Sunday, July 14, 2024

လွိုင်လင်-မိုင်းပွန် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းပိတ်

Must read

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်- မိုင်းပွန်လမ်း တကြော မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းများပိတ်နေကြောင်း ခရီးသွားများထံမှ စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း မိုးနဲ ၊ နမ့်စန် ၊ လွိုင်လင် ၊ ပင်လုံမြို့ များတွင် ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လွိုင်လင်-မိုင်းပွန် ကားလမ်းသည် ယာဥ်ကြောပိတ်ဆို့မှုကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် ခရီးသည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တောင်ကြီးသွားလမ်း ၃ထပ်ကွေ့ရှိတဲ့ နေရာကနေစပိတ်တာ တောင်ကြားလမ်းတွေက ကျည်းတယ်မိုးရွာတော့ ကားကြီးတွေက ချော် လမ်းပြင်နေတာကြောင့်လည်းကားတွေခံကုန်တာ”ဟု ခရီးသည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လွိုင်လင်-တောင်ကြီးလမ်းသည် ပုံမှန်အားဖြင့် ၂နာရီခွဲဝန်းကျင်သာမောင်းရပြီး ခုကားလမ်းများ ပိတ်စို့မှုကြောင့် ၁၂နာရီတိတိမောင်းရပြီး ကားသမားများနှင့် ခရီးသည်များမှာ လမ်းပေါ်တွင်သာ အိပ်ရကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းတွေအရမ်းချော်တော့ ကားကို တရွေ့ရွေ့ချင်းသွားရတယ်။ ကားတန်းကြီးတွေမှ အရှည်ကြီးပဲ။ လမ်းတဝက် ထမင်းစား နားရင် ထမင်းဆိုင်ထဲမှာ လူတွေအပြည့်ပဲ အခုတလော ခရီးသွားရင် ထမင်းထုတ်သွားမှ အဆင်ပြေမယ်”ဟု ၎င်းကားသမားက ဆိုသည်။

ကားလမ်းများပိတ်ဆို့မှုကြောင့် လူနာတင်ယာဥ်၊ အရေးပေါ်လူနာတင်ယာဥ်များအတွက် အဆင်မပြေမှုများဖြစ်ကြောင်း လည်း ခရီးသွားအမျိုးသမီးက ပြောသည်။

“ဒီနေ့တွေ့တဲ့ လူနာတင်ကားဆို ကားနည်းနည်းချောင်တာနဲ့ ကျော်တတ်ပေမဲ့ အရှေ့နားလေးလောက်ရင် ပြန်စောင့်ရတာပဲ ကားကြီးတွေဆိုတော့ ဘယ်လိုမှ ရှောင်ပေးလို့မရဘူး” ဟုထိုအမျိုးသမီး ကဆိုသည်။

လက်ရှိတွင်ကားလမ်းပိတ်သည့် လွိုင်လင်- မိုင်းပွန် အနီးတဝိုက် စစ်ကောင်စီ၊ ပြည်သူ့စစ် PNO နှင့် PNLA ၊PDF တို့ကြားတွင် လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

ဟိုပုံးမြို့နယ် နှင့် မိုင်းပွန်မြို့နယ်ကြားတွင် ပြီးခဲ့သည်ဖေဖော်ဝါရီ(၂၀)ရက်ကစပြီး ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ကုန်ကားများနှင့် ခရီးသွားကားများရာနှင့်ချီ ပိတ်မိနေကြောင်းလည်းသိရသည်။

အလုပ်သင်သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။

Leave a Comments

- Advertisement -spot_img

Latest article