CATEGORY

နိုင်ငံရေး

သျှမ်းပြည်လူထု ပညာရေးက အောက်ဆုံးအဆင့်နီးပါးရောက်နေတယ်။ ပညာရေးအပိုင်းကို စိတ်မဝင်စားတာ ဝမ်းနည်းတယ်။

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လွယ်တိုင်းလီဒေသတွင် အခြေစိုက်ထားသည့် “ကော်တိုင်း” အဖွဲ့အစည်းသည် သျှမ်းလူငယ် မျိုးဆက်သစ်များအတွက် ပညာရေးနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို ၁၉၉၉ ခုနှစ်မှ စ၍ (၂၅)နှစ်တိုင်တိုင် တစိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်လာခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။

‘ဝ’ ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကျင်းပ၊ NUG နှင့် ညီနောင်မဟာမိတ် သဝဏ်လွှာပေးပို့

သျှမ်းပြည် ပန်ဆန်း(ပန်ခမ်း)မြို့နှင့် ဟိုပန်မြို့တို့တွင် “ဝ” ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၇ ရက်တွင် ကျရောက်သည့် သျှမ်းပြည်အထူးဒေသ(၂) “ဝ” ငြိမ်းချမ်းရေး တည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကို ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ပန်ဆန်း(ပန်ခမ်းမြို့)တွင် ကျင်းပသည့် အခမ်းအနားသို့...

ညောင်ရွှေမြို့နယ် ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်နေထိုင်သည့် အရပ်သား ၂ ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သူ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အဆက်အသွယ်ရှိသည့်အပြင် ကျေးရွာအတွင်း...

လားရှိုးစစ်ဘေးရှောင် ရှစ်ရာကျော် စားနပ်ရိက္ခာလိုအပ်

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ဘေးရှောင် လူဦးရေ ရှစ်ရာ (၈၀၀) ကျော် အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် သိန္နီမြို့မှ လားရှိုးမြို့ ဘုန်းကြီးကျောင်းများသို့ ၂၀၂၃ နိုဝင်ဘာလ မှစ၍ ယခုအချိန် ၅ လ အတွင်း စစ်ဘေးတိမ်းရှောင်လာသူ ရှစ်ရာကျော်အတွက် အလှူရှင်နည်းပါးလာသဖြင့်...

သျှမ်းတောင် တိုက်ပွဲ ၃ လ အတွင်း အရပ်သား ၆၀ ကျော်သေဆုံး

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ် ပူးပေါင်း တော်လှန်‌ရေး တပ်ပေါင်းစုများ နှင့် စစ်ကောင်စီ တို့အကြား ၃ လအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၆၀ ကျော် သေဆုံး ပြီး ထိ ခိုက်ဒဏ်ရာရှိသူ ၇၈ ဦး အထိ...

နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင် ဒုချုပ်စိုးဝင်းရေပတ်နေဟု ဓာတ်ပုံဟောင်းသုံးပြီး သတင်းမှားဖြန့်

နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟု ဖြန့်ချိနေပါသည်။

ကျောက်ဂူထဲရောက်တဲ့ စစ်ရှောင်တွေ စားဝတ်နေရေးခက်ခဲမြင်ကွင်း

မဲမှောင်နေတဲ့ ကျောက်ဂူ၊ ကျောက်ဆောင်တွေအောက်မှာ မိုးကာလေးကို အခင်းလုပ်ပြီး စစ်ရှောင်ကလေး၊ သက်ကြီးရွယ်အိုတွေဟာ ထိုင်သူကထိုင်၊ အိပ်သူကအိပ်နဲ့ တွေ့မြင်နေရပါတယ်။ အချို့သူတွေကလည်း ကျောက်ဂူ၊ ကျောက်ဆောင်နံဘေးမှာ မိုးကာအစိမ်းနဲ့ တဲထိုးပြီးနေနေကြပါတယ်။ ဒါ့အပြင် သခင်နဲ့အတူပါလာတဲ့ အိမ်မွေးတိရစ္ဆာန် ကြောင်လေးတွေကလည်း စားရယုံတမယ် အစာစားပြီးတော့ ထပ်စားရဖို့အရေး မျှော်နေပါတယ်။ အဲ့နေရာကတော့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နဲ့ ၄...

နွေအပူထက် “ပြန်စရာအိမ်မရှိ ”ရင်ပူဆွေး နေရသူများ

နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း လေရူးကြောင့် တဝေ့ဝေ့ ကြွေကျနေတယ်။ ဒါပေမဲ့ ဒီနွေအပူထက် ရင်ထဲမှာပူဆွေးနေရသူကတော့ နန်းချို(အမည်လွှဲ)တစ်ဦးပါ။ “တချို့အိမ်ကတွေ ပြိုကျနေ၊ တချို့အိမ်ကျတော့လည်း မီးလောင်နေတယ်။ တချို့အိမ်ကတော့ အိမ်ခေါင်မိုးတွေ ပွင့်ကုန်ပြီ၊ ဘာမှမရှိတော့ဘူး။ မြို့ပျက်ကြီးလိုပဲ ဆီဆိုင်မြို့ဈေးတောင် ပြာကျသွားပြီ ဘာမှမရှိတော့ဘူး”...

နမ့်ခမ်းမြို့ TNLA ကျင်းပသည့် သင်္ကြန်မဏ္ဍပ်စင် အနီး ပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည် နမ့်ခမ်းမြို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ TNLA ဦးဆောင်ပြီး မြို့လယ်ဘုရားကြီးပွဲတော်ဝင်း (ပန်ပွဲ)ရှိ ဗဟိုမဏ္ဍပ်ပွဲစင်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌...

ပြင်ဦးလွင် တိုက်ခိုက်ခံရမှု မန္တလေးတိုင်းမှူးနှင့် တပ်နယ်မှူး စစ်ခုံရုံးဖွဲ့ စစ်ဆေးရန် မင်းအောင်လှိုင် အမိန့်ပေး

နာမည်ကျော် အပန်းဖြေမြို့ဖြစ်သည့် ပြင်ဦးလွင်မြို့ ယမန်နေ့ (ဧပြီ ၁၄)ရက် ညပိုင်းတွင် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် အုပ်ချုပ်မှု ညံ့ဖျင်းမှုဖြင့် မန္တလေး နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ် တို့ကို စစ်ခုံရုံးဖွဲ့...

Latest news