ကလော ရေကြီးမြေပြိုမှု အလှူရှင်မရောက်သည့် ကျေးရွာများရှိနေဆဲ

မိုးရွာသွန်းမှု မြေပြိုမှုအရှိန်ကြောင့် မြေနီလမ်းသည် ရွှံ့နွံများနှင့် ပြည့်နှက်နေသည်။

အချို့နေရာတွင် မြေပြိုမှုများရှိသကဲ့သို့ အချို့နေရာတွင် လမ်းပြတ်တောက်ကာ သွားရလာရ ခက်ခဲနေပါတယ်။

ထိုနေရာသည် သျှမ်းပြည်တောင်ပိုင်း ကလောမြို့နှင့် (၁) နာရီခန့် ကားဖြင့် သွားလာရသော လွန်းထိုးကျေးရွာ၊‌ ညောင်ကုန်းကျေးရွာ နှင့် မိုင်းတောင်း ရွာ(၁) ၊ ရွာ (၂)တို့ ဖြစ်သည်။

ကလောမြို့နယ်သည် တကြိမ်တခါမျှ ရေကြီးမှု၊ မြေပြိုမှု မကြုံဖူးခဲ့ပေ။

ကလောရေကြီးမှု

ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်တွင် မိုးသည်ထန်ရွာသွန်းပြီး တောင်ကျရေကြောင့် ထိုကျေးရွာများရှိ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများသည် ရွှံ့နွံများအောက် ဖုံးလွှမ်းပျောက်ကွယ်မှုကို ကြုံတွေ့နေရကြောင်း ရေဘေးသင့် သွားရောက်ကူညီသည့် အသက် (၃၅) နှစ်အရွယ် ကိုကျော်ကျော် က ပြန်ပြောပြသည်။

“ကျနော်တို့ ရောက်သွားတော့ အိမ်တွေ ကျောင်းတွေကို ရွှံ့နွံတွေ ဖုံးလွှမ်းနေတာ မြင်ရတယ်။ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ အဲ့ရွာက အကူအညီ မရောက်ကြဘူး။ သွားရတာလည်း ခက်တယ်လေ”ဟု ကိုကျော်ကျော်က ဆိုသည်။

အဆိုပါကျေးရွာများသို့ အလှူရှင်များ လာရောက်မှု မရှိသဖြင့် သွားရောက်လှူဒါန်းချိန်တွင် ဒေသခံများ အပြေးအလွှား လာရောက်ကြိုဆိုပြီး ဝမ်းမြောက်ဝမ်းသာရှိကြောင်း ကိုကျော်ကျော်က ဆက်ပြောသည်။

ကလောရေကြီးမှု

“ရေဘေးသင့်တဲ့ လူတွေက ကျနော်တို့ကို ပြောတယ်။ ဒီဘက်ကို လာလှူချင်တဲ့ လူတွေရှိရင်တောင် မသွားရဲကြဘူး။ သွားရတာ တော်တော်ခက်တယ်။ မိုးရွာရင်တောင် လမ်းတွေဆိုးတော့ ကားတွေတောင် တက်လို့မရဘူး”ဟု ကိုကျော်ကျော်က ကြုံတွေ့လာသည့် အခြေအနေကို ပြောပြသည်။

လက်ရှိ ရေကြီးမြေပြိုမှုကြောင့် အလှူရှင်များ မရှိသဖြင့် အစစရာရာ နလံပြန်ထူရန် ခက်ခဲနေသကဲ့သို့ စားဝတ်နေရေးနှင့် သောက်သုံးရေအတွက်လည်း အရေးပေါ် လိုအပ်နေသေးကြောင်း သွားရောက်ကူညီလှူဒါန်းသည့် ကိုကျော်ကျော်က ပြောသည်။

“ကျန်းမာရေးအတွက် ရေက လိုအပ်တယ်။ ရေတွေမရှိ မသန့်ကြဘူး။ မိုးရေတွေ ခံသောက်နေကြတယ်။ မိုးရေလှောင်ထားတာပဲ သုံးကြတယ်။ ရေရှည်တော့ တော်တော်ခက်နိုင်တယ်။ နလံပြန်ထူဖို့ အိမ်တွေ ပြန်ဆောက်ဖို့က ပိုခက်မယ်”ဟု ၎င်းက ဆိုသည်။

ကလောရေကြီးမှု

မြေပြိုမှုကြောင့် အခက်အခဲ ဖြစ်နေသည့် အိမ်ခြေ ၅၀၀ ကျော် ရှိကြောင်း သိရသည်။

“အိမ်တွေက ခေါင်မိုးပဲ မြင်ရတယ်။ ပြန်ဖော်ဖို့လည်း ခက်တယ်။ နွံတွေက ပေ ၃၀ ဆိုတော့ ပြန်တူးဖော်ဖို့က ခက်တယ်” ဟု ကလောမြို့နယ် ဒေသခံ အမျိုးသားတစ်ဉီးက ပြောသည်။

ကလောရေကြီး မြေပြိုမှု

လက်ရှိတွင် နေအိမ်များမှာ ပြန်လည်တည်ဆောက်ရန် ခက်ခဲနေသေးသဖြင့် ကျေးရွာအနီး တဝိုက်ရှိ တောင်ကပြင်တွင် မိုးကာတဲထိုးပြီး နေထိုင်ကြရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှ သစ်တောပြုန်းတီးမှု အများဆုံးသည် သျှမ်းပြည် ဖြစ်နေကြောင်း ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ (Global Forest Watch) က ထုတ်ပြန်ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...