Monday, February 9, 2026

CATEGORY

နိုင်ငံရေး

မူဆယ်မြို့  ဗုံးပေါက်ကွဲ ပြည်သူ့စစ် ၂ဦးအပါအဝင်   ၇ ယောက် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး  ပြည်သူ့စစ် ၂ဦးအပါအဝင်  ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မှ မင်္ဂလာ မူဆယ်ဘက်သွားသည့် လမ်းမကြီးတွင် ဆင်ထားသည့် ဗုံးသုံးလုံး ရှေ့ဆင့်နောက် ဆင့် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၇ ဦးရရှိခဲ့ရာ ထိုထဲတွင်ပြည်သူ့စစ် ၂ဦးပါဝင်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဘယ်သူက လာဆင်ထားတဲ့ မိုင်းလဲတော့ မသိရဘူး၊ ဗုံးသုံးလုံးက တစ်နေရာတည်း ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသွားတာ၊အကျယ်ဆုံးကြားရတာတော့ တစ်လုံးပဲ၊ အနီးမှာ ရှိတဲ့ အိမ်တွေတောင်တုန်သွားတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ၇ ယောက်ရှိပြီးဆေးရုံကို ပို့ထားလိုက်ပြီ၊ အဲ့ထဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်လည်း ပါတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို မူဆယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ ဦး ပါဝင်ကြောင်း ဒေသခံများ ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် အဆိုပါ ဗုံးပေါက်ကွဲသည့် နေရာနှင့် အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များစစ်ဆေးမှု ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်တွင်လည်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်သည် TNLA တအာင်း(ပလောင်) တပ်မတော်၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် စစ်ကောင်စီ တို့ လှုပ်ရှားနေပြီးမကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ကျောက်မဲမြို့နယ် စစ်ဘေးရှောင်များကို ဒုက္ခသည်ဟု အမည်ပြောင်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းများသည် နေရပ်ကို မပြန်နိုင်သေးသောကြောင့် ဒုက္ခသည်များဟု အမည်ပြောင်းခေါ်ကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန်အတွက် စစ်ရှောင်ကော်မတီများနှင့် ညှိနှိုင်းခဲ့ပြီး စစ်ဘေးရှောင်များနေရပ်သို့မပြန်နိုင်သေးသဖြင့် စစ်ဘေးရှောင်စခန်းများကို ဒုက္ခသည်စခန်းအဖြစ်ပြောင်းလဲခေါ်ဆိုကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်းသိရသည်။ “ ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့...

ကွတ်ခိုင်မြို့နယ်တွင် KIA တပ်ဖွဲ့မှ ကားသမားများထံ အဆမတန် ငွေကောက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့မှ ကားသမားထံမှ အခွန်အဆမတန်ကောက်နေကြောင်း သတင်းသိရသည်။ ယခု နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ နှင့် အနီးတစ်ဝိုက်တွင် KIA တပ်ဖွဲ့မှ ၂၂ ဘီး ကုန်တင်ကားတစ်စီးလျှင် ကုန်ဖိုးအတွက် အခွန်...

စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျပေါက်ကွဲ စစ်ရှောင် ထပ်မံရွှေ့ပြောင်းရ

ကချင်ပြည် မိုးမောက်မြို့ လောကမာရဇိန်ကျောင်းတိုက် စစ်ရှောင်စခန်းတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စစ်ရှောင်များ နေရာသစ်တို့ ထပ်မံပြောင်းရွေ့ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယခုလ ( နိုဝင်ဘာလ ၁၁ )ရက်တွင်  ကချင်ပြည် မိုးမောက်မြို့ လောကမာရဇိန်ကျောင်းတိုက် စစ်ရှောင်စခန်း အနီးတွင် စစ်ကောင်စီမှ ပစ်လိုက်သော လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား တစ်ဦး...

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် ညအချိန်မတော် လက်နက်ကြီးခြိမ်းခြောက်ပစ်ခတ်မှု ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း လအိ ၊ လတိန် ကျေးရွာဘက်သို့ စစ်ကောင်စီက မှ ညအချိန်မတော် လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်မှုပြုလုပ်သဖြင့် ပြည်သူများ ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၃)ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လအိကျေးရွာ...

သိန္နီမြို့နယ် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား၊ ကားလမ်းပိတ်ထားရ

သျှမ်းပြည် မြောက်ပိုင်း သန္နီမြိုနယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်မှ ကွမ်လုံဘက်သွားသည့် လမ်းပိုင်းရှိ ပန်တီးကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံ...

နောင်ချို- ပြင်ဦလွင် ကြား စစ်ကောင်စီနှင့် မန္တလေး PDF တိုက်ပွဲဖြစ် စစ်ကောင်စီ အရာရှိတစ်ဦးသေဆုံး

သျှမ်ပြည်မြောက်ပိုင်း နောင်ချို- ပြင်ဦးလွင်ကြားစစ်ကောင်စီနှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးသေဆုံးကြောင်း စုံစမ်းသိရသည်။ ယခုလ နိုဝင်ဘာ ၈ ရက် နှင့် ၉ရက် တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာသည့်အတွက် စစ်ကောင်စီနှင့် မန္တလေး PDF တို့တိုက်ပွဲဖြစ်ပွဦးကာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးသေဆုံသွားကြောင်း...

တောင်လေးလုံးမှ နိုင်/ကျဥ်း နှစ်ဦး ပြန်လွှတ်လာ

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်လေးလုံး အကျဥ်းထောင်တွင် ပြစ်ဒဏ်ချမှတ်ခံရသည့် နွေဦးတော်လှန်ရေးမှ နိုင်ငံရေး အကျဉ်းသား နှစ်ဦး ပြန်လည်လွှတ်မြောက်လာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်တွင် တောင်ကြီးမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့် ၈၈ ကျောင်းသားဟောင်း ၊ နိုင်ကျဉ်းဟောင်း ဖြစ်သူ...

မိုင်းယော်တိုက်နယ်အတွင်း စစ်ရေးတင်းမာနေဆဲ ဒေသခံများလယ်ယာ မသွားနိုင်သေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းတွင် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသေးသဖြင့် ဒေသခံများလယ်ယာမသွားနိုင်သေးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့တို့၏ တိုက်ပွဲအပြီး ယနေ့အချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာမှုများရှိနေသေးသည့်အတွက် ဒေသခံများက လယ်ယာမသွားရဲကြောင်း မန်ဝိန်းရွာမှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “တိုက်ပွဲဖြစ်ပြီးကတည်းက...

လားရှိုး မြို့တော်ခန်းမ ဖောက်ခွဲမှု N.S.S.A.A လက်ချက်ဟု ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ မြို့လည်ခေါင်ရှိ မြို့တောင်ခန်းမ ဖောက်ခွဲမှုကို မြောက်ပိုင်းမဟာမိတ် တပ်ရင်း (N.S.S.A.A) ကပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်လာသည်။ ယနေ့ ( နိုဝင်ဘာ ၂)ရက် နေ့လည်ပိုင်း ၁နာရီတွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ကျဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများကိုတော့ မသိရှိရကြောင်း ဆိုသည်။ “...

Latest news