CATEGORY

သတင်း

“ သီးခြားလွတ်လပ်သော ကချင်နိုင်ငံတည်ထောင်ရန်” ကြေငြာချက်အား သျှမ်းနီကန့်ကွက်

ကချင်ပြည်နယ်ကို “ သီးခြားလွတ်လပ်သော ကချင်နိုင်ငံတည်ထောင်ရန်” ကချင်၏ ထုတ်ပြန်ကြေငြာချက်အပေါ် သျှမ်းနီ ပြည်သူများက ကန့်ကွက်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၈ ရက်က သျှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်၊ သျှမ်းနီအမျိုးသားတပ်မတော် နှင့် သျှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်း သျှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီတို့က တပြိုင်တည်းကြေငြာချက် ထုတ်ပြန် ခဲ့သည်။ ပြည်ပအခြေစိုက်...

မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း UWSA ခေါင်းဆောင်နှင့်တွေ့ဆုံ

အထူးဒေသ ၄ မိုင်းလားခေါင်းဆောင်နှင့်အဖွဲ့သည် နှစ်သစ်ကူးမေးမြန်းရေး ချစ်ကြည်ရင်းနှီးမှုခရီးစဉ်အဖြစ် ၀ တပ်ဖွဲ့ခေါင်းဆောင်အား ပန်ဆန်းဌာနချုပ် သို့သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၁၅ နှင့် ၁၆ ရက်နေ့က ဥက္ကဌကြီး ဦးစိုင်းလင်း ဦးဆောင်သည့် အထူးဒေသ ၄ ကိုယ်စားလှယ်အဖွဲ့သည် UWSA ခေါင်းဆောင် ဒု- ဥက္ကဌ ဦးရှောက်မင်လျန်ဦးဆောင်သောအဖွဲ့အား...

မိုးနဲမြို့ ရှေးဟောင်းစေတီတော်များအား လွှတ်တော်ကိုယ်စားလှယ်နှင့် ရှေး/သု ၊ ပညာရှင်များ စုပေါင်း ထိန်းသိမ်းပြုပြင်

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်ရှိရှေးဟောင်းစေတီတော်များ ရေရှည်တည်တံ့ရေးအတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ရှေးဟောင်းသုတေသနအဖွဲ့တို့ပူးပေါင်းကာ ပြုပြင်နေကြကြောင်းသိရသည်။ “မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းမွမ်းလိန် က- ကျနော် နဲ့ ၀ိဇ္ဇရီယ်ကျောင်းတိုက်က ဆရာတော် ဦးမာဃိန္ဒ နဲ့ ဒေသခံလူထုတို့ဆွေးနွေးပြီး မိုးနဲမြို့ မွေတော် ဟောင် ရှေးဟောင်းစေတီကို ပြုပြင်ထိန်းသိမ်းမှု လုပ်ချင်တယ်။ ကျနော်...

သီးနှံဆွတ်ခူးရန်နှင့် ကလေးများစာမေးပွဲဖြေနိုင်ရန် လက်နက်ကိုင်ခေါင်းဆောင် ၂ ဦးအမြန်ဆုံးတွေ့ဆုံဖို့ စစ်ရှောင်များလိုလား

လယ်ယာခြံမြေအတွင်းသီးနှံများ ဆွတ်ခူးရန်နှင့် ကျောင်းနေအရွယ်ကလေးများ စာမေးပွဲဖြေဆိုခွင့်ရရေးအတွက် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ရေးတင်းမာနေမှုများ လျှော့ချ၊ ရပ်တန့်ပေးရန် စစ်ဘေးရှောင်များက လိုလား ကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။ ဘုန်းကြီးကျောင်းများတွင် တလနီးပါး စစ်ဘေးရှောင်ခိုလှုံကာ နေရပ်မပြန်နိုင်သေးသော စစ်ဘေးရှောင်များက ဇန်နဝါရီလ ၂၁ ရက်နေ့က သျှမ်းသံတော်ဆင့်မှဆက်သွယ်မေးမြန်းရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက် စစ်လေးရှောင်အမျိုးသမီးတဦးက -...

စစ်ဘေးရှောင်နေစဉ်ရွာသားတဦး မတော်တဆထိခိုက်မှုကြောင့် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်သည့်ဒေသခံတဦး မတော်တဆထိခိုက်မှုဖြစ်ပွါးကာ သေဆုံးခဲ့မှုဖြစ်ပွါးခဲ့သည်။ ဇန်နဝါရီလ ၁၄ ရက်ညပိုင်းက သီပေါမြို့နယ်ခိုင်းဟျိုးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခိုင်းဟျိုးရွာသားများ ဘုန်းကြီးကျောင်းသို့ ခိုလှုံရန်နေအိမ်မှထွက်ပြေးကြရာ ဒေသခံရွာသား တဦး မောင်းနှင်လာသော ဆိုင်ကယ်တစီး သစ်ပင်နှင့်တိုက်မိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက် ခိုင်းဟျိုးရွာသားတဦးက - “ည ၈ နာရီအချိန်...

အဝေးသင် ကျောင်းသား အနီးကပ် ၂ ကြိမ် တက်ရမည့်အပေါ် အခက်အခဲရှိဟုဆို

  အဝေးသင် ဝိဇ္ဇာဘာသာရပ်အထူးပြု ကျောင်းသားများ အနီးကပ် ၂ ကြိမ် တက်ရမည့်အတွက် အခက်အခဲများစွာ ရှိကြောင်း သိရသည်။ အဝေးသင် ပညာရေး အရည်အသွေး မြင့်မားစေရန် တနိုင်ငံလုံးရှိ အဝေးသင် (ဝိဇ္ဇာ) အနီးကပ် ၁၀ ရက်အစား ၅ ရက် ၂ ကြိမ် တက်ရန်...

မြေလွှတ်မြေရိုင်းနှင့်ပတ်သက်ပြီး SNLD လွှတ်တော်ကိုယ်စားလှယ်များ လူထုနှင့်တွေ့ဆုံဆွေးနွေးဖလှယ်

ဗဟိုရုံးချုပ်မှအကြံပေးလမ်းညွှန်မှုဖြင့် ကျားခေါင်းပါတီ  SNLD လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် တိုင်းမှ ပါတီအလုပ်အမှုဆောင်များက မိမိဒေသအတွင်း ဒေသခံလူထုနှင့်တွေ့ဆုံကာ မြေလွှတ်၊မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်သည်များ ဆွေးနွေးရှင်းလင်းဖလှယ်မှုပြုခဲ့ကြကြောင်းသိရသည်။ လားရှိုးမြို့နယ် SNLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက - "တကယ်လို့ မြေလွှတ် မြေရိုင်းတွေကို တရားဝင် လျှောက်လွှာတင် တောင်းမယ်ဆိုရင်လူထုအနေနဲ့ ဘာအခွင့်အရေးတွေရမလဲ။ တကယ်လို့...

ထိုင်း နယ်စပ်ရောက် မိုင်းပန် စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်ပြန်

  စစ်ရေးတင်းမာမှုကြောင့် ထိုင်း နယ်စပ် သို့ ထွက်ပြေးတိမ်းရှောင်နေသည့် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် ပန်ပိတောင်ပေါ်မှ စစ်ဘေးရှောင် ရွာသား ၃၀၀ ကျော် မှာ ယနေ့နေ့ခင်းပိုင်း နေရပ်သို့ ပြန်ရောက်ပြီဖြစ်ကြောင်းသိရသည်။ မိုင်းပန်မြို့နယ် နားမွန်အုပ်စု မိုက်ပုတ်ရွာ ပန်ပိရွာ နောင်ချိုရွာမှ စစ်ဘေးရှောင် ရွာသား ၃၀၀...

မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအား ပြန်လည်စီစစ်ပေးရန် SNLD တောင်းဆို

မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လည်စီစစ်ပေးပါရန် SNLD ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုက်တွန်းတောင်းဆိုလိုက်သည်။ မန္တလေးတိုင်း တိုင်းရင်းသားရေးရာဝန်ကြီး အတွက်ပါ၀င်ယှဉ်ပြိုင်သည့် ကျားခေါင်းပါတီက နန်းထွေးမှုံက - “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကိုကျမတို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စာတင်တယ်။ မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရွေးကောက်ပွဲတုန်းက သျှမ်းမဟုတ်တာတွေလာပြီး မဲပေးတာ တွေရှိတယ်။...

အချင်းချင်းချစ်ကြည် ညီညွတ်ဖို့ မိုင်းဖုန်းဆရာတော်တရားဟော

အချင်းချင်းချစ်ကြည် ညီညွတ်ကြရန်နှင့် ခိုက်ရန်ဖြစ်ပွါးမှုမဖြစ်ပွါးကြရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မယ့်ရင်းမြို့နယ်ရှိ ထိုင်းစစ်သင်တန်းကျောင်းတွင် တရားဒေသနာဟောကြားစဉ် မိုင်းဖုန်းဆရာတော် က မိန့်တော်မူသည်။ ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းမိုင်ခရိုင် မယ့်ရင်းမြို့နယ် ဒွန်းကျောက်အုပ်စု အမှတ် ရ စစ်သင်တန်းကျောင်းတွင် မိုင်းဖုန်းဆရာတော်ဦးဉာဏသံဝရ (ခေါ်) ခူးဝါးဝန်းစုမ့်...

Latest news