တအာင်းဒေသအတွင်း သတ္တုနှင့် မြေရှား တူးဖော်ခြင်းခွင့်မပြုကြောင်း TNLA ထုတ်ပြန်

တအာင်းဒေသအတွင်း မြေရှားသတ္တုတူးဖော်ခြင်း၊ သတ္တုလုပ်ငန်းနှင့် အခြားပုဂ္ဂလိကလုပ်ငန်းများကို လုပ်ကိုင်ခွင့်မပြုတော့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မေလ ၃၁ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လာသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရအဆက်ဆက်လက်ထက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ခွင့်ပြုခဲ့သည့် ခွင့်ပြုမိန့်၊ လိုင်စင်၊ အမိန့်စာများကို အသိအမှတ်မပြုတော့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ခွင့်ပြုခဲ့သည့် လုပ်ငန်းများကိုလည်း ယာယီရပ်ဆိုင်းရန် နှင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်လိုပါက ခွင့်ပြုချက်များကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အတိုင်မီ နောက်ဆုံးထား လျှောက်ထားရန်လည်း ဖော်ပြထားသည်။

ဓာတ်ပုံ-ပန်ဝါဒေသတွင် မြေရှားသတ္တုထုတ်လုပ်နေသည့် လုပ်ငန်းခွင် (ရင်းမြစ် − Global Witness)
ဓာတ်ပုံ-ပန်ဝါဒေသတွင် မြေရှားသတ္တုထုတ်လုပ်နေသည့် လုပ်ငန်းခွင် (ရင်းမြစ် − Global Witness)

သတ်မှတ်ထားသည့်ကာလအတွင်း ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပါက လုပ်ငန်းများနှင့် လုပ်ငန်းနှင့် ဆက်စပ်သော အဆောက်အအုံ၊ ပစ္စည်းများကို တအာင်းပြည်သူပိုင်အဖြစ် သိမ်းဆည်းပြီး အရေယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် မြေရှားသတ္တုရှာဖွေတူးဖော်ခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်ရန်ခွင့်မပြုထားကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက PSLF/TNLA ၏တည်ဆဲ ဥပဒေများအရ အရေးယူသွားမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

သျှမ်းပြည် မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် TNLA မှ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့ တို့ကို သိမ်းပိုက်နေရာယူထားသသည်။

မြန်မာနိုင်ငံတွင် မြေရှားသတ္တုကို ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်ဒေသများတွင် အဓိကထုတ်လုပ်နေသည်။

ဓာတ်ပုံ-ပန်ဝါဒေသတွင် မြေရှားသတ္တုထုတ်လုပ်နေသည့် လုပ်ငန်းခွင် (ရင်းမြစ် − Global Witness)

တရုတ်နိုင်ငံမှ လိုအပ်နေသော မြေရှားသတ္တု ၄၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ အဓိက ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း ကနေဒါအခြေစိုက် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ သုတေသနအဖွဲ့ (Adamas Intelligence) ၏ အချက်အလက်တွေများတွင် ဖော်ပြထားကြောင်း သိရသည်။

၂၀၂၂ တွင် မြေရှားသတ္တု မက်ထရစ်တန်ချိန် ၁၂၀၀၀ ကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့စတုတ္ထမြောက် မြေရှားသတ္တု အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ဂျာမနီအခြေစိုက် Statista ကမ္ဘာ့အချက်အလက်စုဆောင်းသည့် သုတေသနဌာနမှ ဖော်ပြထားသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...