ဖယ်ခုံမြို့နယ် လအိဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆေးရုံကို ယနေ့ (မတ်လ၂၂) ရက် နံနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဆေးရုံအဆောက်အဦးများလည်း ထိခိုက်ပျက်စီးသွားသလို လူထိခိုက်ဒဏ်မှုလည်း ရှိကြောင်းသိရသည်။ အဆိုပါ...
စစ်ကောင်စီက စစ်မှုထမ်းဟောင်း မိသားစုဝင်များကို အဓိကထား ခေါ်ယူနေတာ
သျှမ်းပြည် ကွန်ဟိန်းမြို့တွင်း ပြည်သူ့ စစ်မှုထမ်းဟောင်း မိသားစု ဝင်များကို ပြည်သူ့ စစ်မှုထမ်းရန် အဓိက ခေါ်ယူနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကွန်ဟိန်းမြို့တွင် ပြည်သူ့ စစ်မှုထမ်းရန်ခေါ်ယူသည့် နောက်တွင် စစ်မှုထမ်းဟောင်း၏ မိသားစုဝင်များကို စစ်ကောင်စီက အဓိကထား ခေါ်ယူနေကြောင်း ကွန်ဟိန်းမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...
ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေဆဲ
သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် KNDF ၊မဟာမိတ်ပူးပေါင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့်လက်အောက်ခံ ပြည်သူ့စစ် PNA က ပင်လောင်း-ဖယ်ခုံနယ်စပ်ကို ထိုးစစ်ဆင်မှုကြောင့် မတ်လ ၁၀ ရက်ကတည်း ပင်လောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတစ်ကျော့ပြန်ဖြစ်ပွားလာပြီး လက်ရှိ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်လာနေကြောင်း ပင်လောင်းမြို့ဒေသခံများထံမှ သိရသည်။ ပင်လောင်းမြို့ တောင်ဘက်ရှိ ဆောင်းပြောင်းကျေးရွာသည် ပင်လောင်-ဖယ်ခုံ လမ်းမပေါ်တွင်တည်ရှိပြီး ပင်လောင်းမြို့နှင့်...
သျှမ်းတောင် ၂ လကြာတိုက်ပွဲ စစ်ကောင်စီတပ်က ဒရုန်းကိုပိုအသုံးပြုလာ
သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝေဟင်မှ တိုက်လေယာဉ်အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ သိသိသာသာပိုလုပ်လာနေကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်အင်းအားစုတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်မှ လက်နက်ကြီး၊ ဝေဟင်မှ တိုက်လေယာဉ်နှင့် ဒရုန်းများဖြင့်...
ပြည်သူ့စစ်မှုထမ်းရန် စာရင်းကောက်ပြီးနောက် ခရီသွားလာခွင့် ပိုမိုတင်းကြပ်လာ
စစ်ကောင်စီမှ ပြည်သူ့ စစ်မှုထမ်းရန် စာရင်းကောက်ပြီးနောက် စစ်မှုထမ်း အကျုံးဝင်သူများ ထွက်ပြေး တိမ်းရှောင်မည်ကို စိုးရိမ်သဖြင့် ခရီးသွားလာခွင့်များ ယခင်ကထက် ပိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မတ်လ ၁၈ ရက်နေ့မှစ၍ တောင်ကြီးမြို့မှ မန္တလေး၊ ရန်ကုန်သွားသည့် ခရီးသွားသည့် ကားဂိတ်များ ကို ခရီးသွားမည့် သူများ၏...
NCA အဖွဲ့ ဘာကြောင့် “7 EAO Alliance” ပြောင်းလဲခဲ့လဲ။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ (၁၇)နှင့် (၁၈)ရက်တို့တွင် ကျင်းပခဲ့သည်။ ၂ ရက်တာ ကျင်းပခဲ့သည့် မျက်နှာစုံညီ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး အခြေအနေကို သုံးသပ်ခြင်းအပြင် စုဖွဲ့မှုပုံစံအသစ်အတွက်...
သျှမ်းပြည် ရွာငံ-သာစည်ကြားရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ကျကျန်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖုန်းအားစစ်ဆေးရာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေသည့် ဗီဒီယိုတွေ့ရှိသည်ဟု သတင်မှားဖြန့််ချိနေလျက်ရှိသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် Mawshan Myay Media ဆိုသည့်အကောင့်မှ မတ်လ ၁၈ ရက်တွင်...
မူဆယ်မြို့မှ ကလေးငယ် နှစ်ဦး ပြန်ပေးဆွဲခံရပြီး ရွေးရန်ပိုက်ဆံ မလုံလောက်သဖြင့် စိုးရိမ်နေရ
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း၌ တစ်ရက်တည်းအတွင်း ကလေးငယ် နှစ်ဦး ပြန်ပေးဆွဲ ခံရပြီး ရွေးရန် ပိုက်ဆံ မလုံလောက်သဖြင့် မိဘများက စိုးရိမ်နေကြရကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်အချိန်၌ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ၄၅ ကုန်းရပ်၌ နေထိုင်သည့်အသက် (၁၀) ကျော်နှင့် (၁၃) နှစ်ဝန်းကျင် ကလေးငယ် နှစ်ဦး ပြန်ပေးဆွဲခံရခြင်း ဖြစ်ကြောင်း နီးစပ်သည့် အမျိုးသား တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။ “အိမ်မှာကို လာဖမ်းသွားတာ၊ ကလေးငယ် နှစ်ယောက်က အိမ်ရှေ့မှာ ဆော့နေကြတဲ့ အချိန် မိဘတွေက နောက်ဖေးဘက်မှာ လုပ်စရာရှိတာ လုပ်နေတဲ့ အချိန် လာဖမ်းသွားတာ၊ ကလေးတွေ အော်သံကြားလို့ မိဘတွေ ပြေးထွက်လာပေမဲ့ မမှီတော့ဘူးလေ၊ ပြန်ပေးဆွဲအဖွဲ့က ကားနဲ့ လာသွားကြတာ” ဟု ဖြစ်စဥ်ကို သိရှိသည့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ကလေးပြန်ပေးဆွဲ ဖမ်းခေါ်သွားသည့် အဖွဲ့သည် အဖြူရောင် ကားအမျိုးအစား နှင့် အမျိုးသား (၅) ဦး ဖြစ်ကြောင်းလည်းမြင်တွေ့ရသူများ၏ ပြန်ပြောပြချက် အရ သိရသည်။ ကလေးငယ်များ ဖမ်းဆီးခံရပြီးနောက် ညနေ (၆) နာရီဝန်းကျင် အချိန်တွင် ပြန်ပေးဆွဲသူအဖွဲ့မှ မိဘဖြစ်သူထံ ပိုက်ဆံ မြန်မာငွေကျပ် သိန်း (၂၀၀) သို့မဟုတ် တရုတ်ငွေ ၁ သိန်းဖြင့် လာရောက်ရွေးယူရန် ဖုန်းဆက် အကြောင်းကြားလာကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူ့မိဘတွေကလည်း ကြက်ရောင်းနေကြတဲ့သူတွေပါ။ အဲ့လောက် ပိုက်ဆံ အများကြီး ဘယ်လို ရှာနိုင်မ တုန်း၊ အဲ့ကြောင့် ပိုက်ဆံလည်း မပေးရသေးဘူး၊ ကလေးတွေနဲ့လည်း အဆက်အသွယ်မရသေးလို့ မိဘဖြစ်သူတွေကတော့ ကလေးတွေအဖို့ စိတ်ပူတယ်၊စိုးရိမ်နေကြရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်. လက်ရှိအချိန်တွင် ကလေးများကို ပြန်ပေးဆွဲခေါ်သွားသည့် အဖွဲ့သည် မည်သူ မည်ဝါမှန်း မသိရကြောင်း ၊ ကလေးငယ်များကို မည်သည့်နေရာသို့ ပြန်ပေးဆွဲခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးသည့်အတွက် မိဘ နှင့် ဆွေမျိုးများက စိုးရိမ် နေကြကြောင်းသိရသည်။ ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာလည်း မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်အတွင်း နေထိုင်သည့် သံတိုသံစ များ လိုက်လံကောက်ယူ ရောင်းဝယ်နေသည့် အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦးလည်း ပြန်ပေးဆွဲခံရပြီး ယနေ့ အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။ မူဆယ်မြို့အတွင်း စစ်ကောင်စီ တပ်မှ လုံခြုံရေး ကင်းလှည့်ခြင်း၊ မာရှယ်လော ထုတ်ထားခြင်း နှင့် စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်နေကြသော်လည်း ခိုးဆိုးလုယက်မှုများ၊ ပြန်ပေးဆွဲမှုများသည် နေ့စဥ် နီးပါး ဖြစ်ပွားနေ လျက်ရှိကြောင်းလည်း မူဆယ်မြို့ဒေသခံများထံမှ သိရသည်။
ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...
ညောင်ရွှေမြို့နယ် စစ်ကောင်စီ ငွေအဆမတန် တောင်း
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့ စစ်ဆေးရေးဂိတ်များတွင် ငွေအဆမတန် ကောက်နေကြောင်း စုံးစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာ အနီး အဝိုင်းပတ်တွင် ပြီးခဲ့သည့် မတ်လ ပထမ ပတ်မှစ၍ စစ်ကောင်စီနှင့် ပြည်သူ့ စစ် PNO...





