လွိုင်လင် – မိုင်းပွန် အကြောင်းမရှိလမ်းပိတ်မှုကြောင့် ကားသမားအခက်ကြုံနေ

သျှမ်းပြည် တောင်ပိုင်း လွိုင်လင် – မိုင်းပွန်လမ်းပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲများက အကြောင်းရင်းမရှိလမ်းပိတ်၍ တွဲကားကြီးများကို အချိန်ကန့်သတ် သွားလာခိုင်းနေသဖြင့် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည် တောင်ပိုင်း လွိုင်လင် – မိုင်းပွန် လမ်းပိုင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်မှစ၍ စစ်ကောင်စီ လက်အောက်ခံရဲများက ၁၀ ဘီးကား။ ၁၂ ဘီးကား နှင့် တွဲကားကြီးများကို အကြောင်းရင်းမရှိလက်ပိတ်ကာ အချိန်အကန့်သတ်ဖြင့် သွားလာခိုင်းနေကြောင်း ကားကြီးမောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူတို့က ဘာလို့ဒီလို အချိန်ကန့်သတ်လိုက်လဲဆိုတာ ဘယ်သူမှ သေချာမသိဘူး။ ရဲတွေက ကားလမ်းချော် တယ်ဆိုပြီး အချိန်အကန့်သက်နဲ့ လုပ်နေတာ။ ကားငယ်တွေကသွားလာရင်တောင် သူတို့က လမ်းမှာ ကားချော်တာမတွေ့ဘူး လမ်းရှင်းနေတာပဲဆိုတာ ပြန်ပြောတယ်” ဟု ကားကြီးမောင်းသူတစ်ဦးက ပြောသည်။

လွိုင်လင်-မိုင်းပွန် ကားလမ်းပိတ်

လက်ရှိတွင် လွိုင်လင် – မိုင်းပွန်လမ်းကို စစ်ကောင်စီလက်အောက်ခံ ရဲများကသာ အချိန်အကန့်သတ်ဖြင့် သွားလာခြင်းများကို ပြုလုပ်နေကြောင်း ကားသမားတစ်ဦးက ထမ်မံလောင်းပြောသည်။

“နယ်စိတ်ဂိတ်တွေ ပိတ်လိုက်တာ မြောက်ပိုင်းကို ကားကြီးတွေပေးမသွားတဲ့အချိန်ကစပြီး ဒီဘက်က ကားကြီး တွေများလာတာ။လွိုင်လင်နဲ့ ၁ မိုင်လောက်ကနေစပြီး ကားတွေ စပိတ်တာပဲ။ရဲတွေကထိုင်စောင့်ပြီး အတက် အဆင်းကိုသူတို့က အချိန်အကန့်သတ်နဲ့‌ပေးသွားတာ။“ဟု ကားသမားတစ်ဦးကပြောသည်။

ထိုတွဲကားများကို စစ်ကောင်စီ လက်အောက်ခံ ရဲများမှ အချိန်အကန့်သတ်ဖြင့် သွားလာခိုင်းခြင်းကြောင့် တွဲကားသမားများ အတွက်အခက်အခဲများကြုံတွေနေများရှိနေကြောင်း တွဲကားကြီးမောင်းသူတစ်ဦးက ပြောသည်။

“ကျနော်တို့ ကားကြီးတွေကတော့ စားစရာ အမြဲကားထဲမှာဆောင်ထားရတယ်။ အခုလည်း သူတို့ က တလှည့်ပြီးမှ တလှည့်ဆိုတော့ အကြာကြီးစောင့်ရတယ်။ တချို့ ကုန်းစိမ်းတွေတင်လာတဲ့လူတွေအတွက်ဆို အချိန်ကြာတော့ အဆင်မပြေတာတွေရှိတာပေ့ါ။ လမ်းမှာဆို တွဲကားတန်းတွေ အရှည်ကြီးပဲတန်စီးပြီး သွားနေတာ။သူတို့လည်း လမ်းတွေကို ပိတ်ချင်ရင်လည်း တောင်ပြိုလို့ ဆိုပြီးပြောလိုက်တာပဲ။”ဟု ၎င်းကပြောသည်။

ထို လွိုင်လင် – မိုင်းပွန်ကြား ပိတ်မိနေသော တွဲကားကြီးများသည် ကျောက်မီးသွေး၊ ကုန်စိမ်း၊ ကုန်ခြောက်၊ သံတိုသံစများတင်ထားပြီး အများစသည့် ကျိုင်းတုံ၊မိုင်းလား နှင့် တာချီလိတ် တို့သွားသည့်ကားကြီးများ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...