လားရှိုးမြို့ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားသည့် လားရှိးမြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရသည်ဟု စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၁ရက်)နေ့ ညသန်းခေါင်ရံချိန် ၁၂ နာရီဝန်းကျင်တွင် လူအိပ်ရေးမောကျချိန် လားရှိုးမြို့ (၁၂) ရပ်ကွက် ရှမ်းတောင်တန်းလမ်းကြား မန်ဆူဘုရားမရောက်ခင် စစ်ကောင်စီ ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး အဆောက်အအုံများ ပျက်စီးသွားသည်ဟု မြို့နယ်ဒေသခံအမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ည ၁၂ ဝန်းကျင် အိပ်ရေးမောကျတဲ့အချိန်ကို စစ်တပ်က ဗုံးထပ်လာကြဲတယ်။ ရပ်ကွက် (၁၂) ရှမ်းတောင်တန်းလမ်း မန်ဆူဘုရားမရောက်ခင်မှာ ဖြစ်သွားတယ်။ လူထိခိုက်တာတော့ မသိသေးဘူး နေအိမ်တွေ တော်တော်ပျက်စီးသွားတယ်။ အိမ်ကြီးတွေပဲ အဲနေရာကို တည့်တည့်ပစ်ချတာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ လားရှိုးမြို့ လေကြောင်းဗုံးကြဲ

လားရှိုမြို့နေ့လည်အချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)က ၎င်းတို့နေအိမ်ကို လာရောက်အနားယူ ရေချိုး၊ ထမင်းစားခြင်း ပြုလုပ်ပြီး ညအချိန် အခြားနေရာကို သွားရောက်နေပြီး ထို့နေအိမ်များကို စစ်ကောင်စီပစ်မှတ်ချပြီး ဗုံးလာကြဲသည်ဟု မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောသည်။

“ကိုးကန့်တပ်ဖွဲ့တွေက နေ့လည်ဆို မြို့ထဲက နေအိမ်တွေထဲလာပြီး ရေချိုးတာတွေလုပ်ပြီး ညဆိုပြန်ထွက်သွားတယ်။ သတင်းပေးသူရှိတော့ အဲနေရာကို စစ်တပ်က ပစ်မှတ်ချပြီး ဗုံးလာကြဲသွားတယ်။တစ်ခုခုဆိုလည်း ပြည်သူတွေပဲ ခံနေရတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည့် အဓိက ပြည်သူများအိပ်မောကျချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သား သေဆုံးမှု နေ့စဉ်နှင့်အမျှ ရှိသကဲ့သို့ ဒဏ်ရာရရှိသူများလည်း ရှိသည်။

လက်ရှိအချိန်သည် ကိုးကန့်တပ်က လားရှိုးမြို့ကို သိမ်းယူနိုင်ခဲ့သော်လည်း ပြည်သူများသည် အလုပ်လက်မဲ့ ဖြစ်နေပြီး၊ ဝင်ငွေမရှိသးကြောင်းအခြားနေရာသို့ ပြောင်းရွှေ့လျှင်လည်း အရင်းအနှီးမရှိကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းနှင့် အောက်တိုဘာလတွင် လားရှိုးမြို့ကို စစ်ကောင်စီမှ ၁၁ ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ များထိခိုက်ဒဏ်ရာရကာ နေအိမ် အဆောက်ဦးများလည်း ပျက်စီးခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...