သျှမ်းတိုင်းရင်းသူ “နမ့်ဖူး” Miss World Thailand 2026 သရဖူကို ဆွတ်ခူး

ထိုင်းနိုင်ငံ၏ ဂုဏ်ဆောင်အလှမယ်သစ် ရွေးချယ်ပွဲဖြစ်သည့် Miss World Thailand 2026 ပြိုင်ပွဲတွင် ချင်းမိုင်မြို့ကိုယ်စားပြု အလှမယ် နမ့်ဖူး (Namphueng Kanteera Techaphatthanakun) က သရဖူကို ဆွတ်ခူးရရှိသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယမန်နေ့ (မေလ ၁၁ ရက်) ညပိုင်းတွင် Miss World Thailand 2026 ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် (Final Night) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ နမ့်ဖူးသည် နိုင်ငံမဲ့ကလေးငယ်များအား အိမ်မက်မက်ဝံ့စေရန် တွန်းအားပေးသည့် “Dare Your Dream” စီမံကိန်းကို စင်မြင့်ထက်သို့ ချပြခဲ့သည်။

နိုင်ငံမဲ့ကလေးငယ်ဘဝမှ စတင်ခဲ့ရသည့် သူမ၏ ခါးသီးသော ဘဝအတွေ့အကြုံနှင့် ကြိုးပမ်းမှုများမှာ ဒိုင်လူကြီးများနှင့် ပြည်သူများ၏ အာရုံစိုက်မှုကို အောင်မြင်စွာ ဖမ်းစားနိုင်ခဲ့ခြင်း ဖြစ်သည်။

နမ့်ဖူးသည် ထိုင်းနိုင်ငံရောက် တိုင်းယိုင်ခေါ်သျှမ်းတိုင်းရင်းသား (Tai Yai) မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ငယ်စဉ်က နိုင်ငံမဲ့ (Stateless) ကလေးငယ်တစ်ဦးအဖြစ် ခါးသီးသော ဘဝအခက်အခဲများကို ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

“ကျမရဲ့ အတိတ်က နိုင်ငံမဲ့ဘဝဟာ ကျမရဲ့ အိပ်မက်တွေကို မတားဆီးနိုင်ခဲ့ပါဘူး” ဟု သူမက ပြိုင်ပွဲစင်မြင့်ထက်တွင် ပြောကြားခဲ့သည်။

နမ့်ဖူးသည် ပညာရေးတွင်လည်း ထူးချွန်သူဖြစ်ပြီး ချင်းမိုင်တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာဌာန (Faculty of Medical Technology) မှ ဘွဲ့ရရှိခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။

လက်ရှိတွင် သူမသည် ချင်းမိုင်တက္ကသိုလ်တွင် ဆေးဘက်ဆိုင်ရာ နည်းပညာရှင် (Medical Technologist) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး တစ်ဖက်တွင်လည်း နိုင်ငံမဲ့ကလေးငယ်များ၏ အခွင့်အရေးနှင့် အိပ်မက်များကို အကောင်အထည်ဖော်ပေးသည့် “Dare Your Dream” စီမံကိန်းကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။

သျှမ်းတိုင်းရင်းသူ “နမ့်ဖူး” Miss World Thailand 2026 သရဖူကို ဆွတ်ခူး

သူမသည် ပညာသင်ကြားနေစဉ်တစ်လျှောက် နိုင်ငံသားဖြစ်ခွင့်အတွက် အားမလျှော့တမ်း ကြိုးပမ်းခဲ့ပြီး နိုင်ငံပေါင်း ၈၀ ကျော်မှ လူငယ်များ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံတကာ သိပ္ပံစီမံကိန်းပြိုင်ပွဲတွင် ထိုင်းကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရသည်။

၎င်းပြိုင်ပွဲတွင် တောင်ပေါ်စပါးများ ခြောက်သွေ့ရာသီ၌ အသက်ရှင်နှုန်း မြင့်မားစေရန် ရည်ရွယ်သည့် “ဒေသထွက် သစ်စေးဖြင့် ပြုလုပ်ထားသော ရေထိန်းမျိုးစေ့အလွှာ” စီမံကိန်းဖြင့် USAID မှ ပေးအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထူးဆုကို ဆွတ်ခူးပေးနိုင်ခဲ့သည်။ ဤထူးချွန်မှုကြောင့်ပင် အစိုးရ၏ အာရုံစိုက်မှုကို ရရှိခဲ့ကာ ထိုင်းနိုင်ငံသားအဖြစ် ရရှိရန် လမ်းစပွင့်ခဲ့ခြင်းဖြစ်သည်။

Miss World Thailand သရဖူရှင် နမ့်ဖူးသည် လာမည့် စက်တင်ဘာလ ၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့အဆင့် Miss World ပြိုင်ပွဲကြီးတွင် ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ကိုးကား – The Thaige

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News