တိုက်ပွဲကြား လူမျိုးရေး ပဋိပက္ခ မီးမတောက်လောင်စေချင်
တအာင်း(ပလောင်) မိသားစုလိုက် သတ်ဖြတ်ခံရပြီး ထိုထဲမှာ အသက် (၇)လ အရွယ် ကလေးငယ်တစ်ဦး ပါတဲ့အတွက် သျှမ်းပြည် တခုလုံးကို တုန်လှုပ်ခြောက်ချားသွားစေပါတယ်။ သျှမ်းပြည်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း စစ်မီးတောက်လောင်မှုတွေ အရှိန်အဟုန် မြင့်တက်နေတဲ့ကြားက မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန် တို့ မိသားစု သတ်ဖြတ်ခံရမှုကြောင့်...
တိုင်းရင်းသားချင်းချင်း ပစ်ခတ်မှုသည် တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဟန့်တားနေသူ ဟု SWAN ပြောဆို
SHAN -
သျှမ်းပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးများသည် ပြည်သူလူထုတို့အတွက် ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးတို့ကိုအကြောင်းပြပြီး အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ကာ ပြည်သူလူထုတို့ လိုလား တောင့်တသည့် တည်ငြိမ်းအေးချမ်းရေးအတွက် နှောက်ယှက်ဟန့်တားနေကြောင်း SWAN က ပြောဆို လိုက်သည်။ ထိုပြောဆိုချက်သည် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN ) ဖွဲ့စည်းတည်ထောင်ခြင်း (၂၃) နှစ် ပြည့်...
သျှမ်းပြည်အတွင်း ရွေးကောက်ပွဲ အကြောင်းပြ အိမ်ထောင်စုစာရင်း လိုက်လံကောက်နေ
SHAN -
သျှမ်းပြည်အတွင်း စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးတို့ ပူးပေါင်းပြီး အိမ်ထောင်စု စာရင်းများကို လိုက်လံကောက် စစ်ဆေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က ယခု မတ်လအတွင်း အိမ်ထောင်စုတွင်းရှိ လူစာရင်းများကို လိုက်လံ ကောက်ယူနေကြောင်း နမ့်လန်မြို့...
မုံးကိုး စစ်ရှောင် ၈၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ရှောင် ၈၀၀ ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သတင်းသိရသည်။ မုံးကိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင်ရောက်ရှိလာသည့် ကျေးရွာ ၇ ရွာမှ ဒေသခံများအတွက် ဆန် နှင့် စားနပ်ရိက္ခာများပြတ်လပ်နေပြီး ကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မုံးကိုးမြို့က ဘာသာရေးကျောင်းတွေ၊...
လျှပ်စစ်မီး အားကိုးပြီး ရုန်းကန်နေရသူရဲ့ ဒုက္ခ
SHAN -
“မီး မကြာခဏပျက်တော့ ကျမတို့ မုန့်လုပ်ငန်းကတော့ တော်တော်ကိုအဆင်မပြေတာ။ ညမှလာတော့ လူတွေလည်းအိပ်ရေးပျက်တာပေါ့။ ထုတ်ကုန်လည်းလျော့ကျ၊ ၀င်ငွေလည်းနည်းလာတယ်” လို့ မမို့မို့ တယောက် သက်ပြင်းချကာ ပြောလာပါတယ်။ မမို့မို့တို့မိသားစုဟာ မုန့်လုပ်ငန်းနဲ့အသက်မွေး၀မ်းကြောင်းပြုလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် အခုလို မီးပျက်ဒဏ်ဆိုးဆိုးရွားရွားကို မခံခဲ့ရပေ။ “မီးကပုံမှန်မလာတဲ့အခါကျတော့ မုန့်က လုပ်ရမလား မလုပ်ရဘူးလား ဆိုတာတွေ တွေးရတယ်၊ လုပ်လိုက်လို့ မီးကပျက်သွားရင်စက်ထဲရောက်သွားတဲ့မုန့်က အလကားဖြစ်ကုန်တယ်” လို့ မမို့မို့က လက်ရှိကြုံတွေ့နေရတာတွေကို ရင်ဖွင့်လာပါတယ်။ စစ်အာဏာသိမ်းပြီး...
တောင်ကြီးမြို့ DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦးဖမ်းဆီးခံရ
SHAN -
သျှမ်းတောင် တောင်ကြီးမြို့ ရှိ DNNA အမည်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းအုပ်အပါအဝင် အမျိုးသမီး ၈ ဦး ကို စစ်ကောင်စီ မှ ဖမ်းဆီးခံသွားကြောင်း စုံစမ်းသိရသည်. ယမန်နေ့( မတ်လ ၂၆) ရက် ည အချိန်တွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ခွာညိုလမ်း နှင့် သဇင်လမ်းတွင် နေထိုင်သည့် DNNA ကိုယ်ပိုင် အထက်တန်းကျောင်းအုပ် ဆရာမဒေါ်နွဲ့နွဲ့အေးနှင့် ၎င်းတူမဖြစ်သူတို့ကို စစ်ကောင်စီတပ်သား အင်အား ၅၀ နီးပါးက လာရောက်ရှာဖွေကြောင်း သိရသည်။ ဟန်ငြိမ်းဦး ဆိုသည့်...
တောင်ကြီးမြို့ပေါ် UG လှုပ်ရှားနေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာရှင်ကို တော်လှန်နေသည့် UG လှုပ်ရှားနေသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီ မှ ရှာဖွေဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၃ ရက် နေ့လည်ပိုင်းတွင် တောင်ကြီးမြို့မှ မန္တလေးနှင့် ရန်ကုန်သို့ ပို့ဆောင်သည့် ဖောက်ခွဲရေးပစ္စည်းများ လမ်းမှာစစ်ဆေးဖမ်းဆီးခြင်းခံရပြီးနောက် တောင်ကြီးမြို့မှ UG များကို စစ်ကောင်စီတို့က ခြေရာခံလိုက်နိုင်ပြီး ညပိုင်းတွင် အမျိုးသားတစ်ယောက် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းသိရသည်။ “မတ်လ...
သျှမ်းနီလူမျိုး စစ်ကောင်စီဖျောက်ရန် ကြိုးစားနေဟု သျှမ်းနီများ ဝေဖန်ပြောဆို
သျှမ်းနီတိုင်းရင်းသားများ၏ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်တွင် ပါရှိသည့် လူမျိုး ဆိုသည့်နေရာတွင် ဗမာ ဟု သုံးနှုန်းရေးသားခြင်းသည် လူမျိုး နှင့် လူမျိုးနာမည်ဖျောက်ရန် ကြိုးစားမှုဖြစ်သည်ဟု သျှမ်းနီလူမျိုးများက ဝေဖန်ပြောဆို နေကြသည်။ မတ်လ ပထမပတ်အတွင်းမှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက)...
SNLD ရပ်တည်ချက်အတိုင်း ငွေစာရင်းကို UEC ထံ သွားရောက်စစ်ဆေးခံမည် မဟုတ်
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)ထံ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ရပ်တည်ချက်အတိုင်း ငွေစာရင်းသွားရောက်စစ်ဆေးခံမည်မဟုတ်ကြောင်း သတင်းရရှိသည်။ SNLD နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီတို့သည် UEC ညွှန်ကြားချက်အတိုင်း စစ်ဆေးခံခြင်း မရှိခဲ့သည့်အတွက် UEC က မတ် ၂၇ ရက် နောက်ပိုင်း အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့ (မတ်...
ကျောက်မဲ စစ်ရှောင် ၄၀၀ ခန့် ကျန်နေဆဲ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ရှောင် (၄၀၀) ခန့်ကျန်ရှိပြီး၊ ထိုထဲတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များသာ အများစု ဖြစ်ကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် နှစ်လယ်ပိုင်းကတည်းက ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကာ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ပြည်သူလည်း များစွာ...





