Wednesday, January 28, 2026

သီပေါ စစ်ရှောင်ရွာသားတဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာ့လုံရွာအနီးယနေ့ဖြစ်ပွါးသောတိုက်ပွဲကြောင့်  စစ်ဘေးရှောင်ရွာသားတဦး ကျည်စထိမှန်ဒဏ်ရာအပြင်းအထန်ရရှိသဖြင့်သီပေါဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုနေရကြောင်းသိရသည်။

Photo credit to Shar Htat Paing/ရွာအနီးတိုက်ပွဲကြောင့် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရသူ ဒေသခံရွာသားစိုင်းကမ်အား နယ်စည်းမခြားအဖွဲ့က ဆေးရုံသို့ကူညီပို့ဆောင်ပေးနေစဉ်

ဇန်နဝါရီလ ၂၂ ရင် ယနေ့မွန်းလွဲပိုင်းက နားမခေါ်အုပ်စု တာ့လုံရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ ရွာသားများနည်းတူ ရွာသားစိုင်ကမ် (အသက် ၂၂ နှစ်) စစ်ဘေးရှောင်နေစဉ် လမ်းတွင်လက်နက်ကြီးကျည်ကျသဖြင့် ကျည်စထိမှန်ကာဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်အမျိုးသား စိုင်းစိုင်း က- “ပစ်ခတ်သံစစကြားတုန်းက သူထွက်မပြေးရဲဘူး။ ပစ်ခတ်သံလည်း ဆက်တိုက်ဖြစ်လာရော သူမနေရဲတော့ဘဲအိမ်ကနေထွက်ပြေးတာ။ တာ့လုံရွာအရှေ့ဘက် (ရွာအထွက်လမ်း)မှာ ကျည်ကြီးက သူ့နားကျလာလို့ ကျည်စထိမှန်သွားတာ။ သူလည်းသူ့သူငယ်ချင်းဆီဖုန်းဆက်ပြီး လာကြိုဖို့ အကူအညီတောင်း ရတာ။ ဒီညဘက်မှာ သျှမ်းတပ် ၂ ဖွဲ့ဘဲလှုပ်ရှားပါတယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

စိုင်းကမ်မှာ အရိုးအထိပါ ထိမှန်ဒဏ်ရာရသဖြင့် နယ်စည်းမခြား အဖွဲ့မှ သီပေါဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းအား မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုတော့မသိရကြောင်း၊  တိုက်ပွဲမှာ မွန်းလွဲပိုင်းကတည်းက ညပိုင်းအထိ ဖြစ်ပွါးနေကြောင်း စစ်ဘေးရှောင်များအား ကူညီမှုပေးနေသည့် သီပေါဒေသခံ လူငယ်တဦးကပြောသည်။

ကျည်စထိမှန်သူနှင့်ဆွေမျိုးတော်စပ်သည့် တာ့လုံရွာသားတဦးကလည်း  – “ နမ့်လန်ဆေးရုံကိုအရင်ပို့တာ။ ဆရာဝန်က ဒါကျည်ကြီးစ ထိတာ။ အရိုးပါထိတယ်လို့ပြောတယ်။ နမ့်လန်မှာ အသုံးကိရိယာက အစုံအလင်မရှိတော့ သီပေါဆေးရုံကိုဆက်ပို့ဆောင်ရတာ ”– ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး SSPP/SSA ၏ပြန်ကြားရေးဌာန ဖေ့စ်ဘုဖြစ်သော SSPP Info တွင် – RCSS/SSA မှ ကျူးကျော်ဝင်ရောက်ပစ်ခတ်သည် – ဟုရေးသားထားပြီး RCSS/SSA ပိုင် Taifreedom သတင်းဝက်ပ်ဆိုက်တွင်မူ SSPP/SSA မှ ရွာတွင်းသို့ လက်နက်ကြီးကျည်ပစ်ခတ်သည်ဟု အသီးသီး ရေးသားဖော်ပြထားသည်။

လက်ရှိတွင် သီပေါမြို့တွင်း နေရပ်မှစွန့်ခွါကာစစ်ဘေးတိမ်းရှောင်နေသည့်ရွာသား ၁၁၅၀ ဦးရှိပါသည်။ ၎င်းတို့သည် နားမခေါ်ဘုန်းကြီးကျောင်း၊ တွန်ကာခန်းမ၊ နားကန်ဘုန်းကြီးကျောင်း၊ နောင်အန်ဘုန်းကြီးကျောင်းနှင့် လီဆူး ခရိယာန်ကျောင်းတို့တွင် ခိုလှုံနေကြရပါသည်။ နိုင်းလုံရွာ၊ တွန်ကျိုင်းရွာ၊ ဟိုနားရွာ၊ ဝမ့်ဟုန့်ရွာ၊ တာ့လုံရွာ၊ ကျိတ်ဖွန်ရွာ၊ ခိုင်းဟျိုးရွာ၊ လုံဝိုင်ရွာ၊ ဖတ်းနမ်ရွာ၊ ဆဲန်ပိုင်းရွာ၊ လွယ်မောက်နှင့်ဆိုင်းခေါင်ရွာတို့မှ ရွာသားများဖြစ် ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူမြို့နယ်အတွင်း ပစ်ခတ်မှုသံကြောင့် ဒေသခံများ ထိတ်လှန့်

0
အဘိဓမ္မာအခါတော်နေ့ ၊ သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် ၂ ရက်အလို နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ဘက်တွင် ပစ်ခတ်တိုက်ခိုက်သံများကြားရသဖြင့်ဒေသခံများ ထိတ်လှန့်မှုဖြစ်ရကြောင်းသိရသည်။ နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ဘက်တွင် အောက်တိုဘာလ ၂၂ ည နှင့် ၂၃ ရက်နေ့မနက်ပိုင်းတို့တွင် ပစ်ခတ်တိုက်ခိုက်မှုအသံများကြားရခြင်းဖြစ်ပြီးအဆိုပါဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၊ အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA...

ဒုဌဝတီမြစ်ပေါ် ရေအားလျှပ်စစ်စီမံကိန်းအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်နှင့်ပြည်သူလူထု စုပေါင်းတောင်းဆို

0
သျှမ်းပြည်မြောက်ပိုင်း ဒုဝတီမြစ် ခေါ် နမ္မတူမြစ်ပေါ်တည်ဆောက်မည့်ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်စီမံကိန်းများအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်များ နှင့်ဒေသခံပြည်သူများက စုပေါင်းတောင်းဆိုနေကြသည်။ သီပေါမြို့နယ်အတွင်းရှိ တာလုံရွာတွင်တည်ဆောက်မည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအား မကန့်ကွက်နိုင်ပါက ဒုဌဝတီမြစ် ပေါ်တွင် ဆက်တိုက်တည်ဆောက်သွားမည့်ဆည်များကိုဆန့်ကျင်နိုင်မည့်အလားအလာမရှိကြောင်း ကျားခေါင်းပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်သည်။ “တကယ်လို့ဒီဆည်ကြီးကိုအောင်မြင်စွာမကန့်ကွက်နိုင်ခဲ့ရင် ဆည်ဆောက်မယ့်ကုမ္မဏီက ဆက်ပြီးဆောက်သွား မယ်လေ။ ဒီတခုဆောက်ပြီးရင် ဒီဒုဌဝတီမြစ်ပေါ်မှာ ထပ်ဆောက်ဖို့ပြင်ထားတာက ၂...

မိုင်းရှူးမြို့နယ်အတွင်း SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် တက်တိုက်  

0
သျှမ်းပြည်တောင်ပိုင်း လွိုယ်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းတခုကို အင်အား ၁၀၀ ခန့်ရှိ အစိုးရတပ်မတော် စစ်ကြောင်းတခုက ယနေ့ မေ ၁၁ ရက် ၂၀၁၈ ခု နံနက်ပိုင်းက တက်တိုက်သဖြင့် ၂ ဖက်ကြား တိုက်ပွဲဖြစ်ပွားသည်ဟုသိရသည်။ အစိုးရတပ်မတော်...