Sunday, July 14, 2024

မိုင်းပျဉ်တောင် အတက်အဆင်း အချိန့်ကန့်သတ်ထား

Must read

သျှမ်းပြည် အရှေ့ပိုင် မိုင်းပျဉ်တောင်ပေါ်တွင် ကားများ ပိတ်ဆို့မှုကြောင့် အတက်အဆင်းကို အချိန့်ဖြင့် ကန့်သတ် သွားလာမှုများ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်တောင်ပေါ်တွင် မိုးရွာ၍ လမ်းချော်မှုများ၊လမ်းကျဉ်မှုများကြောင့် ကားငယ်များနှင့် ၁၀ ဘီးကုန်တင်တွဲကားကြီးများပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

ထို့နောက် ဇွန် ၁၁ နေ့မှ စ၍ အသွားအလား အတက်အဆင်း အချိန် ကန့်သတ်မှုများဖြင့်ပြုလုပ်လာကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုတောင် လမ်းသွားနေတာ ပိတ်ထားလို့စောင့်နေတာ။ ဒီလိုလုပ်ပေးရတဲ့ အထိဖြစ်ရတာက လမ်းကျဉ်း တာရယ် ကားကြီးတွေကလည်း အချင်းချင်းရှောင်ပေးရခက်တာရယ်၊ ရှောင်ပေးရင်လည်းခံတာရယ် အဲ့လိုတွေကြောင့် လည်း ကားတွေပိတ်တာပေါ့။ ကားကြီးတွေကလည်းများတာကို။ သူတို့ကတော့ အချိန်နဲ့ တရက်ကို ၃ ကြိမ်လုပ်ပေးတာ”ဟု ကားသမားတစ်ဦးက ပြောသည်။

ယာဉ်များရပ်တန့်စောင့်ဆိုင်းရမည့်နေရာများမှာ ကျိုင်းတုံ မှ တောင်ကြီးသွားလျှင် မိုင်းပျဉ်းပူးပေါင်းဂိတ် (သို့) ခမရ (၅၂၈) တပ်အနီး၊ တောင်ကြီးမှ ကျိုင်းတုံသွားလျှင် မိုင်းပျဉ်းတောင်ထိပ် (သို့) ဆင်မောင်းရွာ တို့စသည့် နေရာတို့တွင် တွင်ရပ်စောင့်ရမည် ဖြစ်ပြီး ၂ နာရီခြားတစ်ခါ အလှည့်ကျဖြင့် အတက်အဆင်း သွားလာခွင့်ပေးနေကြောင်း သိရသည်။

ထိုလမ်းတကြောတွင်လည်း ကားမှောက်ခြင်း၊ကန့်လန့်ခံနေခြင်း၊ကားပျက်၍ ဖယ်ရခက်နေသည့်ကားများ စသည့် အခက်အခဲများစွားဖြင့် ပိတ်မိနေသည့် ကားများ ကျန်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းတွင်လည်း လမ်းပြုပြင်မှုများကြောင့် လွိုင်လင်-မိုင်းပွန် ပြည်ထောင်စုလမ်းမကြီပေါ်တွင် ကားလမ်းများပိတ်ဆို့မှုဖြစ်ပွားကာ သွားလာမှုအခက်ခဲများရှိနေကြောင်း သတင်းရရှိသည်။

သျှမ်းပြည် မြောင်ပိုင်းတွင်လည်း မိုးရွာခြင်းကြောင့် လမ်းများပျက်စီးကာ သွားလာမှုခက်ခဲနေသည့်အပြင် စစ်ကောင်စီမှ သီပေါမြို့နယ် ကွန်စံလိတ်ရွာအနီးရှိ သီပေါ-နမ္မတူလမ်းမကြီးပေါ်တွင် မြောင်းတူးပြီး လမ်းကြောဖြတ်တောက်ထားလိုက်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article