Tuesday, January 27, 2026

တောင်ကြီး-လွိုင်လင်လမ်းပိုင်း မြေပြိုမှုကြောင့် (၁၅)ရက်ကြာ ညဘက်သွားလာခွင့် ပိတ်မည်

သျှမ်းပြည် တောင်ကြီး-လွိုင်လင်လမ်းပိုင်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိရာ ယနေ့ မေလ (၂၀)ရက်မှ ဇွန်လ (၃)ရက်နေ့အထိ (၁၅)ရက်ကြာ ညပိုင်း ကားဖြတ်သန်း သွားလာခွင့် ယာယီပိတ်မည်ဟု စုံစမ်းသိရှိရသည်။

တောင်ကြီး-လွိုင်လင် ပြည်ထောင်စုလမ်းမပေါ် ဟိုပုံးနှင့် မိုင်းပွန်ကြား နောင်ခါးကျေးရွာ၊ ထမ်စမ်းဂူ၊ လွယ်ဝိုးတုတ်ကျေးရွာ ကြား (၆)မိုင်ရှိသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်နေသောကြောင့် ည(၁၀)နာရီမှ နံနက် (၄)နာရီအထိ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ထားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

“နှစ်တိုင်း မိုးရွာပြီဆို လမ်းပိတ်တယ်၊ ကားတွေ ချောက်ထဲကျတယ်။ လမ်းကတည်း ကျဉ်းတယ်၊ ကားကြီးတွေကလည်း များတာပါ။ အရင်တစ်နှစ်ကဆို ဒီလိုမိုးရာသီဆို မြေပြိုလို့ ခရီးသည်တွေ လမ်းမှာ အိပ်လိုက်ရတာ ၂ ညလောက်။ အဲကြောင့် အရမ်း အန္တရာယ်များတယ်။ နွေပိုင်းလောက်ပဲ အဲ့လမ်းက သွားရလာရ အဆင်ပြေတာ”ဟု ခရီးသွားအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးရွာသီအတွင်း ၎င်းလမ်းပိုင်းကို အသုံးပြုသွားလာမည်ဆိုလျှင် အထူးသတိထားရန် လိုအပ်ကြောင်း ၎င်းအမျိုးသမီးက ဆိုသည်။

ထို့အပြင် မိုးရာသီ ကာလအတွင်း မြေပြိုမှု၊ လမ်းပိတ်မှုများ ဖြစ်ပွားသဖြင့် ကုန်ပစ္စည်းများ အချိန်မီ မပို့ဆောင်နိုင်ခြင်း၊ အရေးပေါ်ခရီးသည်များအတွက် နှောင့်နှေးမှုများ ဖြစ်နိုင်ခြင်းနှင့် ကျန်းမာရေး မကောင်းသည့် လူနာများအတွက်လည်း အခက်အခဲ ဖြစ်နိုင်ကြောင်း ၎င်းလမ်းကို အသုံးပြုနေသည့် ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ပြိုမှုကြောင့် ခရီးသည်ယာဉ်ကား သွားလာရခက်ခဲ

“ကားတွေပိတ် လမ်းတွေပိတ်ရင် ပစ္စည်းတွေ မှာထားတဲ့လူလည်း အချိန်မမှီလို့ ဒုက္ခရောက်၊ ကုန်စိမ်းဆိုလည်း တချို့ဆို ရှုံးတာပေါ့။ လမ်းမှာ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ အခြေအနေတွေလည်း ရှိတော့ ဆုံးရှုံးမှုတွေ များတာပေါ့။ တစ်ချို့ခရီးသည်ဆို အရေးပေါ် ကိစ္စနဲ့ သွားရမယ့်ဟာဆို မမှီတော့တာမျိုးတွေ ကြန့်ကြာတာမျိုးတွေ ကြုံရတာပေါ့”ဟု ယာဉ်မောင်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်းတါင် မြေပြိုမှုဖြစ်ကာ လမ်းပိတ်ထားခြင်းကြောင့် ကျောက်တန်း – ပင်လုံ ဘက်မှ တစ်ဆင့် ခရီးသွားမည့်သူများလည်း လမ်းမတ်စောက်ခြင်းကြောင့် မောင်းနှင်ဖူးသည့် အတွေ့အကြုံရှိ ကားသမားများနှင့်သာလျှင် လိုက်ပါစီးနင်းစေလိုကြောင်း၊ မမောင်းနှင်ဖူးဘဲ လမ်းကြောအကြောင်း မသိရှိသူများ မကြာခဏ ယာဉ်တိမ်းမှောက်မှု ဖြစ်၍ အန္တရာယ်များသည်ဟု ၎င်းက ဆက်ပြောသည်။

တောင်ကြီး-လွိုင်လင်လမ်းပိုင်းသည် နှစ်စဉ်နှစ်တိုင်း မြေပြိုမှုကြောင့် လမ်းပိတ်ဆို့မှု၊ ကားတိမ်းမှောက်မှုများ မကြာခဏ တွေ့ကြုံနေရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်ခရိုင် မြို့နယ် ၁၄ ခုတွင် မြေပြိုမှုနှင့် ရေကြီးမှု သတိပေးချက်ထုတ်ပြန်

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေများ ရုတ်တရက် စီးဝင်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရန် ထိုင်းနိုင်ငံ မိုးလေဝသဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။ မြောက်ပိုင်းဒေသကို ဖြတ်ကျော်နေသော မုတ်သုံလေကြောင့် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်ရှိ...

လွိုင်လင် – မိုင်းပွန် အကြောင်းမရှိလမ်းပိတ်မှုကြောင့် ကားသမားအခက်ကြုံနေ

0
သျှမ်းပြည် တောင်ပိုင်း လွိုင်လင် - မိုင်းပွန်လမ်းပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲများက အကြောင်းရင်းမရှိလမ်းပိတ်၍ တွဲကားကြီးများကို အချိန်ကန့်သတ် သွားလာခိုင်းနေသဖြင့် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း လွိုင်လင် - မိုင်းပွန် လမ်းပိုင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်မှစ၍ စစ်ကောင်စီ လက်အောက်ခံရဲများက...

သျှမ်းပြည်ရဲ့ သဘာဝဘေး ခေါင်းလောင်းထိုးသံ

0
ပြိုကျ ပျက်စီးနေသော အဆောက်အဦးတွေကို ကြည့်ပြီး မျက်ရည်တွေမကျအောင် စကားတွေကို ထိန်းပြီးပြောသော်လည်း သူမ၏ တုန်ရီနေသည့် အသံက ထိန်းချုပ်၍မရ။ “ကျမတို့ ဘယ်လို ပြန်စရမှာလဲ။ ကျမတို့ နွေးထွေးတဲ့အိမ်လေး ဘယ်တော့ ပြန်ရမှာလဲ”ဆိုတဲ့ မနွယ်နွယ်စိုးတယောက် မေးခွန်းပေါင်းစုံဖြင့် တွေဝေနေသည်။ တစ်ဘဝလုံး ကြိုးစားတည်ဆောက်ခဲ့သည့်အိမ်၊ မျက်စိတမှိတ်အတွင်း ပြိုကျသွားတော့ မနွယ်နွယ်စိုးတစ်ယောက်...

မိုင်းရယ် – လားရှိုးလမ်း စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်

0
သျှမ်းပြည် မိုင်းရယ် - လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက် ) နေ့လည် ၂ နာရီမှစ၍ မိုင်ရယ် - လားရှိုးမြို့ သွားသည့် လမ်းပိုင်းရှိ ဟိုယ စစ်ကောင်စီစစ် ဆေးရေး ဂိတ်တွင်...

ကလော ရေကြီးမြေပြိုမှု အလှူရှင်မရောက်သည့် ကျေးရွာများရှိနေဆဲ

0
မိုးရွာသွန်းမှု မြေပြိုမှုအရှိန်ကြောင့် မြေနီလမ်းသည် ရွှံ့နွံများနှင့် ပြည့်နှက်နေသည်။ အချို့နေရာတွင် မြေပြိုမှုများရှိသကဲ့သို့ အချို့နေရာတွင် လမ်းပြတ်တောက်ကာ သွားရလာရ ခက်ခဲနေပါတယ်။ ထိုနေရာသည် သျှမ်းပြည်တောင်ပိုင်း ကလောမြို့နှင့် (၁) နာရီခန့် ကားဖြင့် သွားလာရသော လွန်းထိုးကျေးရွာ၊‌ ညောင်ကုန်းကျေးရွာ နှင့် မိုင်းတောင်း ရွာ(၁) ၊ ရွာ (၂)တို့...