လွတ်ငြိမ်းခွင့်ဖြင့် လားရှိုး နိုင်ငံရေး အကျဥ်းသား (၁၃) ဦး လွတ်မြောက်

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ နိုင်ငံရေး အကျဥ်းသားများအနက်မှ (၁၃) ဦးသည် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

လားရှိုးအကျဥ်းထောင်

ယမန်နေ့ မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့) အထိမ်းအမှတ်အဖြစ် အကျဥ်းထောင် အသီးသီးရှိ အကျဉ်းသား/အကျဉ်းသူ ၂,၁၅၃ ဦးကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပေးကြောင်း အာဏာသိမ်း စစ်ကောင်စီက ကြေညာလိုက်သည်။

အဆိုပါ လွတ်ငြိမ်းခွင့်ရသူ ၂,၁၅၃ ဦး အနက် လားရှိုးမြို့ရှိ အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသား ၁၃ ဦး ပြန်လည် လွတ်မြောက်လာကြောင်း ရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ပိုင်းမှာ ပုဒ်မ (၅၀၅) နဲ့ မိန်းကလေး ၂ ယောက်နဲ့ ယောကျာ်းလေး ၁၁ ယောက်ပဲ လွတ်လာတယ်။ ဒါက နိုင်ကျဥ်းထဲကပေါ့၊ နိုင်ကျဥ်းထဲ မဟုတ်တာကို လွတ်ပေးမယ်လို့လည်း သတင်းရပေမဲ့ အရေအတွက် တိတိ ကျကျတော့ မသိရဘူး” ဟု အထက်ပါ ရှေ့နေက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့ရှိ၊ ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံး) အကျဥ်းထောင်မှ နိုင်/ကျဥ်း တချို့ နှင့် တခြား အကျဥ်းသားများလည်း ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။

“ထောင်ရှေ့မှာ (တောင်လေးလုံး) မနက်ကတည်းက သွားစောင့်ပြီး ၁၀ နာရီလောက်မှာတော့ အကျဥ်းသား တချို့ကို စလွတ်လာတယ်၊ ၅၀၅ (က) နဲ့ ဖမ်းဆီး အမိန့်ချခံထားရတဲ့ ကျနော့် ညီလည်း ပြန်လွတ်လာပါပြီ၊ သူနဲ့ အတူ တခြား ၅၀၅ သမားတွေလည်း ပါလာတယ်၊ အရေအတွက် တော့ မသိရဘူး” ဟု တောင်လေးလုံး အကျဥ်းထောင်မှ လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်/ကျဥ်းတစ်ဦး၏ ဆွေမျိုး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကျိုင်းတုံ၊ တာချီလိတ် အကျဥ်းထောင်များရှိ နိုင်ငံရေး အကျဥ်းသားများလည်း လွတ်ငြိမ်းချမ်းသာခွင့် ရသူများလည်း ရှိနေကြောင်း သတင်းထွက်ပေါ်သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မပြုနိုင်သေးပါ။

ယမန်နေ့ မေ ၃ ရက်တွင် နိုင်ငံရေးအကျဥ်းသား ၂,၁၅၃ ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသော်လည်း နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မေလ ၃ ရက်နေ့ ညနေ ၅ နာရီထိ ကိန်းဂဏန်းအရ (၁,၂၇၇) ဦးကို အတည်ပြုနိုင်ခဲ့ပြီး (၉၆) ဦးကိုသာ အမည်နှင့်တကွ အတည်ပြု နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့ကလည်း အကျဉ်းသား/သူ ၃,၀၁၅ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား/သူ ၉၈ ဦးတို့အား ချွင်းချက်ဖြင့်ပင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...