တောင်ကြီးမြို့တွင် ကားမှန်ရိုက်ခွဲ ပစ္စည်းခိုးနေသူအား ဖမ်းဆီး
တောင်ကြီးမြို့ပေါ်တွင် ကားမှန်ရိုက်ခွဲကာ ငွေသားနှင့် ပစ္စည်းများအား ရ ကြိမ်တိုင်တိုင်ခိုးယူခဲ့ဖူးသူအား ဧပြီလ ၂၃ ရက်နေ့ကဖမ်းဆီးရမိကြောင်း အမှတ် ၂ ရဲတပ်ဖွဲ့ ထံမှသိရသည် ။ ပြစ်မှုကျူးလွန် သူမှာ အသက်(၅၂)နှစ်အရွယ် မိုင်းရှူးမြို့နယ် ၊ မိုင်စံမြို့နေသူ စိုင်းအွမ် ဆိုသူ ဖြစ်ပြီး ၄င်းမှာ၂၀၁၇ အောက်တိုဘာလမှ...
မိုင်းရှူးမြို့နယ် SNLD ပါတီ မြို့နယ်ဥက္ကဌကွယ်လွန်
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ စိုင်းစွမ်လိတ် အသက် ၄၈ နှစ်သည်အသည်းကင်ဆာရောဂါဖြင့် ဧပြီ ၂၂ ရက်နေ့တွင် ကွယ်လွန်သွားပြီး ဧပြီလ ၂၅ ရက်နေ့ မိုင်းရှူးမြို့ တွင်သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။ “ဧပြီလ ၂၅ ရက်နေ့မှာသဂြိုဟ်မှာဖြစ်ပါတယ်။ ကျမတို့ မိုင်းရှူးမြို့နယ်က SNLD ပါတီအတွက် ဆုံးရှုံးမှုကြီး...
မူစယ်မြို့ပေါ်ရက်ဆက် ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံများလုံခြုံရေးအထူးစိုးရိမ်နေ
သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် ရက်ဆက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ဒေသခံများ သွားရေးလာရေး၊လုံခြုံရေးအတွက် အထူးစိုးရိမ် မှုရှိနေကြောင်း သတင်းရရှိသည်။ ဧပြီ ၁၈ ရက်က မူစယ် စက်မှုဇုံ တွင် ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ၊ ဧပြီ ၁၉ ရက်က ပြည်ထောင်စု...
သျှမ်း/မြောက် စစ်ရှောင် ၅၀၀ ကျော် နေရပ်မပြန်နိုင်သေး
သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ၊ ဘော်ကြို ကျေးရွာအုပ်စု ၊ ဘော်ကြိုကျေးရွာစစ်ရှောင်စခန်း မှ စစ်ရှောင် ၃၄၆ ဦးခန့်ကို ဧပြီလ ၉ ရက်နေ့က SNLD ပါတီမှ ဦးဆောင်၍ နေရပ် ပြန်ပို့ခဲ့သည်ဟု...
တောင်ကြီးမြို့တွင် ၁၁ နှစ်အရွယ် မိန်းခလေးအား ရဲဝန်ထမ်းတဦးမှ အဓမ္မပြုကျင့်ရန်ကြံစည်
တောင်ကြီးမြို့ ၊ မြို့မရဲစခန်းတွင်တာ ဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းတစ်ဦးက အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။ တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံတွင် ဆေးရုံတက်နေသော အချုပ်သားတဦးအား စောင့်ကြည့်ရန် တာဝန်ကျ သည့် အသက် ၃၀ အရွယ် ဒုတပ်ကြပ် အဆင့်ရှိ ရဲဝန်ထမ်းတစ်ဦးက လူနာစောင့် ကလေးမလေးအား...
သျှမ်းအဆိုတော် စိုင်းဆိုင်မောဝ် ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူနေ
နိုင်ငံကျော် သျှမ်းအဆိုတော် စိုင်းဆိုင်မောဝ် အသက် ရ၀ နှစ်သည် အသည်း၊ကျောက်ကပ်၊သွေးတိုးရောဂါနှင့် သွေးကြောပိတ်ရောဂါ ဝေဒနာဖြစ်ပွါးကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆုခွန်ဝစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။ ဧပြီလ ၁ ရက်နေ့ကတည်းက ဆေးရုံတက်ဆေး ကုသမှုခံယူနေခြင်းဖြစ်ကြောင်း လိုက်ပါပြုစုနေသူ စိုင်းဆေတိုင်းကပြောသည်။ ဘယ်တော့ဆင်းရမလဲဆိုတာတော့ ကျနော်တို့မပြောနိုင်သေးဘူး ။ ဆရာဝန်ကဘာမှမပြောသေးဘူး။ ခု...
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် အသက် ရ၀ ကျော်အရွယ် အမျိုးသမီးတဦးအား တပ်မတော်သား တဦးက အဓမ္မပြုကျင့်ကာ နားရွက်နှစ်ဘက်ဖြတ်၍ ရွှေနားကပ်လုယူသွားသည့်ဖြစ်စဉ်တခု ဖြစ်ပွါးခဲ့သည်။ ဧပြီလ ၂ ရက်နေ့က မိုင်းဖြတ်မြို့နယ် ၀မ့်ဟွေ့ရွာမှာနေထိုင်သည့် အသက် ရ၀ ကျော်အရွာ အဖွား ပါ့နန်းကောင်အား ဗမာစကားပြော တပ်မတော်သားတဦးက မိုင်းဖြတ်မြို့...
သျှမ်း/တောင်တွင် ယာဉ်တိုက်မှုများပြား ၂ ရက်လျှင် လူ ၁ ဦးနှုန်းသေဆုံးနေ
သျှမ်းပြည်နယ် တောင်ပိုင်း တွင် ပြီးခဲ့သည့်နှစ်အတွင်း ယာဉ်တိုက်မှုများပြားလာသည်ဖြစ်ရာ ၂ ရက်လျှင် ၁ ဦးနှုန်းသေဆုံးမှုဖြစ်သည်ကိုတွေ့ရကြောင်း သျှမ်းပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ကပြောဆိုလိုက်သည်။ သျှမ်းပြည်တောင်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၆၂ မှုဖြစ်ပွားခဲ့ပြီး ရ၀၆ ဦး ဒဏ်ရာရှိခဲ့ကာ ၁၉၉ ဦးသေဆုံးခဲ့ကြောင်း အမှတ်(၁၈) ယာဉ်ထိန်းဒုရဲ တပ်ဖွဲ့ ခွဲမှူး...
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးလက်အတွင်း အစိုးရစစ်ကြောင်း ဖြတ်သန်းစဉ် မိုင်းပေါက်ကွဲသဖြင့် အဆိုပါစစ်ကြောင်းသေနတ်ပစ်ဖောက်ရာ ရွာသားများ ဘုန်းကြီးကျောင်းသို့ တိမ်းရှောင် ထွက်ပြေးခိုလှုံကြရကြောင်း သိရသည်။ ဧပြီလ ၁ ရက်နေ့က သီပေါမြို့နယ် မိုင်းလန်းအုပ်စု ၀မ့်စန့်ဟန်ရွာအတွင်း ဖြတ်သန်းသွားသော ခမရ ၅၀၃ မှ အင်အား ရ၀ ခန့်ရှိ...
နမ့်ခမ်းမြို့နယ်အတွင်း စိုက်ထူမည့် တယ်လီဖုန်းတိုင်တခု ဒေသခံများကန့်ကွက်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုတွင် ကျေးရွာလူထုနှင့်တိုင်ပင်ဆွေးနွေးမှုမရှိဟုဆိုကာ တယ်လီဖုန်းတာဝါတိုင်စိုက်ထူမည့်ကိစ္စ ဒေသခံလူထုက ဆန့်ကျင်ကန့်ကွက် လက်မှတ်ရေးထိုးပြီး ရပ်ရွာအကြီးအကဲထံတင်ပြခဲ့သည်။ နမ့်ခမ်းမြို့နယ် နမ့်တီးကျေးရွာနှင့် ငွန်အင်ကျေးရွာကြား တောကျောင်းလမ်းဘေး ယခင်ဘော်လုံးကွင်း နေရာတွင် ဖုန်းတာဝါတိုင်စိုက်ထူရန် မတ်လ ၂၉ ရက်နေ့ကစတင်ကာ မြေတူး အုတ်ခုံလောင်းနေသည့်အပေါ် ရွာသား များစုပေါင်း ကန့်ကွက်လက်မှတ်ရေးထိုးသည့်စာတစောင်အား မတ်လ...





