုံတွေ့နေရတာ ကျမတို့အတွက် ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျမတို့အတွက်က တရားမျှတမှုမရှိဘူး။

စစ်သားက လာဆော့ခိုင်းပြီး သူတို့ကသွားဆော့မယ်ဆိုရင် မကောင်းဘူးလေ။ အခုက ဖုန်းခေတ်ဘဲလေ။ သူများ ဖေ့ဘွတ် (လူမှုကွန်ရက်) ပေါ်မှာသလောက်တင်တာ။ သူတို့ မကြုံဖူးတဲ့သူတွေ သူတို့မသိဘူး။ ဆော့ချင်ဆော့ပေါ့။ ကျမတို့ခံစားနေရတဲ့သူတွေကတော့ မဆော့နဲ့လို့ ကျမတို့မပြောလိုဘူး။ ကျမတို့က တောသားတွေ၊ ပညာမတက်တဲ့သူတွေပါ။ မြို့မှာနေတဲ့သူတွေက အခြေနေကို ပိုပြီးနားလည်မှာပါ။ ဖြစ်သင့် မဖြစ်သင့် ၊ ဆော့သင့် မဆော့သင့်ဆိုတာ သူတို့ကိုယ် သူတို့ စဉ်းစားစေချင်တယ်။
အတင်းမဖြစ်မနေသွားခိုင်းတယ်ဆိုတော့လည်း သူတို့စိတ်နဲ့ပဲလေ။ လူဆိုတာ ကိုယ့်စိတ်ကိုယ်ပိုင်တယ်လေ။ သူတို့ဘယ်လောက်ပဲ ခိုင်းခိုင်း ကိုယ့်သွားမှဖြစ်တာလေ။ လူတိုင်းက ကိုယ့်စိတ်ကို ပိုင်ပါတယ်။ သူတို့သွားခိုင်းတိုင်း သတ်မယ်၊ ဖြတ်မယ်၊ ဘယ်လောက်ပဲ ခြိမ်းခြောက်ခြိမ်းခြောက် သွားမလား၊ မသွားဘူးလားဆိုတာ ကိုယ့်ကိုယ်ဆုံးဖြတ်ပေးပါ။ ဘာလို့လဲဆိုတော့ တစ်ချို့ ကျမတို့လို စစ်ရှောင်တွေ တကယ်ခက်ခဲ နေတယ်ဆိုတာကိုလည်း ပြောပြချင်ပါတယ်။ သွားသင့်၊ မသွားသင့် ကိုယ့်ကိုယ်ဆုံးဖြတ်ကြပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...