Monday, May 6, 2024

CATEGORY

နိုင်ငံရေး

နမ့်ခမ်းမြို့နယ် တိုက်ပွဲဖြစ် စစ်ကောင်စီ တစ်ဦး ကျဆုံး၊ အရပ်သားတစ်ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်က တပ်သား တစ်ဦးကျဆုံးပြီး ဒေသခံ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ သြဂုတ် (၈) ရက် မနက် ၄ နာရီကျော်က နမ့်ခမ်းမြို့နယ်...

ပန်ဆိုင်း တောတောင်ထဲ ထွက်ပြေးနေရသည့် စစ်ရှောင်များ အခက်ခဲကြုံနေရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြိုန့ယ်ခွဲ အတွင်းရှိ ဖောင်ဆိုင်းကျေးရွာအုပ်စု ဖိုကောင်ကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်မှ ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောထဲ ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်ပြည်သူများသည် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့မှ စတင်ကာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့နှင့်...

ကျောက်မဲ ညဘက် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်နေ

ဇူလိုင်လက စပြီး ကျောက်မဲမြို့ပေါ်တွင် ပစ္စည်းလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ “ညပိုင်း လူပြတ်တဲ့နေရာတွေမှာ စကစတွေလား၊ ရဲတွေလားဆိုတာတော့ သေခြာမသိဘူး၊ သူ့တို့ပုံစံတွေလိုလုပ်ပြီး သွားလာတဲ့လူတွေကို ဟန့်တားပြီး အနုကြမ်းစီး ပစ္စည်းလုတာတွေ ရှိတယ်” ဟု ကျောက်မဲမြို့မှ ဒေသခံက ပြောသည်။ ဇူလိုင်လမှ စတင်ပြီး ယခုချိန်ထိ...

ပန်ဆိုင်းမြို့နယ် ကိုးကန့်တပ်မတော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်း ပန်ဆိုင်းမြို့နယ်တွင် ယနေ့( သြဂုတ် ၆) ရက် နေ့လည် ၁၁နာရီ ခွဲတွင် ကိုးကန့်တပ်မတော် (MNDDA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့တိုက်ပွဲတွင် နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင်ပြင်းထန်မှုရှိကြောင်း နေအိမ်အပျက်အစီးများရှိကြောင်းသိရဥည်။ ပန်ဆိုင်းမြို့ ဒေသခံအမျိုးသား တဦး ကပြောသည်။ “ တိုက်ပွဲက...

လဲချား မှာ ရွာသစ်ထပ်ထောင်သည့် ကျေးသီးစစ်ရှောင်များ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ဘက်မှ စစ်ရှောင်လာသည့် ဒေသခံများ တစ်ချို့ လဲချားမြို့နယ် ဝမ်ထီရွာတွင် ရွာသစ်ပြန်လည်ထူထောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုရွာသစ်ပြန်လည်ထူထောင်သွားရာမှာ လိုအပ်ချက်များစွာ ရှိသည့်အတွက် အလှူရှင်များကိုလည်း မျှော်လင့်နေရကြောင်း သတင်းရရှိသည်။ “ခုတော့ သူတို့နေဖို့အတွက် အကွက်တွေရိုက်ပြီးသွားပြီ။ ခုလောလောဆယ် နေဖို့အတွက် ချုံတွေရှင်းပြီး သန့်ရှင်းရေးတွေ လုပ်နေတယ်။အသစ်ပြန်စမယ်ဆိုတော့ အကုန်လိုအပ်နေတာပေါ့နော်” ဟု လဲချားမြို့မှ...

စစ်ကောက်စီ တပ်ဖွဲ့ ရွာထဲထိ လက်နက်ကြီးပစ်ခတ်

သျှမ်းပြည် မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲ အတွင်းတွင် စစ်ကောင်စီတပ်သားများနှင့် ကိုးကန့်တပ်မတော် (MNDDA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတို့မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ရွာခံများ ထွက်ပြေးနေရကြောင်း သိရသည်။ ပန်ဆိုင်းမြို့နယ်ခွဲ အတွင်းရှိ ဖိုင်ကောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တော်တို့ တိုက်ပွဲဖြစ် ပွားပြီး စစ်ကောင်စီတို့မှ...

မိုင်းယော်တွင် ဗုံးပေါက်ကွဲမှု စစ်ကောင်စီ တပ်သားအပါအဝင် (၃) ဦးဒဏ်ရာရ

သျှမ်းမြောက် လားရှိုး − မိုင်းယော် − မိုင်းကျက်လမ်းမကြီးပေါ်တွင် ယမန်နေ့ (သြဂုတ် ၄)ရက် နေ့လည်ပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအပါအဝင် (၃)ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ “စကစတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားနှစ်စီး လာနေတဲ့အချိန် ဗုံးကွဲသွားတာပါ၊ ရှေ့ကားတစ်စီး မိုင်းစ ထိမှန်ပြီး နောက်ကားတစ်စီးကတော့ မှောက်သွားတယ်”...

မိုင်းငေါ့ စစ်ရှောင်ရိုက်ခံရမှု၊ နေအိမ်မီးရှို့ခံရသည့် သတင်းပေးသူ လိုက်လံရှာဖွေနေ

သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့တွင် သတင်းပေးသူဟု ယူဆရသည့် သူကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက အရပ်ဝတ်ဖြင့် လာရောက်ရှာဖွေမှုရှိကြောင်းသိရသည်။ လွန်ခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် သျှမ်းသံတော်ဆင့် အနေဖြင့် မိုင်းငေါ့ဒေသခံ (၂) ဦး TNLA ဖမ်းဆီးရိုက်နှက်မှုသတင်း၊ ကျောက်မဲမြို့တွင် နေအိမ် (၂) လုံးကို TNLA...

ကျောက်မဲမြို့နယ် အရပ်သား နေအိမ်(၂)လုံး TNLA မီးရှို့ဖျက်ဆီးဟု သတင်းထွက်ပေါ်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ချုံးသစ်ကျေးရွာ ကျောင်းခမ်းရပ်ကွက်ရှိ အရပ်သား နေအိမ် (၂)လုံးကို တအာန်းအမျိုးသား လွှတ်မြောက်ရေးတပ်ဖွဲ့ (TNLA) က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် သျှမ်းပြည်တိုးတက်ရေးတပ်ဖွဲ့ (SSPP/SSA) ၊ တအာင်း (ပလောင်) အမျိုးသားလွှတ်...

မိုင်းငေါ့ ဒေသခံ အမျိုးသား (၂)ဦးကို TNLA ဖမ်းဆီးရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့နယ် ချုံကျေးရွာအုပ်စု ဟေဝိုးကျေးရွာတွင် နေထိုင်သည့် အမျိုးသား (၂) ဦးကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် ဇူလိုင် ၂၈ ရက် မနက်ပိုင်း အချိန်တွင် TNLA မှ ဟေဝိုးကျေးရွာ နေထိုင်သည့် အမျိုးသား (၂)ဦးကို...

Latest news