CATEGORY

နိုင်ငံရေး

စစ်ကောင်စီခေါင်ဆောင် ကမ်းလှမ်းချက် တိုင်းရင်းသားလက်နက်ကိုင်တွေ သွားတက်ကြမှာလား

ပြီးခဲ့တဲ့ ဧပြီ (၂၂) ရက်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ကိုယ်တိုင် တွေ့ဆုံသွားမယ် လို့ ပြီးခဲ့တဲ့ ဧပြီ (၂၂)ရက် က ပြောဆိုလိုက်ပါတယ်။ အဲ့ဒီဖိတ်ခေါ် ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး...

တောင်ကြီးမြို့ရှိ အစိုးရရုံးများ ဗုံးဒဏ်ကာကွယ်သည့် စက်များတပ်ဆင်ထား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး နှင့် ဌာနဆိုင်ရာရုံးတစ်ချို့တွင် ဗုံးဒဏ်ကာကွယ်ရေးစက်များ တပ်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဗုံးဒဏ်ကာကွယ်ရေးစက်များကို သင်္ကြန်ကာလနောက်ပိုင်း ရုံးများ ပြန်လည်ဖွင့်ချိန်မှာ တပ်ဆင်ထားကြောင်း အစိုးရရုံး နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။ “စစ်ကောင်စီဘက်က လာတပ်ပေးတာတွေ့ရတယ်။ ဘယ်လို အမျိုးအစားလဲဆိုတာကိုတော့ ရုံးထဲက ဝန်ထမ်းတွေကို အသိမပေးထားဘူး။...

ရွာငံ PDF စခန်းတစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်စီးနင်း

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီမှ ရှာဖွေတွေ့ရှိသွားပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့( ဧပြီလ ၂၀ )ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ အနောက် ဘက်ရှိ တောင်ကြားအတွင်း ရှိနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း...

နောင်ချိုဗုံးပေါက်ကွဲမှု သေဆုံးသည့်လူငယ် ၂ ဦး နေအိမ် ကို စကစ ၀င်ရောက်စစ်ဆေးနေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ယနေ့(ဧပြီ ၂၀)ရက် မနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုနှင့် အတူ သေဆုံးခဲ့ရသော လူငယ်နှစ်ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဝိုင်းဝန်းပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးနေကြောင်း သတင်းသိရသည်။ နောင်ချိုုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး (NH PDF) သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်စပ်ပက်သက် သူများကို သတိပေးမစ်ရှင်ဆောင်ရွက်မှုမှ လက်ကျန်ဗုံးများကို ဆိုင်ကယ်နှင့်အတူသယ်ဆောင်လာစဥ်...

သျှမ်းပြည်အတွင်းမှ စက်သုံးဆီအရောင်းဆိုင်တချို့ ဆီပြတ်နေ

သျှမ်းပြည်အတွင်းရှိ တောင်ကြီး၊ လားရှိုး နှင့် တခြားသော မြို့ကြီးများမှ စက်သုံးဆီ အရောင်းဆိုင်များ တချို့တွင် ဆီများ ပြတ်လပ်နေကြကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၁၉) ရက်တွင် သျှမ်းပြည်အပါအဝင် နိုင်ငံတဝှမ်းလုံး ဆီ ပြတ်လပ်တော့မည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဆီဆိုင်များတွင် တန်းဆီစောင့်ဆိုင်းနေကြသူများ များပြားလာပြီး...

ဖယ်ခုံမြို့နယ် PDF တပ်ရှိရာနေရာကို စစ်ကောင်စီ လက်နက်ကြီးရမ်းပစ်

သျှမ်းပြည်တောင်းပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါတွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းရှိရာနေရာကို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီ ၁၈)ရက် မနက် ၉ နာရီခွဲကျော်တွင် ဖယ်ခုံ PDF တပ်ရင်းရှိသည့်နေရာကို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်သွားကြောင်းသိရသည်။ “ ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာ...

စစ်ကောင်စီ ဦးဆောင်ကျင်းပပြုလုပ်သည့် တောင်ကြီးသင်္ကြန် တိတ်ဆိတ်ခြောက်ကပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အတွင်း စစ်ကောင်စီမှ ဦးဆောင်ကျင်းပပြုလုပ်မည့် သင်္ကြန်ပွဲတွင် တက်ရောက်သူ မရှိကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့ပေါ်ရှိ ဒေသခံ ပြည်သူများသည် အပြင်ထွက်လည်ခြင်း၊ ရေဆော့ကစားခြင်းများ ပြုလုပ်သည်ကို မတွေ့ရှိရကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ “သင်္ကြန်မရှိဘူး။ ရေလည်းမပက်ဘူး။ အခုတောင် လမ်းတွေ တော်တော်တိတ်ဆိတ်နေတယ်။ ကိုယ့်အလုပ် သူ့အလုပ်သူလုပ်နေကြတယ်။ နေ့လည်ဆိုခြောက်ကပ်နေတာပဲ။...

စစ်အာဏာရှင် အမြစ်ပြတ်ဖို့ တော်လှန်သင်္ကြန်ပါ၀င်စို့

စစ်အာဏာရှင် အမြစ်ဖြုတ်တိုက်ခိုက်ဖို့ တော်လှန်နေတဲ့ ပြည်သူတွေကတော့ ယခုနှစ်ဟာ တော်လှန် သင်္ကြန် လို့ သတ်မှတ်ပြီး စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပါ၀င်ဆင်နွှဲတာတွေမလုပ်ဖို့ တားဆီးနေကြပါတယ်။ စစ်ကောင်စီဘက်ကလည်း သင်္ကြန်ပွဲတော် စည်းကားကြောင်းကို နိုင်ငံတာ ပြသချင်တဲ့အနေနဲ့ မြို့တိုင်းမှာ မဏ္ဍပ်တွေကိုတည်ဆောက်ပြီး မြို့နယ်အလိုက် ရပ်ကွက်အလိုက် မလာမနေရ ဆိုပြီး...

ရွာငံ ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်ကောင်စီ ပြည်သူများကိုလိုက်လံဖမ်းနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လွှစင်ကျေးရွာတွင် စစ်ကောင်စီ နှင့် ရွာငံ PDF တို့ တိုက်ခိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား (၄)ဦး သေဆုံးကာ ဒေသခံလူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် ရွာငံမြို့နယ်...

ဖယ်ခုံမြို့နယ်အတွင်း လဝက ရုံးပိတ် မှတ်ပုံတင်လုပ်ရန်ပြည်သူများခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် လဝက ရုံးများပိတ်ထားပြီး ပြည်သူများ မှတ်ပုံတင်လုပ်ရန် အခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့ ဌာနဆိုင်ရာရုံးများသည် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားချိန်က စပြီး ပင်လောင်းမြို့သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။ “ရုံးက ဖယ်ခုံမှာ မရှိတော့ဘူး။ ဖယ်ခုံရုံးက ပိတ်ထားလိုက်ပြီ။ ပင်လောင်းဘက်ကို...

Latest news